လူတိုင်းအတွက် ရေရှည်တည်တံ့သော အလွတ်တမ်းလုပ်အားအခြေပြုစီးပွားရေး

ကျွန်ုပ်တို့၏ မိတ်ဖက်ယာဉ်မောင်းများနှင့် ဆိုင်လုပ်ငန်းရှင်များးအတွက် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စွမ်းဆောင်ရည်ကို ပံ့ပိုးပေးခြင်း။

hero

၂၀၂၃ တွင် ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ၏ သက်ရောက်မှု

>99%

>99% သော ကျွန်ုပ်တို့၏မိတ်ဖက်ယာဉ်မောင်းများသည် ခရီးစဉ်အတွင်း မိမိတို့၏ လုပ်ငန်းအသုံးစရိတ်များကို နုတ်ပြီးနောက် ဒေသခံများ သတ်မှတ်ထားသည့်အနည်းဆုံး လုပ်ခလစာရရှိကြပါသည်။

100%

100 % သော ကျွန်ုပ်တို့၏ မိတ်ဖက်ယာဉ်မောင်းများသည် ၎င်းတို့၏ ခရီးစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မတော်တဆမှုများမှ ကာကွယ်ပေးရန် အကျုံးဝင်သည့် မတော်တဆထိခိုက်မှုအာမခံ ရှိကြပါသည်။

ရေရှည်တည်တံ့သော အလွတ်တမ်းလုပ်အားအခြေပြုစီးပွားရေးအတွက် လမ်းညွှန်ချက်များ

ပြုပြင်ပြောင်းလဲလွယ်မှုကို ထိန်းသိမ်းပါ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့မိတ်ဖက်များ အနေနှင့် မည်သည့်အချိန်နှင့် အလုပ်မည်မျှလုပ်ဆောင်လိုသည် ဟူသည့်အချက်များအပေါ် စိတ်တိုင်းကျ ရွေးချယ်နိုင်မှုကို အလေးထားပါသည်။

ရေရှည်တည်တံ့သော ဝင်ငွေများ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့မိတ်ဖက်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဒေသတွင်းအခြေအနေများအပေါ် အခြေခံ၍ ဝင်ငွေအပြိုင်အဆိုင် ရရှိနိုင်သော စျေးကွက်တစ်ခုကို တည်ဆောက်ရန် ကတိပြုပါသည်။

အာမခံ အကာအကွယ်

ကျွန်ုပ်တို့သည် မိတ်ဖက်ယာဉ်မောင်းများအား ၎င်းတို့၏ ခရီးစဉ်အတွင်း အကာအကွယ်အတွက် အလုပ်နှင့်သက်ဆိုင်သော မတော်တဆထိခိုက်မှုအာမခံကို ပေးအပ်ထားပါသည်။

မျှတသော အလုပ်အခြေအနေများ

လမ်းများပေါ်တွင် ကျွန်ုပ်တို့ မိတ်ဖက်များ၏ ဘေးကင်းလုံခြုံမှုအတွက် နည်းပညာလုပ်ဆောင်ချက်များဖြင့် ပိုမိုအဆင့်မြှင့်ပံ့ပိုးထားသကဲ့သို့ မိတ်ဖက်များ၏ ဝင်ငွေပေးချေမှုများကိုလည်း အချိန်မီ ရရှိနိုင်ရန် အာမခံပါသည်။

စုဆောင်းမှုများ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မိတ်ဖက်များအား အမျိုးသားငွေစုအစီအစဉ်များနှင့်ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများတွင် ပါဝင်ရန် တိုက်တွန်းပါသည်။

ပရော်ဖက်ရှင်နယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကျောင်း ကူးပြောင်းမှု

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့မိတ်ဖက်များကိုအရည်အသွေးကျွမ်းကျင်မှုအခွင့်အလမ်းများနှင့် ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အားဖြည့်ကူညီပေးပါသည်။

ကျွန်ုပ်တို့၏ မိတ်ဖက်များအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းများ ဖန်တီးပေးခြင်း

card image

ကျွန်ုပ်တို့၏ မိတ်ဖက်များကို ပံ့ပိုးကူညီရန် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

အရှေ့တောင်အာရှတွင် အလွတ်တမ်း လုပ်အားအခြေပြုအလုပ်အကိုင်များအတွက် သတ်မှတ်ချက်များသည် လျင်မြန်စွာ ဖွံ့ဖြိုးလာပါသည်။ ၎င်းနှင့် ဆက်စပ်နေသူအားလုံးအတွက် Grab သည် ရေရှည် တည်တံ့ခိုင်မြဲသော အလွတ်တမ်း လုပ်အားအခြေပြု စီးပွား ဖြစ်ထွန်းလာစေရန် လိုအပ်သည်များကို မူဝါဒချမှတ်သူများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

card image

မိတ်ဖက်များ၏ဝင်ငွေများကို မြှင့်တင်ရန် ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေခြင်း

ကျွန်ုပ်တို့၏မိတ်ဖက်များသည် တစ်နေ့တာအတွင်း ကျွန်ုပ်တို့ပေးအပ်သော ဝန်ဆောင်မှုများအကြား စိတ်ကြိုက် ပြောင်းလဲရွေးချယ်နိုင်ပြီး ခရီးတစ်ခုတည်းတွင် အော်ဒါအများအပြားကို ရယူနိုင်ပါသည်။ ၎င်းသည် အချိန်နှင့် စရိတ်ကို သက်သာစေပြီး ၎င်းတို့၏ ၀င်ငွေကို တိုးမြှင့်စေနိုင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုပုံစံများကို အဆက်မပြတ် မြှင့်တင်နေပြီး စုပေါင်းအော်ဒါများပို့ဆောင်ခြင်းနှင့် အချိန်ကိုက် အော်ဒါချပေးခြင်း ကဲ့သို့သော ထိရောက်မှုနဲ့ စိတ်ချရမှုကို မြှင့်တင်ပေးသည့် အက်ပ်အတွင်း လုပ်ဆောင်ချက်များကို ဖန်တီးပေးပါသည်။

card image

ကျွန်ုပ်တို့၏မိတ်ဖက်များအတွက် ဝင်ငွေအခွင့်အလမ်းများကို တိုးမြှင့်ပေးနိုင်စေရန် စားသုံးသူများ တိုးလာစေရေး ဝန်ဆောင်မှုပေးခြင်း

Grab သည် ဒေသအတွင်း နေရာအနေအထားနှင့် လူဦးရေအလိုက် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို လူတိုင်း ပိုမိုတတ်နိုင်၊ သုံးစွဲနိုင်စေခြင်းဖြင့် ပိုများသောဝင်ငွေအခွင့်အလမ်းများကို ဖန်တီးပေးပါသည်။

မိတ်ဖက်များအကြောင်း ပိုမိုသိရှိရန်

နေ့စဉ် အလုပ်လုပ်ကိုင်သူများအတွက် တည်တံ့သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖန်တီးပေးရင်း ဝင်င‌ွေအခွင့်အလမ်းများ ရရှိစေရန် ကျွန်ုပ်တို့ ရည်မှန်းထားပါသည်။

article
GrabAccess
ကျွန်ုပ်တို့သည် ၂၀၁၈ ခုနှစ်မှ စတင်၍ မသန်စွမ်းသည့် မိတ်ဖက်များ (PWDs) အတွက် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးပြီး ပံ့ပိုးပေးခဲ့ပါသည်။
ပိုမိုသိရှိရန်
article
Grab Women အစီအစဉ်
Grab Women အစီအစဉ်အားဖြင့် အမျိုးသမီးမိတ်ဖက်ယာဉ်မောင်းများအနေနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းပေးရန် ရည်ရွယ်ထားသည်။
ပိုမိုသိရှိရန်
testimonial image
နည်းပညာလုပ်ဆောင်ချက်များသည် ယာဉ်မောင်းများ၏ လုပ်ဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးပါသည်

" အက်ပ်ထဲက အုပ်စုလိုက် စုပြီး မှာနိုင်တဲ့ Group Orders လုပ်ဆောင်ချက်ကို ကြိုက်တယ်။ ဒါက အော်ဒါတွေကို သွားလိုက် ပြန်လိုက် လုပ်နေရမယ့်အစား အော်ဒါတစ်ကြိမ်တည်းမှာပဲ အော်ဒါအများကြီးကို စုပြီး ပို့လို့ ရတယ်။ အဲဒီတော့ အချိန်ကုန်သက်သာပြီး ဝင်ငွေ ပိုရတယ်. အထူးသဖြင့် အော်ဒါတွေက တစ်ခုနဲ့ တစ်ခု သွားရတာ နီးတယ်ဆိုရင်ပေါ့။ နောက်ပြီး indoor GrabMap လုပ်ဆောင်ချက်ကိုလည်း သဘောကျတယ်။ တစ်ခါတလေ ရှော့ပင်းမောလ်တွေထဲက နေရာတွေက အတော်ရှုပ်တယ်။ ပြီးတော့ သူ့တို့မှာ သူတို့ ကိုယ်ပိုင် စည်းကမ်းသတ်မှတ်ချက်တွေ ရှိတတ်တယ်။ ဒါပေမယ့် ခုန လုပ်ဆောင်ချက်ကတော့ ကျွန်တော်တို့လို ပို့ဆောင်သူတွေအတွက် ဘယ်ဝင်ပေါက်က ဝင်ရမလဲ ဆိုတာမျိုး ပြပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ "

Zahidah Binte Mohammad Zahid

စင်ကာပူနိုင်ငံ

Grab မိတ်ဖက်ပို့ဆောင်သူ

ပိုမိုတောက်ပသောအနာဂတ်ကို ပုံဖော်ပေးသည့် Grab ၏ ESG ဆိုင်ရာ နောက်ဆုံးလုပ်ဆောင်ချက်များကို ကြည့်ရှုပါ။
ကျွန်ုပ်တို့၏ ပြည့်စုံသော ESG အစီရင်ခံစာကို သေချာကြည့်ရှုပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များအပေါ် ကျွန်ုပ်တို့ ထားရှိသည့် ကတိကဝတ်များကို လေ့လာလိုက်ပါ။
၂၀၂၃ ခုနှစ် ESG အစီရင်ခံစာကိုကြည့်ပါ