မိတ်ဖက်ယာဉ်မောင်းများ/ ပို့ဆောင်သူများ လိုက်နာရန် ကျင့်ဝတ်များ

Grab အနေဖြင့် လိုက်နာ ဆောင်ရွက်ရမည့် စဉ်းမျဉ်းများအား ချိုးဖောက်ခြင်းအား လုံး၀ သည်းခံ ခွင့်လွှတ်မည် မဟုတ်သော ပေါ်လစီအား ကျင့်သုံးပါသည်။ Grab နှင့် လက်တွဲလုပ်​ဆောင်လျှက်ရှိသော မိတ်ဖက်ယာဉ်မောင်းများ၊ မိတ်ဖက် အစားအသောက်ပို့ဆောင်သူများမှလည်း လိုက်နာဆောင်ရွက်မည်ဟု ယုံကြည်ပါသည်။ အောက်ဖော်ပြပါ လမ်းညွှန်ချက်သည် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများအား ချိုးဖောက်မှုပုံစံ အသေးစိတ် ဖြစ်ပြီး ၎င်းတို့အား ချိုးဖောက်ပါက Grab ပလက်ဖောင်း အသုံးပြုခွင့် ခေတ္တရပ်ဆိုင်းခြင်း (သို့) အမြဲတမ်း ရပ်ဆိုင်းခြင်းများ ပြုလုပ်ခံရနိုင်ပါသည်-

ယာဉ်မောင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ အသင့် ရှိခြင်း

သင်အနေဖြင့် နိုင်ငံ၏ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ သက်တမ်းရှိသော ယာဉ်မောင်းလိုင်စင်၊ အလုပ်အကိုင်ဆိုင်ရာလိုင်စင် နှင့် အခြားလိုအပ်သောခွင့်ပြုချက်များ စသည်တို့အား အမြဲကိုင်ဆောင်ထားရန် လိုအပ်ပါသည်။ နိုင်ငံတွင်းသတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ သင်နှင့် သင့်ယာဉ်တို့မှာ သက်တမ်းရှိသော အာမခံစနစ်ထားရှိရန်လည်း လိုအပ်ပါသည်။ ဖော်ပြထားသော သင်၏ပြစ်မှုမှတ်တမ်းများမှာ မှန်ကန်မှုရှိပါစေ။ အချက်အလက်စာရွက်စာတမ်းများ သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများအတွက် သက်တမ်းတိုးခြင်း၊ ပြန်လည်တင်ပြခြင်းများသည် သင်၏ တာဝန်ဖြစ်ပြီး Grab မှတောင်းဆိုပါကလည်း ပေးအပ်ရန် တာဝန်ရှိပါသည်။

စည်းမျဉ်း ချိုးဖောက်မှု ဥပမာများမှာ

  • သင့်တော်ပြီး သက်တမ်းရှိသည့် ယာဉ်မောင်း လိုင်စင် သို့မဟုတ် အာမခံ သို့မဟုတ် အခြားခွင့်ပြုချက်များမရှိဘဲ မောင်းနှင်ခြင်း
  • ပြစ်မှုမှတ်တမ်းများတွင် မမှန်မကန် ကြေငြာ ဖြည့်စွက်ခြင်း
  • ယာဉ်မောင်းတစ်ဦးအဖြစ် စာရင်းသွင်းရန် စာရွက်စာတမ်းအတုများကိုအသုံးပြုခြင်း

ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ အနှောင့်အယှက်ဖြစ်စေမှုနှင့် အလွဲသုံးစား ပြုမှုအမျိုးမျိုးကို ခွင့်ပြုမည်မဟုတ်ပါ

ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် ယာဉ်မောင်းနှင့် ခရီးသည်များအကြား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ နှုတ်ဖြင့် သို့မဟုတ် ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုပြုလုပ်ခြင်း၊ မုဒိန်းပြုကျင့်ခြင်း၊ လူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရန်လိုစွာ ပြုမူခြင်းနှင့် နှစ်ဦးနှစ်ဖက် သဘောတူညီသည် ဖြစ်စေ၊ မတူညီသည် ဖြစ်စေ လိင်ပိုင်းဆိုင်ရာ မြူဆွယ်မှုများ ပြုလုပ်ခြင်း စသည့် အပြုအမူများကို လုံးဝ ပိတ်ပင်တားမြစ်ထားပါသည်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာ မေးခွန်းများ အလွန်အကျွံမေးမြန်းခြင်း သို့မဟုတ် အခြားသူ၏ အသွင်အပြင် အပေါ် ဝေဖန်မှတ်ချက်ပေး ပြောဆိုခြင်းများကိုလည်း မပြုလုပ်ရပါ။ ခရီးစဉ်ပြီးဆုံးပြီးနောက် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ဖြင့် သင်၏ခရီးသည်နှင့် ဆက်သွယ်ခြင်း မပြုလုပ်ရန် တားမြစ်ထားပါသည်။ အငြင်းပွားမှု တစ်စုံတစ်ရာရှိလာပါက ၎င်းကိစ္စရပ်အား ရုံးသို့ အကြောင်းမကြားဘဲ ကိုယ်တိုင်ဖြေရှင်းခြင်းအား ရှောင်ရှားပေးပါ။

စည်းမျဉ်း ချိုးဖောက်မှု ဥပမာများမှာ

  • Grab အသုံးပြုသူများနှင့် Grab ၀န်ထမ်းများအား အောက်ပါတို့ကို ကျူးလွန်ခြင်း
  • လိင်ပိုင်းဆိုင်ရာ မြူဆွယ်ရန် အားထုတ်ခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း
  • လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု – ခရီးသည်အား နှောင့်ယှက်မှု ၊ လိင်သဘောပါသည့် မသင့်လျော်သော စာတိုများကို ပေးပို့ခြင်း
  • သိသာထင်ရှားစွာ စိုက်ကြည့်ခြင်း၊ မသင့်လျော်သော အမူအရာကို ပြသခြင်း၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ အနှောက်အယှက်ပေးခြင်း / ခြိမ်းခြောက်ခြင်း၊ ဖုန်းမှဖြစ်စေ၊ အက်ပ်မှစာပို့၍ ဖြစ်စေ ခြိမ်းခြောက်ခြင်း၊ ဆိုရှယ်မီဒီယာမှတစ်ဆင့် ကိုယ်ရေးကိုယ်တာ မေးခွန်းများမေးခြင်း၊ တစ်ကိုယ်ရေအသွင်အပြင်ပေါ်မှတ်ချက်ပေးခြင်း။
  • ရိုင်းစိုင်းခြင်း၊ မသင့်လျော်သောစကားလုံးများကို မည်သည့်ပုံစံဖြင့်မဆို အသုံးပြုခြင်း
  • ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လူကိုယ်တိုင် နှောင့်ယှက်မှုနည်းလမ်းအားလုံး
  • ခရီးစဉ်ပြီးဆုံးပါက ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များဖြင့် အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင်ဖြစ်စေ အသုံးပြုသူများအား ဆက်သွယ်ခြင်း၊ နှောင့်ယှက်ခြင်း

ရာဇဝတ်မှုမကျူးလွန်စေရန်

ခိုးမှု၊ လုယက်မှု၊ တရားမဝင်ပစ္စည်းများ သို့မဟုတ် လက်နက်များပိုင်ဆိုင်ခြင်း နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများကို ပျက်စီးစေခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းများ ရှိပါက သင့်အား တရားဥပဒေအရ အရေးယူနိုင်သည်။ ကျူးလွန်သူများအား စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန်အတွက် ဥပဒေစိုးမိုးရေး အာဏာပိုင်များနှင့် ကျွန်ုပ်တို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

စည်းမျဉ်း ချိုးဖောက်မှု ဥပမာများမှာ

ဥပဒေအရ ပြစ်မှုများ

  • မိတ်ဖက်ယာဉ်မောင်းသည် သက်ဆိုင်ရာ အာဏာပိုင်များမှ ပြစ်မှုကျူးလွန်မှုအတွက် စုံစမ်းစစ်ဆေးမှု ခံယူနေရခြင်း
  • Grab အသုံးပြုသူ သို့မဟုတ် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ဖြင့် ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးခြင်း
  • Grab သို့မဟုတ် အစိုးရက ထုတ်ပြန်ထားသော စည်းမျဉ်းများ / ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း

လမ်းစည်းကမ်းဆိုင်ရာ ဥပဒေကို လိုက်နာရန်

Grab အသုံးပြုသူများနှင့် အခြားလမ်းကူးသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ဖောက်ဖျက်မောင်းနှင်ခြင်းများ မပြုလုပ်ပါနှင့်။ ယာဉ်မောင်းနေစဉ်တွင် သတ်မှတ်မြန်နှုန်းအတွင်း မောင်းနှင်ခြင်း ၊ လမ်းအချက်ပြများနှင့် မီးပွိုင့်စည်းကမ်းများကို လိုက်နာခြင်း၊ ကားမောင်းနေစဉ် သို့မဟုတ် စက်ဘီး/ ဆိုင်ကယ် မောင်းနှင်စဉ် လက်ကိုင်လွတ် ကိရိယာ အသုံးပြုခြင်း၊ သင်နှင့် သင်၏ခရီးသည်အား ထိုင်ခုံခါးပတ်သေချာစွာပတ်ခြင်း၊ အန္တရာယ်ကင်း ဦးထုပ်ဆောင်းခြင်း စသည်တို့ ဆောင်ရွက်ရပါမည်။ သင့်အနေဖြင့် ယာဉ်မောင်းနေစဉ် သို့မဟုတ် စီးနင်းနေစဉ် ခါးပတ် သို့မဟုတ် ဦးထုပ်တို့အား အမြဲဝတ်ဆင် ထားသင့်သည်။ အချိန်ကြာကြာ ကား၊ ဆိုင်ကယ်၊ စက်ဘီး မောင်းနှင်ခြင်း သို့မဟုတ် စီးနင်းခြင်းကို ရှောင်ကြဉ်ပြီး လုံလောက်စွာ အနားယူပါ။ အကယ်၍ သင်သည် ခရီးသည်နှင့်အတူ မတော်တဆမှုတစ်ခုတွင် ပါဝင်ဖြစ်ပေါ်ခဲ့ပါက မှတ်တမ်းအတွက် ရဲအစီရင်ခံစာကို တင်ပြရန် လိုအပ်ပါသည်။

စည်းမျဉ်း ချိုးဖောက်မှု ဥပမာများမှာ

  • Grab အသုံးပြုသူများ၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ (သို့) လမ်းကူးသူများအား ထိခိုက်အနာတရဖြစ်စေခြင်း၊ အမြဲတမ်း မသန်စွမ်းဖြစ်စေခြင်း၊ သေဆုံးခြင်းအထိ ဖြစ်စေခြင်
  • အောက်ပါ ယာဉ်စည်းမျဉ်းများကို ချိုးဖောက်ခြင်း (ယခု ဖော်ပြထားသော အချက်များတွင် မပါဝင်သော အခြား ချိုးဖောက်မှုများလည်း ပါဝင်ပါသည်)
    • Grab အသုံးပြုသူများ၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ (သို့) လမ်းကူးသူများအား ထိခိုက်အနာတရဖြစ်စေခြင်း၊ အမြဲတမ်း မသန်စွမ်းဖြစ်စေခြင်း၊ သေဆုံးခြင်းအထိ ဖြစ်စေခြင်
    • သက်တမ်းရှိသော သတ်မှတ်ထားသော လိုင်စင်အမျိုးအစား သို့မဟုတ် အာမခံမပါဘဲ မောင်းနှင်ခြင်း
    • လမ်းများ သို့မဟုတ် လျှောက်လမ်းနေရာများပေါ်တွင် အမြန်နှုန်းကန့်သတ်ချက်ထက် ကျော်လွန် မောင်းနှင် စီးနင်းခြင်း
    • ထိုင်ခုံခါးပတ်/ အန္တရာယ်ကင်း ဦးထုပ် မပါဘဲ မောင်းနှင်/ စီးနင်းခြင်း
    • အာရုံစိုက်မှုမရှိဘဲ မောင်းနှင်/ စီးနင်းခြင်း (ဥပမာ၊ ယာဉ်မောင်းစဉ် ဖုန်းပြောခြင်း၊ ရုပ်ရှင်ကြည့်ခြင်း)
    • ပင်ပန်းနွမ်းနယ်နေစဉ် မောင်းနှင်/ စီးနင်းခြင်း
    • အန္တရာယ်ရှိစွာ မောင်းနှင်ကြောင်း၊ စီးနင်းကြောင်း သတင်းပေးပို့ခံရခြင်း
    • မော်တော်ယာဉ် မှတ်ပုံတင် နံပါတ်ပြားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်း

အရက်၊ မူးယစ်ဆေးနှင့် လက်နက်များ သုံးစွဲခြင်းနှင့်တင်ဆောင်ခြင်းများကို ခွင့်မပြုပါ

သင် Grab ပလက်ဖောင်းပေါ်ရှိနေစဉ် မူးယစ်ဆေးဝါးနှင့် အရက်သေစာ စသည်တို့ သောက်သုံး၍ မောင်းနှင်ခြင်းမပြုလုပ်ပါနှင့်။ သင့်မော်တော်ယာဉ်ပေါ်တွင် တရားမဝင်သောပစ္စည်းများ၊ အရက်ဗူးများဖွင့်ထားခြင်း နှင့် လက်နက်များထားရှိခြင်း စသည်တို့ကိုခွင့်မပြုပါ။ Grab အသုံးပြုသူ သို့မဟုတ် ပြည်သူတစ်ဦးက သင်သည် မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာ တစ်မျိုးမျိုးကို သုံးစွဲထားသည်ဟု ထင်မြင်ယုံကြည်ပါက ၎င်းတို့သည် ခရီးစဉ်ကို ချက်ချင်းရပ်တန့်ပြီး Grab သို့မဟုတ် အာဏာပိုင်များကို သတိပေးပိုင်ခွင့်ရှိသည်။ Grab ၏ ဝန်ဆောင်မှုတွင် မပါဝင်သော ကုန်ပစ္စည်းများနှင့် Grab အသုံးပြုသူမှ အထူးတောင်းဆိုမှုများပါဝင်သောတရားမဝင်ပစ္စည်းများနှင့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများကို လက်ခံပေးပို့ခြင်း မပြုလုပ်ရပါ။ သင် ပေးပို့ရမည့် အထုပ်အပိုး၏ ပါဝင်ပစ္စည်း၏ သဘောသဘာဝကို သံသယဝင်ရန် အကြောင်းပြချက်ရှိပါက ကျေးဇူးပြု၍ Grab နှင့် အာဏာပိုင်များထံသို့ အကြောင်းကြားပေးပါ။

စည်းမျဉ်း ချိုးဖောက်မှု ဥပမာများမှာ

  • သေနတ်များ၊ ငရုတ်ကောင်းစပရေး၊ တုတ်၊ ဓားများကဲ့သို့သော လက်နက်များကို လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း
  • တရားမဝင် မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိခြင်း၊ ဆက်နွယ်သော ပြစ်မှုများကို ကျူးလွန်ခြင်း
  • Grab ခရီးစဉ်တွင် မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာ သောက်စား၍ မောင်းနှင်၊ စီးနင်းခြင်း
  • Grab ပလက်ဖောင်းအား မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ ငွေကြေးခဝါချခြင်း၊ တရားမ၀င် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းစသည့် ရာဇ၀တ်မှုများ ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန် ကြိုးစားခြင်း
  • Grab (သို့) သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုထားခြင်းမရှိသော အောက်ပါပစ္စည်းများကို ပေးပို့ခြင်း/ လက်ခံခြင်း
    • (က) တရားမ၀င် (သို့) သံသယဖြစ်ဖွယ်ပစ္စည်းများ (ဥပမာ၊ မူးယစ်ဆေးဝါးများ)
    • (ခ) အန္တရာယ်ရှိသော ကုန်ပစ္စည်းများ (ဥပမာလက်နက်များ)
    • (ဂ) Grab Flash တွင် တားမြစ်ထားသော ပစ္စည်းများ ( မြန်မာနိုင်ငံတွင် အဆိုပါ ဝန်ဆောင်မှု မရှိပါ)
    • (ဃ) ဥပဒေအရ တားမြစ်ထားသည့်အခြားပစ္စည်းများ

မိမိယာဉ်အား ဂရုစိုက်ထိန်းသိမ်းရန်

သင်၏ မော်တော်ယာဉ်ကို လုပ်ငန်းခွင်ဘေးကင်းမှု စံချိန်စံညွှန်းများ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကောင်းမွန်သော လုပ်ဆောင်မှု အခြေအနေတွင် ထိန်းသိမ်းထားရှိရန် လိုအပ်ပါသည်။ သင့်အနေဖြင့် Grab တွင် မှတ်ပုံတင်ထားသော ယာဉ်ကိုသာ အသုံးပြုရပါမည်။

စည်းမျဉ်း ချိုးဖောက်မှု ဥပမာများမှာ

  • သင်၏ အန္တရာယ်ကင်းရှင်းရေး ကိရိယာများ (ဥပမာ၊ ထိုင်ခုံခါးပတ်/ ဦးထုပ်) အခြေအနေအပေါ် တိုင်တန်းမှုများ
  • ယာဉ်၏ အရည်အသွေးနှင့် အန္တရာယ်ကင်းမှုကို ထိခိုက်စေသော ကားအတွင်းပိုင်း (သို့) ပြင်ပထိခိုက်မှုများ (ဥပမာ၊ လေကာမှန် ကွဲအက်ခြင်း၊ တံခါး (သို့ ) ပြတင်းပေါက်များ ဖွင့်/ ပိတ် မရခြင်း၊ လေအေးပေးစက်အလုပ်မလုပ်ခြင်း)
  • အက်ပ်တွင် ဖော်ပြထားသောယာဉ်နှင့် မတူညီသောမော်တော်ယာဉ် / ယာဉ်အမှတ် / အကောင့်ကို မောင်းနှင်၊ စီးနင်းခြင်း
  • သင်၏ကိုယ်စား Grab ခရီးစဉ်အား ပို့ဆောင်ရန် အခြားမည်သည့်ပုဂ္ဂိုလ်ကိုမဆို သင်၏မော်တော်ယာဉ် သို့မဟုတ် အကောင့်ကို အသုံးပြုရန် ခွင့်ပြုခြင်း
  • Grab တွင် မှတ်ပုံတင်ထားသည့်အတိုင်း မှန်ကန်သော သယ်ယူပို့ဆောင်ရေး၊ ပေးပို့ခြင်းစနစ်ကို အသုံးမပြုခြင်း
  • Grab ခရီးစဉ်ပို့ဆောင်စဉ် အခြား ခရီးသည် (သို့) ပစ္စည်းကို သယ်ယူပို့ဆောင်ပေးခြင်း
  • ယာဉ်၏ အတွင်းပိုင်းနှင့် ပြင်ပတွင် ကြော်ငြာခြင်းနှင့် သက်ဆိုင်သော စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း
  • Grab အက်ပလီကေးရှင်းမှတစ်ဆင့် ဝန်ဆောင်မှုပေးနေစဉ် Grab ၏မူဝါဒအရ ယာဉ်ပေါ်တွင် GrabCar လိုဂို တံဆိပ်ကပ်ရန် ပျက်ကွက်ခြင်း (သို့) ဥပဒေအရ သတ်မှတ်ထားသော အမှတ်အသား ထားရှိရန် ပျက်ကွက်ခြင်း
  • ဥပဒေအရ သတ်မှတ်ထားသော အခြေအနေများနှင့် မကိုက်ညီသော ယာဉ်များ (ဥပမာ၊ ယာဉ်မှတ်ပုံတင် ရက်ကျော်လွန်ခြင်း)