
Grab Myanmar မှ မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်များပါဝင်သည့် Better 365 အစီအစဉ်ကို ထုတ်ပြန်ကြေညာ
အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က မိတ်ဖက်ယာဉ်မောင်းများ အဆင်ပြေကောင်းမွန်စွာ နေထိုင်နိုင်ရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်သွားမည်ဆိုသော ကတိကဝတ်အတိုင်း Better 365 အစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Better 365 အစီအစဉ်သည် နေ့စဉ် ခရီးသည်များအတွက် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာရှိသော အဆင့်မြင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည့် Grab မိတ်ဖက်ယာဉ်မောင်းများ၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြု ကျေးဇူးတံ့ုံပြန်သည့် အစီအစဉ် ဖြစ်သည်။