Grab ပလက်ဖောင်းတွင် ရရှိနိုင်သည့် ဝင်ငွေအခွင့်အလမ်းများ

၂၀၁၈ ခုနှစ်မှစတင်၍ ကျွန်ုပ်တို့သည် အရှေ့တောင်အာရှတွင်းရှိ မသန်စွမ်းသူ မိတ်ဖက်များနှင့် အထောက်အပံ့မရရှိသူများအတွက် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးပြီး ဝင်ငွေရရှိစေခဲ့ပါသည်။

hero

၂၀၂၃ တွင် ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ၏ သက်ရောက်မှု

>3.100

Grab တွင် ဝင်ငွေရရှိနေသော မသန်စွမ်းသူ မိတ်ဖက်များသည် ၎င်းတို့ အရေအတွက်ကို ၂၀၂၅ တွင် ၄၂၀၀ ကျော်အထိ ရှိလာရန် ဟူသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်စေရန် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနေပါသည်။

testimonial image
မျှော်လင့်ချက် ရှာဖွေခြင်း

“ကျွန်တော် စစ်တပ်မှာ အနှစ် ၂၀ တာဝန်ထမ်းဆောင်ခဲ့ပြီး ကောင်းမွန်စွာ အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ရှားပါးတဲ့ဆေးဘက်ဆိုင်ရာအခြေအနေတစ်ခုဖြစ်တဲ့ Von Hippel-Lindau (VHL) Syndrome ကျွန်တော့်မှာရှိတယ်လို့ သိပြီးတဲ့အချိန်မှာ ကျွန်တော့်ကမ္ဘာကြီး ပြိုပျက်သွားတယ်။ ကျွန်တော့်မှာ ဘယ်ဘက်အောက်ပိုင်း ခြေလက်အင်္ဂါကို ထိခိုက်နိုင်တဲ့ ဦးနှောက်နှင့်ကျောရိုးအကျိတ်တွေ ရှိနေခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ခွဲစိတ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ကြွက်သားတွေဟာ ထိန်းချုပ်နိုင်မှု အကန့်အသတ်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်ဟာ စစ်မှုထမ်းတာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘဲ အသက် ၄၀ အရွယ်မှာ အလုပ်မှ ထွက်ခဲ့ရပြီး အလုပ်သစ်ရှာခဲ့ရပါတယ်။
ကျွန်တော် ကားမောင်းနိုင်ဆဲဖြစ်တဲ့အတွက် Grab က ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အလမ်းတစ်ခုလို့ မြင်ခဲ့ပါတယ်၊ ဒါကြောင့် ကျွန်ုတော်က ကားမောင်းရန် သင့်တော်ကြောင်း ဆေးရုံထောက်ခံစာနဲ့အတူ မိတ်ဖက် ယာဉ်မောင်းတစ်ယောက်ဖြစ်ဖို့ လျှောက်ထားခဲ့ပါတယ်။ အခြားအလုပ်တွေ ရှာဖို့ အရမ်းခက်ခဲတဲ့ ကျွန်တော့်လို မသန်စွမ်းသူတွေကို Grab က ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ရုံသာမက မိသားစုရဲ့ ဝင်ငွေကိုလည်း ပံ့ပိုးပေးနိုင်တာကြောင့် ကျွန်တော့်မိသားစုက ကျွန်တော့်အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။”

Mohd Helmi bin A Rahman

မလေးရှားနိုင်ငံ

Grab မိတ်ဖက်ယာဉ်မောင်း

ပိုမိုတောက်ပသောအနာဂတ်ကို ပုံဖော်ပေးသည့် Grab ၏ ESG ဆိုင်ရာ နောက်ဆုံးလုပ်ဆောင်ချက်များကို ကြည့်ရှုပါ။
ကျွန်ုပ်တို့၏ ပြည့်စုံသော ESG အစီရင်ခံစာကို သေချာကြည့်ရှုပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များအပေါ် ကျွန်ုပ်တို့ ထားရှိသည့် ကတိကဝတ်များကို လေ့လာလိုက်ပါ။
၂၀၂၃ ခုနှစ် ESG အစီရင်ခံစာကိုကြည့်ပါ