Grab အသုံးပြုသူများမှ လိုက်နာရန် အချက်များ

ပိုမိုကောင်းမွန်သော အရှေ့တောင်အာရှဆီသို့ လှမ်းလျှောက်ရန်အတွက် အားလုံးအတူတကွ ပူးပေါင်းပြီး ‌နေ့စဉ် ပိုမိုလုံခြုံမှုရှိစေရန် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ Grab ကို စီးနင်းသူ ခရီးသည်အဖြစ် အသုံးပြုခြင်းအားဖြင့် သင့်အနေနဲ့ ဆက်လက်ဖော်ပြပါရှိသော ကျင့်ဝတ်စည်းမျဉ်းများ၊ ကျွန်ုပ်တို့၏ စည်းကမ်းသတ်မှတ်ချက်များနဲ့ သင် Grab ကို အသုံးပြု‌နေသော နိုင်ငံမှ ချမှတ်ထားသော ‌‌ဉပဒေများကို လိုက်နာလက်ခံသဘောတူညီပြီး ဖြစ်ပါတယ်။ အောက်ဖော်ပြပါစည်းမျဉ်းများကို ချိုးဖောက်ခြင်း ‌တွေ့ရှိရပါက Grab မှ သင့်အကောင့်ကို ယာယီ သို့မဟုတ် အပြီးအပိုင် ပိတ်သိမ်းခြင်း ပြုလုပ်နိုင်ပါတယ်။

ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ နှောင့်ယှက်စော်ကားခြင်းများအား သည်းခံမည် မဟုတ်ပါ။

ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ နှုတ်ဖြင့် နှောင့်ယှက်စော်ကားမှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှု များအား ဉပဒေအရ တားမြစ်ထားပါတယ်။ ခရီးစဉ် ပြီးဆုံးသွားတဲ့အခါ ပျောက်ဆုံးပစ္စည်း ပြန်လည်ရယူရန်မှလွဲ၍ သင့်အနေနဲ့ သင့်ယာဉ်မောင်း သို့မဟုတ် ‌အခြားခရီးသည်ကို ‌မဆက်သွယ်သင့်ပါဘူး။

လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုက်နာပါ။

သင့်ယာဉ်မောင်းကို သတ်မှတ်မြန်နှုန်းထက် ပိုမိုမြန်ဆန်စွာ မောင်းနှင်ပေးရန် တောင်းဆိုခြင်း သို့မဟုတ် လမ်းစည်းကမ်းသတ်မှတ်ချက်များကို ချိုးဖောက်စေခြင်း မပြုလုပ်ရပါ။ ခါးပတ် အမြဲပတ်ပါ။ စက်ဘီး သို့မဟုတ် စကူတာ စီးနင်းပါက ဦးထုတ်ဆောင်းပါ။

ခိုးယူခြင်း၊ ဒမြတိုက်ခြင်း၊ တပါးသူပစ္စည်းများအား ပျက်စီးစေခြင်းများအား သည်းခံမည် မဟုတ်ပါ။

သင့်အနေနဲ့ ယာဉ်မောင်းရဲ့ ယာဉ် သို့မဟုတ် အခြားသော ပစ္စည်းများကို ခိုးမှု၊ လုယက်မှု၊ ဖျက်ဆီးမှုများ ကျူးလွန်လုပ်ဆောင်ခဲ့ပါက ပြဌာန်းဥပဒေအရ အရေးယူ ခံရမှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနှင့် လက်နက်များ လက်ဝယ်ထားရှိ သယ်ဆောင်ခြင်း

သင့်အနေနဲ့ သင့်ယာဉ်မောင်းဟာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ သုံးစွဲထားတယ်လို့ သံသယရှိပါက ခရီးစဉ်ကို ချက်ချင်း အဆုံးသတ်နိုင်ခွင့် ရှိပြီး သက်ဆိုင်ရာများကို အကြောင်းကြားပါ။ သင့်အနေနဲ့လည်း Grab ကို မူးယစ်ဆေးများ သယ်ယူပို့ဆောင်ရန် အသုံးမပြုရပါ။