မိတ်ဖက် စားသောက်ဆိုင်လုပ်ငန်းများ၏ လိုက်နာရန် တာဝန်များ

လိုက်နာရန် တာဝန်များ (Code of Conduct) မှာ GrabTaxi Holdings Pte Ltd နှင့် Grab ၏ ဆက်စပ်လုပ်ငန်းများ (ကျွန်ုပ်၊ Grab) အနေဖြင့် မိတ်ဖက် စားသောက်ဆိုင်လုပ်ငန်းများ (သင်၊ စားသောက်ဆိုင်များ)ကို Grab ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်သည့်အလျောက် လိုက်နာကျင့်သုံးရန် သတ်မှတ်ထားသော စည်းမျဉ်းသတ်မှတ်ချက်များ ဖြစ်သည်။ သို့မှသာ ကျွန်တော်တို့ အတူတကွ ကျွန်ုပ်တို့ သုံးစွဲသူများနှင့် စနစ်ကို ကာကွယ်နိုင်ပြီး သုံးစွဲသူများကို အကောင်းဆုံး သုံးစွဲမှု အတွေ့အကြုံ ‌သေချာပေါက် ရရှိစေရန် အကောင်အထည်ဖော်နိုင်သွားမည်ဟု ယုံကြည်ပါသည်။

ဥပဒေ၊ စည်းမျဉ်းများကို လိုက်နာကျင့်သုံးပါ

နိုင်ငံအလိုက် အစိုးရနှင့် တာဝန်ရှိသူများမှ ချမှတ်ထားသော အစားအစာ၊ အလုပ်ခန့်အပ်ထားမှု၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ဆက်စပ်သော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်ပါသည်။  

Grab ၏ မိတ်ဖက် ဆိုင်လုပ်ငန်းရှင်ဖြစ်သည့်အလျောက် သက်တမ်းရှိ စားသောက်ဆိုင် လုပ်ငန်း လိုင်စင်နှင့် အခြားသောဆက်စပ်လိုင်စင်များ ကိုင်ဆောင်ထားရန် လိုအပ်ပါသည်။ သက်တမ်း ကျော်လွန်သွားသော၊ ပြန်လည်သိမ်းခံရသော လိုင်စင်စာရွက်စာတမ်းများကို ပြန်လည် လျှောက်ထားရန် တောင်းဆိုလိုပါသည်။ လိုအပ်ပါက Grab အနေဖြင့် နောက်ဆုံးစာရွက်စာတမ်းများကို တောင်းဆိုပိုင်ခွင့် ရှိပြီး တင်ပြပေးရန် ပျက်ကွက်ပါက မိတ်ဖက်လုပ်ငန်းအဖြစ် လက်တွဲရန် ပြန်လည်စဉ်းစားမည် ဖြစ်ပါသည်။  

ဥပဒေနှင့်မညီညွတ်သော ဆေးဝါးများ ရောင်းချခြင်း၊ တားမြစ်ထားသော ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ အတုများ၊ စံချိန်စံညွှန်းနှင့် မညီသော ပစ္စည်းများ ရောင်းချခြင်း စသည့် တရားဥပဒေနှင့် မညီညွတ်သော လုပ်ဆောင်မှုများအားလုံးကို သည်းခံမည် မဟုတ်ဘဲ သက်ဆိုင်ရာများ၏ စုံစမ်းစစ်ဆေးမှုအပေါ် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

လိုက်နာရန် တာဝန်များအား ချိုးဖောက်ခြင်း

ကျွန်ုပ်တို့၏ သုံးစွဲသူများ နေ့စဉ်လိုအပ်ချက်အရ ဝန်ဆောင်မှု ပေးနေသော နေ့စဉ်သုံး အက်ပ်ပလီကေးရှင်း ဖြစ်သည့်အလျောက် ဖောက်သည်များနှင့် မိတ်ဖက်များ၏ လုံခြုံမှု ရှိရေး၊ ဘေးကင်းရေးဟာ ကျွန်ုပ်တို့၏ ဦးစားပေး ဖြစ်သည်။ 

Grab မှ လိုက်နာရန် တာဝန်များအား ချိုးဖောက်ခြင်းကို တိတိကျကျ လိုက်နာစေလိုပါသည်။ ကျွန်ုပ်တို့၏ ပလက်ဖောင်းကို စံချိန်စံညွှန်းနှင့် ညီညွတ်အောင် အမြဲ ထိန်းသိမ်းထားလိုသည့်အတွက်ကြောင့် အဆိုပါ စံညွှန်းများ မမီပါက Grab ပလက်ဖောင်းအား အသုံးပြုခွင့် ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် ရာသက်ပန် ရပ်ဆိုင်းခြင်းများဖြင့် အရေးယူနိုင်ပါသည်။ Grab အနေဖြင့် Grab အက်ပ်ပလီကေးရှင်းနှင့် ဝန်ဆောင်မှုအား အသုံးပြုခြင်းကို ရပ်ဆိုင်းခြင်း မပြုမီ သင့်အား အကြောင်းကြားကောင်း ကြားပေးပါမည် (Grab တွင် အကြောင်းကြားပေးရန် မလုပ်မနေ တာဝန်မရှိပါ)။ 

ဝန်ဆောင်မှု စွမ်းဆောင်ရည်အား ထိခိုက်နိုင်သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်သော အကြောင်းအရာ တစ်စုံတရာ ရှိပါက Grab ကို ချက်ချင်းအကြောင်းကြားပေးရန် မိတ်ဖက် ဆိုင်လုပ်ငန်းရှင်များအား တိုက်တွန်းလိုပါသည်။ 

အခြား မိတ်ဖက် ဆိုင်လုပ်ငန်းရှင်များ၊ မိတ်ဖက် ပို့ဆောင်ပေးသူများ၊ ဖောက်သည်များ (သို့မဟုတ်) မိတ်ဖက် ကော်ပိုရိတ် လုပ်ငန်းများ ပါဝင်ပတ်သက်သည့် ဥပဒေနှင့် မညီညွတ်ဟု သံသယရှိသည်များ ရှိပါက FairPlay Rewards Program မှ သတင်းပေးနိုင်ပါသည်။