Grab for Business : Terms and Conditions

၁။ စီးပွားရေးလုပ်ငန်းအတွက် Grab

၁-၁၊     ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးခြင်း။

၁-၁-၁၊ “ဝန်ဆောင်မှုများ” သို့ ဝင်ရောက်ခြင်း¬_

အကယ်၍ လူကြီးမင်းသည် ကော်ပိုရိတ် “အသုံးပြုသူ” တစ်ဦး ဖြစ်ပါက၊ ဤအပိုင်းသည် လူကြီးမင်းနှင့် သက်ဆိုင် ပါသည်။ ထို့အပြင် “အက်ပလီကေးရှင်း” သို့မဟုတ် “ပလက်ဖောင်း” မှ တစ်ဆင့် လူကြီးမင်း သို့မဟုတ် လူကြီး မင်း၏ ခွင့်ပြုထားသည့် အသုံးပြုသူများ (“ခွင့်ပြုထားသည့် အသုံးပြုသူ”) ဝင်ရောက်သည့် “ဖြေရှင်း ချက်များ” နှင့် ဆက်စပ်၍ လူကြီးမင်းက “စီးပွားရေးလုပ်ငန်း ဝင်ပေါက် ဝက်ဆိုက်” အတွက် Grab ကို အသုံး ပြုနိုင်သည့် စည်းကမ်းချက်များကို သတ်မှတ်ထားပါသည်။ “အက်ပလီကေးရှင်း” သို့မဟုတ် “ပလက်ဖောင်း” ကို လူကြီးမင်း သို့မဟုတ် လူကြီးမင်း၏ အသုံးပြုခွင့် ပြုသူများ၏ အသုံးပြုခြင်းသည် ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်း ချက်များ”  ပါ အကျုံးဝင်သက်ဆိုင်သည့် စည်းကမ်းချက်များကို လိုက်နာရမည်။ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်း ချက်များ” နှင့် ဤအပိုင်းတို့သည် လူကြီးမင်းက https://www.business.grab.com  ပေါ်ရှိ အကောင့်စာရင်း လက်မှတ်ရေးထိုးသည့် စာမျက်နှာတွင် ရေးထိုး၍ ပြီးစီးသည်တွင် လူကြီးမင်းနှင့် အကျုံးဝင် သက်ဆိုင်သည်။ ထို့ပြင် လူကြီးမင်းနှင့် Grab တို့အကြား စည်းနှောင်မှုရှိ သည့် သဘောတူညီချက်တစ်ရပ် အဖြစ် ဖွဲ့စည်းပါဝင် သည်။ ဤအခန်းပါ စည်းကမ်းချက်များနှင့် ဤ “အသုံး ပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ”  အကြား ဆန့်ကျင်ကွဲ လွဲမှုရှိပါက၊ ဤအပိုင်းပါ စည်းကမ်းချက်များ အနေဖြင့် ယင်းဆီလျော်ညီညွတ်မှု မရှိခြင်းသည် “စီးပွားရေးလုပ် ငန်း” အတွက် Grab နှင့် ဆက်စပ်သည့် အတိုင်းအတာအထိ လွှမ်းမိုးရမည်။

၁-၁-၂၊ Grab က မှန်ကန်ကြောင်း ဝန်ခံ လက်မှတ်ရေးထိုး၍ လက်ခံပြီးနောက် Garb သည် ဖော်ပြပါတို့ အလို့ငှား “ဖြေရှင်းချက်များ” အတွက် “ခွင့်ပြုသည့် အသုံးပြူသူများ” က ကုန်ကျသည့် အဖိုးအခကို ပေးချေရန် လူကြီးမင်း ကြိုက်နှစ်သက်ရာ နည်းလမ်းနှင့်အညီ လူကြီးမင်း အတွက် “ကော်ပိုရိတ်အသုံးပြုသူအကောင့်စာရင်း” တစ်ရပ်ကို တည်ထောင်ပါမည်။ ယင်းတို့မှာ (၁) အောက်တွင် အဓိပ္ပါယ်သတ်မှတ်ထားသည့်  “ကော်ပိုရိတ်ကျသင့်ငွေ တောင်း ခံခြင်း”၊ (၂) “ငွေပြန်အမ်းခြင်း”၊ သို့မဟုတ် (၃) ကော်ပိုရိတ်မြီစားကဒ်ပြားဖြင့် ကျသင့်ငွေတောင်း ခံခြင်း တို့ ဖြစ်ကြသည်။ လူကြီးမင်း၏  “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း” ကို အသုံးပြုလျက်၊ လူကြီးမင်းသည် “ခွင့်ပြုသည့် အသုံးပြုသူများ” အား “စာရင်းရှင် အကောင့်စာရင်း” (အောက်တွင် အဓိပ္ပါယ်သတ်မှတ်ထားသည့် အတိုင်း) တစ်ရပ်ဖြင့်   “ကော်ပိုရိတ်ကျသင့်ငွေတောင်းခံခြင်း” (အောက်တွင် အဓိပ္ပါယ်သတ်မှတ်ထားသည့် အတိုင်း) အသုံးပြုလျက် “ဖြေရှင်းချက်” များအတွက် ပေးချေရမည်။ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ  “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” ကို အသုံးပြုသော “ခွင့်ပြုသည့် အသုံးပြုသူများ” သည် လူကြီးမင်း၏  “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” သို့ “အသုံးပြုသူ အဖိုးအခများ” ကို ကျခံရမည်ဖြစ်ပြီး၊ “ခွင့်ပြုသည့် အသုံးပြုသူ” ၏ ကိုယ်ပိုင်အကောင့်စာရင်း သို့မဟုတ် မြီရှင်အကောင့်စာရင်းမှ ကျခံမည် မဟုတ်ချေ။ လူကြီးမင်းက သဘောတူညီသည်မှာ “ကော်ပိုရိတ်ကျသင့်ငွေတောင်းခံခြင်း” အရ ကျခံရသည့် “အသုံးပြုသူ အဖိုးအခများ” အားလုံးနှင့် “ဖြေရှင်းချက်များ” ကို အသုံးပြုသည့်အတွက် “ခွင့်ပြုသည့် အသုံးပြုသူများ” က ကျခံရ သည့် ငွေရပ်များကို ဤတွင် ဖော်ပြထားသည့် စည်းကမ်းချက်များ နှင့်အညီ   ပေးချေရန်ဖြစ်သည်။ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ဆိုသည်မှာ “အသုံးပြုသူ အဖိုးအခများ” အတွက် လူကြီးမင်းအား Grab သို့မဟုတ် ယင်း၏ “အဖွဲ့ဝင်များ” က ဖြည့်ဆည်းပေးသည့် “ဝန်ဆောင်မှု” အတွက် စီးပွားရေးလုပ်ငန်း ကျသင့်ငွေတောင်း ခံခြင်း နှင့် ငွေပေးချေမှုလုပ်ငန်းစဉ်ကို ဆိုသည်။ ယင်းသို့ဆောင်ရွက်ရာတွင် လူကြီးမင်းသည် တစ်လ တစ်ကြိမ် အခြေခံ တစ်ရပ်ဖြင့် Grab က လူကြီးမင်းထံသို့ ပေးပို့သည့် လစဉ်ရှင်းတမ်းအရ GrabPay အသုံးပြုရန် စည်းကမ်း ချက်များနှင့်အညီ လူကြီးမင်း၏ သတ်မှတ်ထားသည့်  ငွေပေးချေမှုမှတစ်ဆင့် သဘောတူထား သည့်နေ့ရက်၌ ငွေပေးချေခြင်းဖြစ်သည်။

၁-၂၊      လိုအပ်သည့် စာရင်းရှင်အကောင့်စာရင်း

၁-၂-၁၊ လူကြီးမင်းက ဝန်ခံကတိပြုပြီး၊ သဘောတူညီသည်မှာ ဤ “သဘောတူညီချက်” နှင့်အညီ “ဝန်ဆောင်မှု” နှင့် ဆက်စပ်၍ စီးပွားရေး လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် “ခွင့်ပြုသည့် အသုံးပြုသူ” အား ခွင့်ပြုချက်မပေးမီ၊ ထို့ပြင် “ခွင့်ပြုသည့် အသုံးပြုသူ” သည် Grab အား ဝင်ရောက်ခြင်း မပြုမီ (“အဆိုပြုသည့် အသုံးပြုသူ”)၊ ယင်း“အဆိုပြုသည့် အသုံးပြုသူ” သည် (၁) ကိုက်ညီသော မိုဘိုင်းdeviceကိရိယာပေါ်တွင် “အက်ပ လီကေးရှင်း” အား အောက်သို့ ဆွဲချယူပြီး၊ တပ်ဆင်ရမည်။ (၂) “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း ရပ်စဲ ခြင်း” မတိုင်မီထိ ရှင်သန်သည့် ကိုယ်ပိုင် အသုံးပြုသူ အကောင့်စာရင်း (“ရှင်သန်သည့် အကောင့်စာရင်း”)ကို မှတ်ပုံတင်ပြီး ထိန်းသိမ်းထားရမည်။ “အဆိုပြုသည့် အသုံးပြုသူ” ၏ မှတ်ပုံတင်ခြင်း ကိုယ်ပိုင်အချက်အလက်တွင် ဝင်ရောက်စာရင်းသွင်းရမည် ဖြစ်ပြီး၊ ကိုယ်ပိုင်မြီရှင်ကဒ်ပြားအမှတ် သို့မဟုတ် Grab က ခွင့်ပြုသည့် အခြားငွေပေးချေမှု နည်းလမ်းတို့ လိုအပ်မည် ဖြစ်သည်။ “အဆိုပြုသည့် အသုံးပြုသူ” သည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အတွင်း ဖြည့်ဆည်းပေးထားသည့် မိုဘိုင်းနံပါတ်ကိုလည်း အတည်ပြုရမည်။ “ရှင်သန်သည့် အကောင့်စာရင်း” တစ်ရပ်ကို တည်ထောင်ရန် ကိုယ်ပိုင်အချက်အလက်နှင့် မြီရှင်ကဒ်ပြား သို့မဟုတ် ခွင့်ပြု သည့် ငွေပေးချေမှု နည်းလမ်းသတင်းအချက်အလက်အား “အနှောက်အယှက်မှ ကင်းလွတ်မှု ပေါ်လစီ” တွင် ဖော်ပြ ထားရမည်။

၁-၂-၂၊   လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ တစ်စုံတစ်ရာသော “အဆိုပြုသည့်” သို့မဟုတ် “ခွင့်ပြုထားသည့် အသုံးပြုသူများ” အား အသုံးပြုသည့် စည်းကမ်းချက်များကို  နောင်တွင်  ဖောက်ဖျက်သည့် သို့မဟုတ် ယခင် ဖောက်ဖျက်သည့် အကြောင်းကြောင့် “ဝန်ဆောင်မှု” အား အသုံးပြုခြင်းမှ ဆိုင်းငံ့နိုင်သည် သို့မဟုတ် တားမြစ် နိုင်သည်။ ထို့ပြင် Grab သည် ယင်းသို့ ဖောက်ဖျက်ခြင်းများကြောင့် “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံ ခြင်း” ကိစ္စရပ်များအတွက် “ရှင်သန်သည့် အကောင့်စာရင်း” တစ်ရပ်မရရှိနိုင်သည့် သို့မဟုတ် ထိန်းသိမ်းရန် မဖြစ်နိုင်သည့် “အဆိုပြုသည့်” သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူ” နှင့် ဆက်စပ်သည့် ဆောင်ရွက်ရန် တာဝန် ဖြစ်စေ၊ ပေးရန်တာဝန်ဖြစ်စေ ရှိမည် မဟုတ်။

၁-၃။ အသုံးပြုသူ အကောင့်စာရင်းချိတ်ဆက်မှု

၁-၃-၁၊ Grab က “ရှင်သန်သည့် အကောင်စာရင်း” တစ်ရပ် နှင့်အတူ “အဆိုပြုသည့် အသုံးပြုမှု” တစ်ဦးအတွက် “စီးပွားရေးလုပ်ငန်း” ပုံသဏ္ဍန်များ အလို့ငှာ ဆောင်ရွက်နိုင်စေရန်၊ လူကြီးမင်းသည် Grab အား ဖော်ပြပါတို့ကို ဖြည့်ဆည်းပေးရမည်။ (၁) ယင်း “ရှင်သန်သည့်အကောင့်စာရင်း” ပိုင်ဆိုင်သူ၏အမည် အပြည့်အစုံ “ကော်ပိုရိတ် အသုံးပြုသူ” ၏ “ထိပ်တန်းအဆင့် ဒိုမိန်း” ပေါ်တွင် “ရှင်သန်သည့် အကောင့်စာရင်း” လက်ရှိဖြစ်သူ၏ ကုမ္ပဏီ အီးမေးလ် လိပ်စာ (ဥပမာ။ ။ name@companydomain.com) နှင့် (၃) Grab က ကျိုးကြောင်းဆီလျော်စွာ မေတ္တာရပ်ခံသည့်အတိုင်း “ရှင်သန်သည့် အကောင့်စာရင်း” လက်ရှိဖြစ်သူ၏ အခြားသော မည်သူ မည်ဝါ ဖြစ်ကြောင်း အထောက်အထား၊ သတင်းအချက်အလက် (“ချိတ်ဆက်မှု သတင်းအချက်အလက်”)၊ Grab သည် မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထားပေးထားသော “ရှင်သန်သည့် အကောင့်စာရင်း” ကိုင်ဆောင်သူအား မှန်ကန်ကြောင်း နှင့် “ခွင့်ပြုသည့် အသုံးပြုသူ” တစ်ဦးအဖြစ် “ရှင်သန်သည့် အကောင့်စာရင်း” လက်ရှိဖြစ်သူကို တည်ထောင်ရန် “စီးပွားရေးလုပ်ငန်း” အကောင့်စာရင်းအတွက် ယင်း “ရှင်သန်သည့် အကောင့်စာရင်း” အား Grab နှင့် ချိတ်ဆက်ပေးရန်နှင့် ဤ သဘောတူညီချက်၏ သက်တမ်းအတွင်း အခါအားလျော်စွာ ယင်း “ခွင့်ပြုသည့် အသုံးပြုသူ” ၏ အဆင့်အတန်းအား မှန်ကန်မှု ရှိ/မရှိ စစ်ဆေးရန် ကိစ္စရပ်တို့အတွက် ဖြည့်ဆည်းပေးထားသည့် “ချိတ်ဆက်သည့် အချက်အလက်” ကို အသုံးပြုပါမည်။ “စီးပွားရေးလုပ်ငန်း” ပုံသဏ္ဍန်များ အတွက် Grab က ဆောင်ရွက်နိုင်စေရန် ဖိတ်ခေါ်ထားသည့် “အဆိုပြုသည့် အသုံးပြုသူများ” အားလုံးသည် “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” နှင့် ယင်းတို့ တစ်ဦးချင်းစီ၏ “ရှင်သန်သည့် အကောင့်စာရင်း” ချိတ်ဆက်ရန်အတွက် ညွှန်ကြားချက်များ ပါရှိသည့် “ချိတ်ဆက်မှု အချက်အလက်” ရှိ အီးမေးလ်လိပ်စာတွင် အီးမေးလ်တစ် ဆောင်ရရှိ ပါမည်။ “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” ကို “ရှင်သန်သည့် အကောင့်စာရင်း” နှင့် ချိတ်ဆက်သည်တွင်၊ ထို့ပြင် “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” သည် အကျုံးဝင် သက်ဆိုင်ပါက၊ ယင်း “အဆိုပြုသည့် အသုံးပြု သူများ” သည် “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ရွေးချယ်မှု မှတစ်ဆင့် “အသုံးပြုသူ အဖိုးအခ” သည် လူကြီးမင်း၏ “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း” တွင် အကျုံးဝင်စေရန် “စီးနင်းလိုက်ပါသူက စီးနင်း လိုက်ပါရန်ကို  ရွေးချယ်ရန် အခြေခံ” ဖြင့် ရွေးချယ်မှုကို ပြုလုပ်ရမည်။

၁-၃-၂၊ လူကြီးမင်းက ဝန်ခံကတိပြုသည်မှာ အထက်တွင် ဖော်ပြထားသည့် မှန်ကန်မှု ရှိ-မရှိ စစ်ဆေးခြင်းနှင့် ချိတ်ဆက်မှုတို့သည် Grab က “ချိတ်ဆက်သည့် အချက်အလက်” ကို အသုံးပြုပြီး၊ ယင်း “အဆိုပြုသည့် အသုံးပြုသူ” တစ်ဦးချင်းစီနှင့် ဆက်သွယ်ရန် လိုအပ်ပါမည်။ ထို့ပြင် “ချိတ်ဆက်ရန် အချက်အလက်” ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းက အတည်ပြုသည်မှာ လူကြီးမင်း အနေဖြင့် အကျုံးဝင်သက်ဆိုင်သည့် “ရှင်သန်သည့် အကောင့်စာရင်း” တွင် “စီးပွားရေးလုပ်ငန်း” အကောင့်စာရင်းအတွက် Grab က အကောင် အထည်ဖော်ရန် ကိစ္စရပ်အတွက် ယင်း “အဆိုပြုသည့် အသုံးပြုသူ” ကို ဆက်သွယ်ရန် Grab အတွက် “အဆိုပြု သည့် အသုံးပြုသူ” တစ်ဦးချင်းစီထံမှ လိုအပ်သည့် သဘောတူ ခွင့်ပြုချက်များ အားလုံးကို ရရှိပြီး ဖြစ်သည်ဟု ဆိုလိုပါသည်။ လူကြီးမင်းက  သေချာစေရန်မှာ Grab သို့ ဖြည့်ဆည်းပေးသည့် “ချိတ်ဆက်သည့် အချက်အလက်” သည် တိကျပြီး ပြည့်စုံရပါမည်။ ထို့ပြင် Grab က လူကြီးမင်းက ဖြည့်ဆည်းပေးသည့် တိကျမှုမရှိသော သို့မဟုတ် ပြည့်စုံမှု မရှိသော “ချိတ်ဆက်သည့် အချက်အလက်” နှင့် စပ်လျဉ်း၍ လူကြီးမင်း “ခွင့်ပြုသည့် အသုံးပြုသူ” တစ်ဦးဦး၊ သို့မဟုတ် “အဆိုပြုသည့် အသုံးပြုသူ” တစ်ဦးဦး သို့မဟုတ် အခြားမည်သူ့ကို မဆို တာဝန်မယူပါ။

၁-၃-၃၊  လူကြီးမင်းက သဘောတူညီသည်မှာ (၁) Grab သည် လူကြီးမင်း၏ အကောင့်စာရင်းသို့ စီးနင်းလိုက်နာ မှုများအတွက် အသေးစိတ်ခရီးစဉ်/ကြိုတင်နေရာ/လက်မှတ်စာရင်းပေးသွင်း သည့် သတင်းအချက်အလက် သို့မဟုတ် စရိတ်စခ တောင်းခံသည့် အခြားသော ကြိုတင်နေရာ/လက်မှတ်စာရင်းပေးသွင်းခြင်း ဖြစ်သည့် “စီးပွား ရေးလုပ်ငန်း” အတွက် Grab အတွက် လူကြီးမင်း၏ “ကော်ပိုရိတ်အသုံးပြုသူ အကောင့်စာရင်း” နှင့် “အဆိုပြု သည့် အသုံးပြုသူ” ၏ ကိုယ်ပိုင် “ရှင်သန်သည့် အကောင့်စာရင်း” ကို ချိတ်ဆက်ခြင်းဖြင့် “အဆိုပြုသည့် အသုံးပြု သူ” တစ်ဦးချင်းစီကို အကြောင်းကြားရန်နှင့် (၂) လူကြီးမင်းနှင့် အသေးစိတ်ခရီး စဉ်/ကြိုတင်နေရာ /လက်မှတ် စာရင်းပေးသွင်း သည့် သတင်းအချက်အ လက်ကို မျှဝေရန် အလို့ငှာ Grab အတွက် “ခွင့်ပြုသည့်အသုံး ပြုသူ” တစ်ဦးချင်းစီထံမှ လိုအပ်သည့်သဘောတူ ခွင့်ပြုချက် တစ်ရပ်ရပ်ရရှိရန်။

၁-၃-၄၊ “ခွင့်ပြုသည့် အသုံးပြုသူ” ၏ ကိုယ်ပိုင်အကောင့်စာရင်းကို လူကြီးမင်း၏ အကောင့်စာရင်းမှ ချိတ်ဆက် ထားခြင်းကို ဖြတ်တောက်နိုင်ပြီး၊ “ကော်ပိုရိတ်ရှင်း ကျသင့်ငွေတောင်းခံခြင်း” ၊ “အင်တာနက်ဝင်ပေါက်” မှ တစ်ဆင့် “ခွင့်ပြုသည့် အသုံးပြုသူ” ကို ချိတ်ဆက်ခြင်းအား  ဖြတ်တောက်ခြင်းဖြင့် လူကြီးမင်းက မည်သည့် အချိန်တွင်မဆို ဖြတ်တောက်နိုင်သည်။

၁-၄။ အသုံးပြုသူ အကောင့်စာရင်း လုပ်ဆောင်ချက်အတွက် တာဝန်

လူကြီးမင်းက သဘောတူညီသည်မှာ (က) “အသုံးပြုသူ စရိတ်စခ” ကို “ခွင့်ပြုသည့် အသုံးပြုသူ” နှင့် လူကြီးမင်းတို့ အကြား ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ယခင်နှင့်ယခု “ခွင့်ပြုသည့် အသုံးပြုသူ” စာရင်းတွင် ပါရှိသော “ခွင့်ပြုသည့် အသုံးပြုသူများ” က ကျခံသုံးစွဲသည့် “အသုံးပြုသူ စရိတ်စခများ” အတွက် လူကြီးမင်းက တာဝန်ခံရမည်နှင့် (ခ) “အသုံးပြုသူ စရိတ်စခများ” သည် “အသုံးပြုသူ၏ စည်းကမ်းချက်များ” တွင် နောက်ထပ် ဖော်ပြထားသည့်အတိုင်း ရုတ်ချဉ်းတိုးမြင့်သွားသည့် ကာလများအတွင်း အခါအားလျော်စွာ တိုးမြင့်မှုများနှင့် အခြားငွေရပ်ပမာဏများ အပါအဝင် သို့သော် ယင်းတို့ကိုသာ လျှင် ကန့်သတ်ထားသည် မဟုတ်ဘဲ မည်သည့် အချိန်တွင်မဆို  ဈေးနှုန်းပြောင်းလဲခြင်းကို လိုက်နာရမည်။ ဆက်လက်၍ လူကြီးမင်းက သဘောတူညီသည်မှာ “အင်တာနက်ဝင်ပေါက်” မှတစ်ဆင့် လူကြီးမင်းက ပြည့်စုံမှု မရှိသည့် သို့မဟုတ် တိကျမှုမရှိသည့် “ခွင့်ပြုသည့် အသုံးပြုသူ” အား ဖယ်ရှားမှု သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးသည့် အတိုင်းအတာထိ လူကြီးမင်းက ယင်း “ခွင့်ပြုသည့် အသုံးပြုသူ” အား “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ကို ရွေးချယ်မှုမှ ဖယ်ရှားရန် အားထုတ်ပြီးနောက်၊ “ခွင့်ပြုသည့် အသုံးပြုသူ” က ကျခံသုံးစွဲသည့် “အသုံးပြုသူ စရိတ်စခများ” အတွက် Grab တွင် တာဝန် မရှိစေရ။  နောက်ဆုံးအနေဖြင့် လူကြီးမင်းနှင့် Grab တို့ အကြားတွင် “ဝန်ဆောင်မှု” အတွက် “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” ၏ “ခွင့်ပြုသည့် အသုံးပြုသူ”၏ အသုံးပြုခြင်းဆိုင်ရာ အစိတ်အပိုင်း တစ်ရပ်တွင် လိမ်လည် လှည့်ဖြားသော သို့မဟုတ် အခြား တားမြစ်ထားသော လုပ်ဆောင်ချက် ကြောင့် ပေါ်ပေါက်လာသည့် “အသုံးပြုသူ စရိတ်စခများ” အတွက် လူကြီးမင်းတွင် တာဝန်ရှိရမည်။ လူကြီးမင်းသည် လူကြီးမင်း၏ အကောင့်စာရင်းတွင် ပေါ်ပေါက်နေသည့် လိမ်လည်လှည့်ဖြားသော သို့မဟုတ် တားမြစ်ထားသော လုပ်ဆောင်ချက် တစ်ရပ်ရပ်ကို တွေ့ရှိသည့် ချက်ချင်း Grab ထံ ချက်ချင်း အကြောင်းကြားရမည်။

၁-၅။ ကန့်သတ်ချက်များ

လူကြီးမင်းက သဘောတူညီသည်မှာ၊ ထို့ပြင် “ခွင့်ပြုသည့် အသုံးပြုသူ” အား “ဝန်ဆောင်မှု” နှင့် “အက်ပလီ ကေးရှင်း” ကို အသုံးပြုစေသည်မှာ ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” တွင် ပြဌာန်းထားသည့် အတိုင်းသာလျှင် ဖြစ်သည်။ Grab သည် ဤ “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” ကို ဖောက်ဖျက် ခြင်းများ အတွက် လူကြီးမင်း နှင့်/သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူများ” တစ်ဦးဦးသို့ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံ ခြင်း” တွင် ပါဝင်ခြင်းအား ဆိုင်းငံ့ပိုင်ခွင့် ရှိသည်။ အကယ်၍ “ခွင့်ပြုသည့် အသုံးပြုသူ” ၏ “ရှင်သန်သည့် အကောင့်စာရင်း” တစ်ရပ်အား ဤ “အသုံးပြုသည့် စည်းကမ်းချက်များ” နှင့်အညီ ဆိုင်းငံ့လိုက် လျှင် ဖြစ်စေ၊ ရပ်စဲလိုက်လျှင်ဖြစ်စေ၊ ယင်း ”ခွင့်ပြုသည့် အသုံးပြုသူ” ၏ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” သို့ ဝင်ရောက်မှုကိုလည်း ဆိုင်းငံ့နိုင်သည်။ “ကော်ပိုရိတ် အသုံးပြုသူ” သည် ဖော်ပြပါတို့ကို မပြုလုပ်ရ။ သို့သော် အခြားသူများအားလည်း ယင်းသို့ ခွင့်မပြုရ။ (က) အကျုံးဝင် သက်ဆိုင်သည့် ဥပဒေက ခွင့်ပြုသည့် အတိုင်းအ တာထိ မှအပ “ဝန်ဆောင်မှု” သို့မဟုတ် “အက်ပလီကေးရှင်း” ၏ အရင်းအမြစ် အမိန့်စာများစာရင်း သို့မဟုတ် ဖုံးကွယ်ထားသော နည်းပညာများ သို့မဟုတ် “အယ်လ်ဂိုရိုသမ်” များ၏ ကွန်ပြူတာပရိုဂရမ်များကို ပယ်ဖျက်ရန်၊ ဖျက်သိမ်းရန်၊ အခြားသူ၏ ကုန်စည်ဖွဲ့စည်းမှု ကို စစ်ဆေးရန် သို့မဟုတ် အခြားနည်းအားထုတ်ရန်၊ (၁) အဖွဲ့ဝင်မ ဟုတ်သည့် အခြားသူအား “ဝန်ဆောင်မှု” သို့မဟုတ်  “အက်ပလီကေးရှင်း”  ကို တစ်ဆင့်လိုင်စင် ပေးခြင်း၊ အငှား ချထား ခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေးခြင်း၊ အခြားနည်းလွှဲပြောင်းပေးခြင်း သို့မဟုတ် ဖြည့်ဆည်း ပေးခြင်း မပြုရ၊ (ဂ) “ဝန်ဆောင်မှု” ကို အသုံးပြုခြင်းတစ်ရပ်ရပ်အား “အက်ပလီ ကေးရှင်း” မှတစ်ဆင့် တွက်ချက်ပြီး “အသုံးပြုသူ၏ စရိတ်စခများ” ကို အပိုစရိတ်တောင်းခံခြင်း၊ တိုးမြှင့်ခြင်း သို့မဟုတ် အခြားနည်း ပြောင်းလဲခြင်းမပြုရ၊ သို့မဟုတ် (ဃ) “ဝန်ဆောင်မှု” အား အသုံးပြုခြင်းနှင့် ဆက်စပ်သည့် “ခွင့်ပြုသည့် အသုံးပြု သူ” တစ်ဦးဦးအပေါ်တွင်  နောက်တိုး အခကြေးငွေများ သို့မဟုတ် စရိတ်စခများကို စည်းကြပ်ခြင်းမပြုရ၊ Grab သည် ဤ “အသုံးပြု ခြင်းဆိုင်ရာ စည်းကမ်းချက်များ” အရ လူကြီးမင်း သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူများ” သို့ အတိအလင်း ခွင့်ပြုထားခြင်းမရှိသည့် အခွင့်အရေးများကို ရပိုင်ခွင့်ရှိသည်။

၁-၆      စာရင်းအင်းကို စီမံခန့်ခွဲခြင်း

၁-၆-၁   စီးပွားရေးလုပ်ငန်း “အင်တာနက်ဝင်ပေါက်” အတွက် Grab

လူကြီးမင်းအား “အင်တာနက်ဝင်ပေါက်ကို ဖြည့်ဆည်းပေးထားပါမည်။ Grab ၏ လူကြီးမင်းနှင့်    အဓိကဆက်သွယ်ရေးမှာ ဤ “သဘောတူညီချက်” နှင့် ဆက်စပ်သည့် အကောင့်စာရင်းဖန်တီးမှုပုံစံပေါ်တွင် သတ်မှတ်ထားသည့် လူကြီးမင်းခန့်ထားသော စီမံခန့်ခွဲသူနည်းလမ်းဖြင့် ဆောင်ရွက်ရပါမည် ( “ကုမ္ပဏီစီမံ”)၊ “အင်တာနက်ဝင်ပေါက်” သည် လူကြီးမင်းအား ဖိတ်ခေါ် ထားသည့် “အဆိုပြုထားသော အသုံးပြုသူများ” အားလုံး၏ လက်ရှိစာရင်းနှင့် ချိတ်ဆက်ထား သော “ခွင့်ပြုသည့် အသုံးပြုသူများ” ကို ကြည့်ရှုရန်၊ (ခ) နောက်တိုး  “အဆိုပြုသည့် အသုံးပြု သူများ” ကို ဖိတ်ခေါ်ရန် နောက်တိုး “ချိတ်ဆက်သည့် အချက်အလက်” ကို ဖြည့်ဆည်းပေးရန်၊ (ဂ)  “ခွင့်ပြုသည့် အသုံးပြုသူ” ၏ “ကော်ပိုရိတ် ကျသင့်ငွေတောင်းခံခြင်း” သို့ ဝင်ရောက်မှုကို ပယ်ဖျက်ရန်၊ (ဃ) အခါအားလျော်စွာ Grab က ဆုံးဖြတ်သည့်အတိုင်း သက်ဆိုင်ရာ ခရီးစဉ်/ ကြိုတင်နေရာ/ သတ်မှတ်စာရင်းပေးသွင်းခြင်းကို ကြည့်ရှုရန် ( “အင်တာနက်ဝင်ပေါက် အချက် အလက်”) နှင့်  “အင်တာနက်ဝင် ပေါက်အချက်အလက်ကို” အသုံးပြုလျက် လုပ်ငန်းဆောင် ရွက်မှု အစီရင်ခံစာများကို ပြုစုရန်နှင့် သုံးသပ်ရန်၊(င) “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” နည်းလမ်းများကို အသုံးပြုခြင်းမှ လက်ရှိ  “ခွင့်ပြုသည့် အသုံးပြုသူများ” အားလုံးကို အသုံးပြု၍ မရစေရန်၊ (စ) ဖိုင်တွဲပေါ်ရှိ “ခွင့်ပြုသည့် အသုံးပြုသူများ” ကို စီမံခန့်ခွဲရန်နှင့် မျက်မှောက် ကာလနှင့် ကိုက်ညီစေရန်၊ (ဆ) လက်ရှိ ကုမ္ပဏီ စီမံခန့်ခွဲသူကို ကြည့်ရှုရန်၊ အသစ်ခန့်ရန် နှင့် ဖယ်ရှားရန်၊ လူကြီးမင်းက သဘောတူသည်မှာ စီးပွားရေးလုပ်ငန်း အသုံးစရိတ်ကို အဆင့်ဆင့် စစ်ဆေးခြင်း၊ ငွေစာရင်း လုပ်ငန်းနှင့် ဘတ်ဂျက် ကိစ္စရပ်ရပ်များအပါအဝင် သို့သော် ယင်းတို့ကို  သာလျင် ကန့်သတ်ထား သည်မဟုတ်ဘဲ၊ တရားဝင် စီးပွားရေးလုပ်ငန်းကိစ္စရပ်များ အတွက် သာလျင် “အင်တာနက် ဝင်ပေါက် အချက်အလက်” ကို အသုံး ပြုရန် ဖြစ်ပါသည်။ Grab သည် လူကြီးမင်းအား အကြောင်းမကြားဘဲ မည်သည့်အချိန်တွင်မဆို  “စီးပွားရေး လုပ်ငန်း အင်တာနက်ဝင်ပေါက်” အတွက် Grab ၏ အသွင်လက္ခဏာများနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု ကို ထပ်မံပေါင်းထည့်ရန်၊ ဖယ်ရှားရန် နှင့် မျက်မှောက်ကာလနှင့် ကိုက်ညီစေရန် ဆောင်ရွက် ခွင့်ရှိသည်။

၁-၆-၂   စီမံခန့်ခွဲမှု

လူကြီးမင်းသည် လူကြီးမင်း၏ ဆင်ခြင်တုံတရားဖြင့် နောက်တိုး “ကုမ္ပဏီစီမံခန့်ခွဲသူများ” ကို ခန့်အပ်နိုင်ပြီး၊ Grab သည် လူကြီးမင်းအား လိုအပ်သည့် “အင်တာနက်ဝင်ပေါက်” အတွက် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုသည့် အချက်အလက်များကို ဖြည့်ဆည်းပေးပါမည်။ လူကြီးမင်းက ဖေါ်ပြပါတို့ကို သဘောတူညီပါက (က)  “အင်တာနက် ဝင်ပေါက်” မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုသည့် အချက်အလက်များအားလုံးကို လျှို့ဝှက်ထားရှိရန်၊ (ခ)  “အင်တာနက်ဝင်ပေါက်” သို့ ဝင်ရောက်ရန် ဦးဆောင်  “ကုမ္ပဏီစီမံခန့်ခွဲမှု” နှင့် လူကြီးမင်း၏ အခြားခွင့်ပြုသည့် ကုမ္ပဏီစီမံခန့်ခွဲနှင့် အခြားခွင့်ပြုသည့် စီမခံခန့်ခွဲသူများ၏ သတင်းအချက် အလက်များအားလုံးကို လက်ရှိကာလနှင့် ကိုက်ညီစေရန်။ လူကြီးမင်းသည် ယင်း “အင်တာ နက်ဝင်ပေါက်အချက်အလက်” သို့ ဝင်ရောက်ရန် တရားဝင်စီးပွားရေးလုပ်ငန်း လိုအပ်ချက် ရှိသော ပုဂ္ဂိုလ်များကိုသာလျင်  “အင်တာနက်ဝင်ပေါက်အချက်အလက်” သို့ ဝင်ရောက်စေရန် ကန့်သတ်ထားရမည်။ လူကြီးမင်းသည် “အင်တာနက်ဝင်ပေါက်မှတစ်ဆင့်”  “ကော်ပိုရိတ် ကျသင့်ငွေတောင်းခံခြင်း” နည်းလမ်းများသို့ ဝင်ရောက်ခွင့်ရှိသည့် လက်ရှိ “ခွင့်ပြုသည့် အသုံး ပြုသူများ” ၏ တိကျသည့် စာရင်းတစ်ရပ်ကို သိမ်းဆည်းပြီး၊ ထိန်းသိမ်းထားရှိခြင်း အပါအဝင် လူကြီးမင်း၏ “အင်တာနက်ဝင်ပေါက်” မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်များအရ ပေါ်ပေါက်လာသည့် လုပ်ဆောင်ချက်များအားလုံးအတွက် တာဝန်ရှိရမည်။ Grab သည်  “အက်ပလီကေးရှင်း” နှင့်  “ဝန်ဆောင်မှု” အားထိန်းသိမ်းပြီး၊ ထောက်ကူရန်  “အင်တာနက် ဝင်ပေါက်” မှ တစ်ဆင့် အခါအားလျော်စွာ “ခွင့်ပြုသည့် အသုံးပြုသူများ” ၏  လက်ရှိစာရင်းအား   ပြန်လည်သုံးသပ်ပြီး  “အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ” နှင့် ကိုက်ညီစေရန်  ဆောင်ရွက်နိုင်သည်။

၁-၇      အဖိုးအခများနှင့် ပေးချေမှုများ

၁-၇-၁   အဖိုးအခများ

“ကော်ပိုရိတ် ကျသင့်ငွေတောင်းခံခြင်း” အပါအဝင် Grab က ဖြည့် ဆည်းပေးသည့် “ဖြေရှင်း ချက်” နှင့် “ပလက် ဖေါင်း” တို့၏ ဖြည့်ဆည်းမှုကို အထောက်အထားပြု၍၊  Grab သည် အခါအားလျော်စွာ Grab က ဆုံးဖြတ်သည့်အတိုင်း စာဖြင့် (အီလက်ထရွန်နစ်မေးလ် အပါအဝင်)သင်သဘောတူထားသည့်အတိုင်း  GFBပေါ်တယ်လ်၏ ထပ်ဆောင်းဝန် ဆောင်မှုများအတွက်အခကြေးငွေများအပါအဝင်ဝန်ဆောင်မှု သို့မဟုတ်  ပေါ်တယ်လ် အခကြေးငွေ (“အဖိုးအခများ”) ကို တောင်းခံနိုင် သည်။ လူကြီးမင်းသည် အောက်တွင်သတ်မှတ်ထားသည့်  စည်းကမ်းချက်များအရ  “အသုံးပြုသူ အဖိုးအခများ” နှင့် “အခကြေးငွေများ” အား လုံးကို Grab သို့ ပေးချေရမည်။

၁-၇-၂   ပေးချေရန် စည်းကမ်းချက်များ

Grab သည် ယင်း၏ တစ်ဦးတည်းဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်သည့် စည်းကမ်းချက်များအရ လူကြီးမင်းသည် ပြီးခဲ့သည့်ကာလအတွင်း “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” ကို အသုံးပြု လျက် “ခွင့်ပြုသည့် အသုံးပြုသူ များ” က သုံးစွဲသည့် (“လစဉ်ကျသင့်ငွေ တောင်းခံခြင်း”) အတွက် လစဉ်အစီရင်ခံစာများ (တစ်ခုစီ လျှင်၊ “လစဉ်အစီရင်ခံစာ”တစ်စောင်) သို့ ဝင်ရောက် ခွင့်ရမည်။ အကယ်၍ လူကြီးမင်းသည် “အင်တာနက် ဝင်ပေါက်” မှတစ်ဆင့်  “လစဉ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်ရန်အတွက် အရည်အချင်းပြည့်ဝပြီး၊ ရွေးချယ်ခံရပါက၊ “အသုံးပြုသူ စရိတ်စခများ” နှင့်  “အခကြေးငွေ” တို့ကို  “လစဉ်အစီရင်ခံစာ” တွင် သတ်မှတ်ထားသည့် အတိုင်း လစဉ် လူကြီးမင်းထံသို့ ကျသင့်ငွေကို တောင်းခံမည်ဖြစ်သည်။ ထို့ပြင် ယင်း “လစဉ် အစီရင်ခံစာ” ကို ယင်းလစဉ် အစီရင်ခံစာအား ရရှိသည့်နေ့မှ ရက်ပေါင်း သုံးဆယ် (၃၀) အတွင်း လူကြီးမင်းက အပြည့်အ၀ ပေးသွင်းရမည်။ အကယ်၍ လူကြီးမင်းသည်  “ကော်ပိုရိတ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်သက်ဆိုင်ခြင်း မရှိဘဲ၊ ယင်းအစား လူကြီးမင်းသည် ငွေပေးချေမှုတွင် ငွေသားထုတ်ပေးခြင်း သို့မဟုတ် ကော်ပိုရိတ်မြီရှင်ကဒ်ပြားစနစ်ကို ရွေးချယ် ပါက၊ Grab သည် “ခွင့်ပြုသည့် အသုံးပြုသူ” က ရွေးချယ်သော ငွေပေးချေမှုနည်းလမ်းမှတစ်ဆင့် တစ်ခု ချင်းစီ သော ခရီးစဉ်/ ကြိုတင်နေရာ/ သတ်မှတ်စာရင်းပေးသွင်းခြင်းတစ်ရပ်စီ အခြေခံဖြင့်  “ခွင့်ပြုသည့် အသုံးပြုသူ” ၏ ခရီးစဉ်/ ကြိုတင်နေရာ/ လက်မှတ်တစ်ရပ်စီ၏ အကုန်တွင် “အသုံးပြုမှု စရိတ်စခများ” အတွက် “ခွင့်ပြုသည့် အသုံးပြုသူ” အား စရိတ်စခကို တောင်းခံမည်။

အဖိုးအခများ

အဖိုးအခများအားလုံးသည်  “တန်ဖိုးပြည့်အခွန်” မှ  ကင်းလွတ်ရမည်။ “တန်ဖိုးပြည့်အခွန်” တွင်  “ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်” နှင့်/ သို့မဟုတ် အလားတူ အရောင်းခွန်များပါဝင်သည်။ အကယ်၍ “တန်ဖိုးပြည့် အခွန်” အား အဖိုးအခတွင် ကောက်ခံမည်ဆိုပါက လူကြီးမင်းသည် “အဖိုးအခများ” ကို ပေးချေသည့်အခါ  “တန်ဖိုးပြည့်အခွန်” ပမာဏအား Grab သို့ ပေးချေရပါမည်။

အသုံးပြုသူအဖိုးအခ

“ခွင့်ပြုသည့် အသုံးပြုသူ” ပြေစာတွင် အခြားနည်းဖေါ်ပြထားခြင်းမရှိပါက ဤ “အသုံးပြုခြင်း ဆိုင်ရာ စည်းကမ်းချက်များ” အရ ပြုလုပ်သည့် ပေးချေမှုများ အားလုံးသည် အကျုံးဝင်သက်ဆိုင်သည့် အခွန်များမှ ကင်းလွတ်ရမည်ဖြစ်ပြီး လူကြီးမင်းသည်  “တန်ဖိုးပြည့်အခွန်” အပါအဝင် “အသုံးပြုသူအဖိုးအခများ” ပေါ်းတွင် စည်းကြပ်သည့် ယင်းအခွန်များကို ပေးချေရန်တာဝန်ရှိသည်။ လူကြီးမင်းက သတင်း အချက်အလက်ဖြည့် ဆည်းပေးရန် တာဝန်ရှိသည်မှာ Grab သည် ဖေါ်ပြပါတို့အပါအဝင် သို့သော် ယင်းတို့ ကိုသာလျင် ကန့်သတ်ထား သည်မဟုတ်ဘဲ ယင်း၏ အခွန်အစီရင်ခံရေးတာဝန်ကို Grab က လိုက်နာရန် ကျိုးကြောင်းဆီလျော်စွာ မေတ္တာ ရပ်ခံနိုင်ပါသည်။ ယင်းတို့မှာ လူကြီးမင်း၏ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အမည်၊ ကျသင့်ငွေ တောင်းခံရန်လိပ်စာ၊ အခွန်နံပါတ် (အကျုံးဝင် သက်ဆိုင်ပါက) နှင့် လူကြီးမင်းသည် စီးပွားရေးလုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်သည့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ကြောင်း ဖေါ်ပြရန် Grab က လိုအပ်မည်ဖြစ်သည့် အခြားသက်သေ အထောက်အ ထားတို့ ပါဝင်ကြသည်။ အကယ်၍ လူကြီးမင်းသည်  “လစဉ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်ပါက၊  “လစဉ်အစီရင်ခံစာ” တွင် ကုမ္ပဏီကို ဖွဲ့စည်းသည့်  နေရာတွင်သာလျင် အကျုံးဝင် သက်ဆိုင်သည့် ငွေကြေးဖြင့် ဖေါ်ပြပေးပါသည်။ အကယ်၍ လူကြီးမင်း သည်  “လစဉ်ကျသင့်ငွေ တောင်းခံခြင်း” တွင် ပါဝင်ခြင်း မရှိပါက၊ ငွေပေးချေမှုများအားလုံးကို  “ခွင့်ပြု သည့် အသုံးပြုသူ” ၏ အကျုံးဝင်သက်ဆိုင်သော စီနင်းလိုက်ပါမှု၏ ပထဝီ နေရာတွင် အကျုံးဝင်သက်ဆိုင် သည့် ဒေသဆိုင်ရာငွေကြေးဖြင့် စီစစ်စည်းကြပ်ပါမည်။ ငွေပေးချေမှုများ အားလုံးသည် အခြားနည်း  ဖေါ်ပြထားခြင်းမရှိပါက၊ ငွေပြန်အမ်းခြင်း မပြုနိုင်ပါ။ ရှင်းလင်းစေရန်အလို့ငှာ ငွေပေးချေမှုအားလုံးကို လူကြီးမင်းသည် https.//www.business.grab.com ပေါ်ရှိ စီးပွားရေးလုပ်ငန်း အကောင့် စားရင်း လက်မှတ်အတွက် Grab တွင် ဖေါ်ပြထားသည့် Grab သီးခြားဖြစ်တည်သည့်အရာသို့ ပေးချေရမည်။

၁-၇-၃   ငွေပေးချေခြင်း မပြုခြင်း

အကယ်၍ ကုန်လွန်သွားသည့်ကျသင့်သော “လစဉ်အစီရင်ခံစာများ” (အကျုံးဝင်သက်ဆိုင် သလို) ကျသင့်သည် လူကြီးမင်းက မပေးချေရသေးသော  “အသုံးပြုသူ အဖိုးအခများ” နှင့်/ သို့မဟုတ် “အခကြေးငွေများ”၊ လူကြီးမင်း၏  “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်းပေါ်ရှိ တရားမဝင်သည့် မြီစား သို့မဟုတ် ငြင်းပယ်သည့်လုပ်ငန်းကိစ္စတစ်ရပ်ပေါ်ပေါက်ပါက၊ Grab သည် လူကြီးမင်း၏ အကောင့်  စာရင်းကို ချက်ချင်းဆိုင်းငံ့ပိုင်ခွင့်ရှိပြီး၊ “ခွင့်ပြုသည့် အသုံးပြုသူများ” အားလုံး၏ “ကော်ပိုရိတ် ကျသင့်ငွေ တောင်းခံခြင်း” တစ်ရပ်ရပ်နှင့် အားလုံးကို ရပ်စဲနိုင်သည်။ ဆက်လက်၍ Grab သည် အကယ်၍ ဤတွင် ပါရှိသည့် ငွေပေးချေခြင်းမပြုသည့် “အသုံးပြုသူ အဖိုးအခများ” နှင့်/ သို့မဟုတ်  “အခကြေးငွေများ” ပေါ်ပေါက်သည်တွင် အကျုံးဝင်သက်ဆိုင်သည့် မြီရှင်အစီရင်ခံခြင်းအေဂျင်စီများသို့ လူကြီးမင်းအပေါ် အစီရင်ခံခြင်းအပါအဝင် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေအရ ယင်းကိုရရှိနိုင်သည့် ကုစားမှုတစ်ရပ်ရပ် သို့မဟုတ် အားလုံးကို အသုံးပြုပိုင်ခွင့်ရှိသည်။ နောက်ကျသည့်  “အသုံးပြုသူအဖိုးအခများ” နှင့်/ သို့မဟုတ်  “အခကြေးငွေများ” ကို အပြည့်အ၀ ပေးချေပြီးနောက် လူကြီးမင်း၏ အကောင့်စာရင်းအား  ပြန်လည်တည်ထောင်ဖွင့်လှစ်ခြင်းကို Grab ၏ တစ်ဦးတည်း ဆင်ခြင်တုံတရားအရ ပြုလုပ်ပါမည်။ နောက်ကျ ပေးချေမှုများအားလုံး အတွက် တစ်လလျင်  ၂% အတိုးဖြစ်စေ၊ အကျုံးဝင်သက်ဆိုင်သည့် ဥပဒေက ခွင့်ပြုသော အမြင့်ဆုံးကိုဖြစ်စေ ကျခံရပါမည်။

၁-၈      သက်တမ်းကာလနှင့် ရပ်စဲခြင်း

၁-၈-၁   ဤသက်တမ်းကာလများသည် လူကြီးမင်း၏  “ကော်ပိုရိတ် အသုံးပြုသူ အကောင့်စာရင်း” ကို ဖန်တီးပြု လုပ်သည့်နေ့တွင် အကျုံးဝင်သက်ဆိုင်ပြီး၊ ယင်းရပ်စဲသည့်အချိန်ထိ ဆက်လက်၍ အကျိုးသက်ရော က်စေရမည်။

၁-၈-၂   လူကြီးမင်းဖြစ်စေ၊ Grab ဖြစ်စေ အခြားစာချုပ်ဝင်ထံသို့ ရက်ပေါင်း (၃၀) ကြိုတင်၍ စာဖြင့် ရေးသား သည့်စာဖြင့် အကြောင်းပြချက်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဤ “သဘောတူ ညီချက်” အား ရပ်စဲနိုင်သည်။ ကျန်ရှိသည့် ငွေရပ်ပေးချေရန် တာဝန်များနှင့် ဤအပိုင်း၏ စာပိုဒ် ၁-၇ မှ ၁-၁၃ ထိပါ ပြဌာန်းချက်များသည် ယင်းသို့ ရပ်စဲသော်လည်း ဆက်လက်၍ အသက်ဝင် နေရမည်။

၁-၉၊     အာမခံချက်များနှင့် ပေးရန်တာဝန်ရှိမှုကို ငြင်းဆိုခြင်း

၁-၉-၁၊  လူကြီးမင်းက ကိုယ်စားပြုပြီး၊ အာမခံချက်ပေးသည်မှာ (က) လူကြီးမင်းသည် ဤ  “သဘော တူညီချက်”  ကို ချုပ်ဆိုရန် အခွင့်အရေး၊ အခွင့်အာဏာနှင့် အာဏာပိုင်ဆိုင်မှု အပြည့်အ၀ ရှိသည်၊ ထို့ပြင် (ခ) ဤတွင် ပါရှိသည့် အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် လူကြီးမင်း၏ ဆောင်ရွက်ရန်တာဝန်များကို ထမ်း ဆောင်ခြင်းတို့သည် လူကြီးမင်းက စာချုပ်ဝင်အဖြစ် ပါဝင် သည့် အခြားသဘောတူညီချက်တစ်စုံတစ်ရာအား ဖေါက်ဖျက်သည်မဟုတ် သို့မဟုတ် ဖေါက် ဖျက်လိမ့်မည်မဟုတ်။

၁-၉-၂၊   လူကြီးမင်းက ဆက်လက်၍ ကိုယ်စားပြုပြီး၊ အာမခံချက်ပေးသည်မှာ၊ (က) လူကြီးမင်းသည် “ဝန်ဆောင် မှု” နှင့်  “ကော်ပိုရိတ်ကျသင့်ငွေတောင်းခံခြင်း” နှင့် ဆက်စပ်သည့်  “ချိတ်ဆက် သည့် အချက်အလက်” နှင့် ဤမှ အောက်တွင် ဖေါ်ပြထားသည့် Grab အား ဖြည့်ဆည်းပေး သည့် အခြားသတင်းအချက်အလက်ကို ဖြည့်ဆည်း ပေးရန် အခွင့်အရေးများနှင့် ခွင့်ပြုချက်များ အားလုံးရှိသည်၊ (ခ)  “ကော်ပိုရိတ်ကျသင့် ငွေတောင်းခံခြင်း” အပါအဝင် “ဝန်ဆောင်မှု” နှင့် ကော်ပိုရိတ်ငွေပေးချေမှု နည်းလမ်းများနှင့် ဆက်စပ်၍ ကိုယ်ပိုင်အချက်အလက်နှင့် Grab သို့ ဖြည့်ဆည်းပေးရန် လိုအပ်သည်အတိုင်း “အဆိုပြုသည့် အသုံးပြုသူများ” နှင့် “ခွင့်ပြုသည့် အသုံးပြုသူများ” ထံမှ ဥပဒေကြောင်းအရ လုံလောက်သည့် သဘောတူခွင့်ပြုချက်အား လူကြီးမင်းက ရရှိပြီးဖြစ် သည်၊ (ဂ) လူကြီးမင်းက  “အဆိုပြုသည့် အသုံးပြုသူများ” နှင့် “ခွင့်ပြုသည့် အသုံးပြုမှုများ” ထံမှ ဖေါ်ပြပါအ တွက် အကြောင်းကြားထားပေးပြီး၊ ယင်းတို့ထံမှ ဥပဒေကြောင်း အရ လုံလောက်သည့် သဘောတူခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်ရမည်၊ ယင်းအချက်မှာ Grab သည် လူကြီးးမင်းအား စီးနင်းလိုက်ပါမှုများအတွက် အသေးစိတ် ခရီးစဉ်/ ကြိုတင်နေရာ၊ လက်မှတ်စာရင်းပေးသွင်းခြင်း သို့မဟုတ် လူကြီးမင်း၏ အကောင့်စာရင်း သို့ စရိတ်တောင်းခံ သည့် အခြားကြိုတင်နေရာ/ လက်မှတ်စာရင်းပေးသွင်းခြင်းများကို ဖြည့်ဆည်းပေးမည်ဟု ဖြစ်သည်၊ ထို့ပြင် (ဃ) လူကြီးမင်းသည် ဤ “သဘောတူညီချက်” ၏ သက်တမ်းကာလအတွင်း ဖေါ်ပြပါများကို လိုက်နာပြီး၊ ဆက်လက်၍လည်း လိုက်နာနေမည် ဖြစ်သည်၊ ယင်းတို့မှာ အချက်အလက်ကာကွယ်ရေး၊ အနှောက် အယှက်မှ  ကင်းဝေးခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း ဖေါ်ပြချက်ကို ခိုးယူမှု၊ အချက်အလက်ကို ချိုးဖေါက်ခြင်း၊ စားသုံးသူ ကာကွယ်ရေးအပြင် အချက်အလက်လုံခြုံရေးနှင့် အနှောက်အယှက်မှ အေးငြိမ်းခြင်းနှင့် အချက်အလက် လုံခြုံရေးတို့နှင့် သက်ဆိုင်သည့် အကျုံးဝင်သက်ဆိုင်သော လုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းများတို့နှင့် ဆက်စပ် ပတ်သက်သော အကျုံးဝင်သက်ဆိုင်သည့် ဒေသဆိုင်ရာ၊ မြို့၊ ပြည်နယ်၊ ဖက်ဒရယ်၊ အမျိုးသားအဆင့်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများတို့ ဖြစ်ကြသည်။

၁-၉-၃၊  လျှို့ဝှက်ထားရှိခြင်းအား ဖေါက်ဖျက်ခြင်း သို့မဟုတ် အချက်အလက်ကို အနှောက်အယှက်မှ အေးငြိမ်း ခြင်းတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များမှအပ၊ (က) စာချုပ်ဝင်တစ်ဦးဦးသည် မည်သည့် ကိစ္စရပ်တွင်မဆို Grab ကိုဖြစ်စေ၊ “ကော်ပိုရိတ်အသုံးပြုသူ” ကိုဖြစ်စေ (သူတို့၏ ကိုယ်စားလှယ်များကိုဖြစ်စေ) ယင်းသို့သော ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်ကို အကြံပြု  သော်လည်း ဤသဘောတူညီချက်မှ ပေါ်ပေါက်လာသည့် အခြားစာချုပ်ဝင် သို့မဟုတ် အခြားသူ ဆုံးရှုံးသည့် သွယ်ဝှိုက်သော၊ မှတ်သားလောက်သော၊ မျှော်မှန်းမထားဘဲဖြစ်ပေါ် သော၊ စံနမူနာပြဖြစ်သော၊ အထူး သို့မဟုတ် နောက်ဆက်တွဲ ဆုံးရှုံးနစ်နာမှု သို့မဟုတ် စီးပွားရေး သို့မဟုတ် အမြတ်ဆုံး ရှုံးမှုဖြစ်သည်။ ဖေါ်ပြပါ “သဘောတူ ညီချက်” နှင့်စပ်လျဉ်း၍ ယင်းသည် ပဋိညာဉ်စာချုပ်၊ တရားမနစ် နာမှု သို့မ ဟုတ် အခြားဥပဒေရေးရာ သီအိုရီပေါ် တွင် အခြေခံထားသည်ဖြစ်စေ၊ အခြေခံခြင်းမပြု သည်ဖြစ်စေ တရား ဝင်ပါသည်။ ထို့ပြင် (ခ) မည်သည့်အခြေ အနေတွင်မျှ စာချုပ်ဝင်တစ်ဦးသည် (၁) စင်ကာပူ ဒေါ်လာ တစ်သောင်း (SGD ၁၀,၀၀၀) (သို့မဟုတ် ယင်းနှင့် တူညီသည့်  ဒေသဆိုင်ရာငွေကြေး) နှင့် (၂) ဤတွင်ဖေါ်ပြ ထားသည့်  Grab သို့ လူကြီးမင်းက ပေးချေသည့် သို့မဟုတ် ပေးချေရမည့် အခကြေးငွေ စုစုပေါင်းထက်ကျော်လွန်သည့် ပမာဏရှိ တိုက်ရိုက်ဆုံရှုံးမှုတစ်ရပ် အတွက် ဤ  “သဘောတူညီချက်” အရ တာဝန်မရှိစေရ။

၁-၁၀    ပိုင်ဆိုင်ခွင့်နှင့် သက်ဆိုင်သည့် အခွင့်အရေးများ

၁-၁၀-၁   အများပြည်သူသိအောင်ထုတ်ဖော်ပြောဆိုခြင်းမပြုလုပ်ရ      

မည်သည့်စာချုပ်ဝင်မျှ စာနယ်ဇင်းများသို့ တရားဝင်ထုတ်ပြန်ရာတွင်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ကိစ္စရပ်တစ်ခုချင်းစီတွင် အခြားစာချုပ်ဝင်၏ ကြိုတင်သဘောတူခွင့်ပြုချက်မရှိဘဲ၊ ယင်း အခြားစာချုပ်ဝင်၏ အမည်၊ လိုဂို၊ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် ဝန်ဆောင်မှုတံဆိပ်များကို အသုံးမပြုရ သို့မဟုတ် ရည်ညွှန်း ခြင်းမပြုရ။

၁-၁၀-၂ ပိုင်ဆိုင်မှု

Grab နှင့် ယင်း၏အဖွဲ့ဝင် ကုမ္ပဏီများသည်  “ဝန်ဆောင်မှု”  “အက်ပလီကေးရှင်း” နှင့် “အင်တာနက် ဝင်ပေါက်” တွင် ရှိပြီး၊ သက်ဆိုင်သော အခွင့်အရေး၊  ပိုင်ဆိုင်ခွင့်နှင့် အကျိုးစီးပွား အပြင်၊ ယင်းတို့၏ လက်ရှိအခြေ အနေများ၊ တိုးမြှင့်မှုများနှင့် ပုံသဏ္ဍာန်အသစ်များ၊ ထို့ပြင် ဤ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ဆက်စပ်၍ လူကြီးမင်း သို့မဟုတ် “အဆိုပြုသည့် အသုံးပြုသူ” သို့မဟုတ် “ခွင့်ပြုသည့် အသုံးပြုသူ”  သို့ ဖြည့်ဆည်းပေးသော ဆက်စပ်သည့် စာရွက်စာတမ်းများနှင့် ပစ္စည်းများ၏ ပိုင်ရှင်များဖြစ်ကြပြီး၊ ယင်းသို့ ဆက်လက်၍ တည်ရှိနေရ မည်။

၁-၁၀-၃            Grab သည် စာပိုဒ် ၁.၁၀.၄ ပါ လိုင်စင် ကန့်သတ်ချက်များ နှင့် ဤ “သဘောတူညီချက်” ပါ အခြားသော စည်းကမ်းချက်များကို အထောက်အထားပြုလျက် လွှဲပြောင်း၍ မရနိုင်သော၊ ပြန်လည်ရုပ်သိမ်းနိုင် သော၊ မူပိုင် ခွင့်ကင်းလွတ်သော၊ သီးသန့်မဟုတ်သည့် အကန့်အသတ်ပါသော လိုင်စင်ကို လူကြီးမင်း၏ ဌာနတွင်း လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာ ကိစ္စရပ်များအလို့ငှာ “Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” အသုံးပြု ၍ “လုပ်ငန်း ဆောင်ရွက်ချက်ဆိုင်ရာမှတ်တမ်းများ” ဝင်ရောက်အသုံးပြုရန် နှင့် ကြည့်ရှုနိုင်ရန် ထုတ်ပေး ပါသည်။

၁-၁၀-၄ ဤစာပိုဒ် ၁-၁၀-၄ ပါ ကိစ္စရပ်များအတွက်

“လုပ်ငန်းဆောင်ရွက်ချက် ဆိုင်ရာမှတ်တမ်းများ” ဆိုသည်မှာ Grab ၏ “ဖြေရှင်းချက်များ” ကိုအသုံးပြု သည့် “ခွင့်ပြုထားသည့် အသုံးပြုသူများ” ၏ “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာမှတ်တမ်းများ” နှင့် “ခွင့်ပြုထား သည့် အသုံးပြုသူများ” ဝင်ရောက်ကြည့်ရှုရန်၊ လက်ဝယ်ထားရှိရန် နှင့် Grab ၏ တစ်ဦးတည်းသော ဆုံးဖြတ်ချက် ဖြင့် သတ်မှတ်ထားရှိသည့် ပုံစံဖြင့် ပြန်လည်ရယူရန် ခွင့်ပြုထားသည့် “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာမှတ်တမ်း များ” ကိုဆိုသည်။

“Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” ဆိုသည်မှာ “ဖြေရှင်းချက်များ” ကို ဝင်ရောက် အသုံးပြုသော “ခွင့်ပြုထားသည့် အသုံးပြုသူများ” နှင့် စပ်လျဉ်း၍ Grab မှ လူကြီးမင်းအား ဝင်ရောက် အသုံးပြု ခွင့်ပေးထားသည့် စုပေါင်းထားသော သို့မဟုတ် POI အချက်အလက်များ၊ လိပ်စာများ၊ အကွာအဝေးများ နှင့် နေရာ များ၏ အမည်များ အကန့်အသတ်မဲ့အပါအဝင် မည်သည့် ပထဝီအနေအထားဆိုင်ရာ အချက်အလက်များကို မဆို ဆိုသည်။

၁-၁၀-၅  လူကြီးမင်း နှင့် “ခွင့်ပြုထားသည့် အသုံးပြုသူများ” သည်

(က) ဤ “သဘောတူညီချက်” အရ ခွင့်ပြုထားခြင်းမရှိသည့် မည်သည့်ကိစ္စရပ်အတွက်မျှ သို့မဟုတ် ဥပဒေ သို့မ ဟုတ် စည်းမျဉ်း သို့မဟုတ် စည်းမျဉ်းစု၊ လမ်းညွှန်ချက် သို့မဟုတ် တောင်းဆိုချက် တို့နှင့် ဆန့်ကျင်ချိုးဖောက် သည့် မည်သည့် နည်းလမ်းဖြင့်မဆို Grab POI အချက်အလက်များကို အသုံးမပြုရ။

(ခ) “Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” သို့မဟုတ် “လုပ်ငန်းဆောင်ရွက်ချက် ဆိုင်ရာ မှတ်တမ်းများ” ကို ဤ “သဘောတူညီချက်” အရ အတိအလင်းခွင့်ပြုပေးထားခြင်းမရှိသည့် မည်သည့်ကိစ္စရပ်အ တွက်မျှ ထုတ်ယူခြင်း၊ ပေးပို့ခြင်း၊ ရေးခြစ်ခြင်း၊ ၊ အသုံးပြုခြင်း၊ အသုံးချခြင်း၊ ထုတ်ဝေခြင်း၊ ပြန်လည်ထုတ် ဝေခြင်း၊ ဖြန့်ဝေခြင်း၊ မိတ္တူကူးယူခြင်း သို့မဟုတ် သိမ်းဆည်းခြင်းတို့မပြုလုပ်ရ။

(ဂ) စာပိုဒ် ၁.၁၀.၃ တွင်ပါရှိသည့် ကိစ္စရပ်များကိုသာ ဆောင်ရွက်ရန်အတွက် “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ မှတ်တမ်းများ” ကိုလက်ဝယ်ထားထိန်းသိမ်းနိုင်ခြင်းမှ အပ၊ ဌာနတွင်း နှင့် အရန်အဖြစ်ထားရှိသည့် စနစ်များ အား လုံး နှင့် မည်သည့် နှင့် အားလုံးသော “Grab ၏ ပထဝီအနေအထားဆိုင်ရာ အချက်အလက်များ” (၎င်းမှ ထုတ်ယူ ထားသော နှင့် မိတ္တူကူးယူထားသည့် မည်သည့်အချက်အလက်မဆိုအပါအဝင်) ကို Grab မှ တောင်းဆိုသည့် အချိန်မှ စ၍ ၁၀ ရက်အတွင်းမည်သည့်အချိန်တွင်မဆို သို့မဟုတ် ဤ “သဘောတူညီချက်” သက်တမ်းကုန်ဆုံး သည့်အခါ   သို့မဟုတ် ရပ်စဲသည့်အခါတွင် ဖျက်ဆီးခြင်း နှင့် ဖယ်ရှားခြင်းတို့ပြုလုပ်ရမည်။

၁-၁၁၊   မလွန်ဆန်နိုင်သောဖြစ်ရပ်

ဤတွင် ဖေါ်ပြထားသည့် ဆောင်ရွက်ရန်တာဝန်များကို စာချုပ်ဝင်တစ်ဦးဦးက ဆောင်ရွက်နိုင်  ခြင်းမရှိမှု အား ဖေါ်ပြပါအကြောင်းများကြောင့် ယင်းဆောင်ရွက်ချက် မဖြစ်နိုင်သည့်အတိုင်း အတာထိနှင့် ယင်းသက် တမ်းကာလအတွင်း ခွင့်လွှတ်ရမည်၊ ယင်းတို့မှာ သပိတ်မှောက်ခြင်း၊ မီးဘေး၊ ရေးဘေး၊ ငလျင်လှုပ်ခြင်း၊ အစိုးရဆိုင်ရာ လုပ်ဆောင်ချက်များ အမိန့်များ သို့မဟုတ် ကန့်သတ်မှုများ ဖြည့်တင်းပေးသူများ သို့မဟုတ် ကန်ထရိုက်တာများ၏ ပျက်ကွက်မှုများ သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်မှုသည် ကျိုးကြောင်းဆီလျော်သည့် ထိန်းချုပ်မှုအပသို့  ရောက်ရှိသည့်အပြင် ဆောင်ရွက်ခြင်းမပြုသည့် အဖွဲ့ဝင်၏ တာဝန်ပျက်ကွက်မှုကြောင့်  ပေါ် ပေါက်သည်မဟုတ်ခြင်းတို့ ဖြစ်ကြသည်။

၁-၁၂၊    တာဝန်ပေးခြင်း

ဤ “သဘောတူညီချက်” တွင် မည်သို့ပင် ပါရှိစေကာမူ၊ စာချုပ်ဝင်တစ်ဦးသည် လုပ်ငန်းပေါင်း စပ်ခြင်း သို့မဟုတ် အဆိုပါစာချုပ်ဝင်၏ အစုရှယ်ယာတန်ဖိုး သို့မဟုတ် ပိုင်ဆိုင်သည့်ပစ္စည်းများ အားလုံးကို ရောင်း ချခြင်း နှင့် စပ်လျဉ်း၍ အခြားစာချုပ်ဝင်၏ ခွင့်ပြုချက်မလိုဘဲ၊ သို့သော် အကြောင်းကြားစာပေးပို့လျက် ဤ  “သဘော တူစာချုပ်” ကို တာဝန်လွှဲပြောင်းပေးနိုင်သည်။ အထက်ဖေါ်ပြပါတို့ကို အထောက်အထားပြု၍၊ ဤ  “သဘောတူ စာချုပ်” သည် စာချုပ်ဝင် တစ်ဦး၏ သက်သေခံသူများနှင့် တာဝန်ပေးခံရသူများအားလုံးပေါ်တွင် စည်းနှောင်မှု ရှိရမည်။

၁-၁၃၊   ဥပဒေရေးရာလုပ်ငန်းများအတွက် ကုန်ကျစရိတ်များ

စာချုပ်ဝင်များအကြား ဥပဒေရေးရာအမှုတွဲ လုပ်ငန်းဆောင်ရွက်ချက်များတွင် အနိုင်ရရှိသည့် စာချုပ်ဝင် သည် သင့်တင့်လျောက်ပတ်သည့်ရှေ့နေခများနှင့် ဤ “သဘောတူစာချုပ်” ကို လိုက်နာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်ကျသည့် တရားရုံးအမှုတွဲဆိုင်ရာ ဆောင်ရွက်ချက်များ၏ ကုန်ကျစရိတ်များအားလုံးကို ရရှိပိုင်ခွင့်ရှိရမည်။