SEA တွင် ဘေးကင်းလုံခြုံရေးအဆင့်သတ်မှတ်ချက်ကို မြှင့်တင်ခြင်း

Grab ၏ ဘေးကင်းရေး ကတိကဝတ်သည် စားသုံးသူများနှင့် မိတ်ဖက်များအတွက် ယုံကြည်စိတ်ချမှုကို ဖန်တီးပေးပါသည်။

hero

၂၀၂၃ တွင် ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ၏ သက်ရောက်မှု

99.99%

စီးနင်းမှုအားလုံး၏ 99.99 % သည် အန္တရာယ်ကင်းသော ခရီးစဉ်များ ဖြစ်ခဲ့သည်။*

*ကျွန်ုပ်တို့၏ သွားလာဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ဆောင်မှုများတွင် ခရီးစဉ်အတွင်း ခရီးသည်များ (သို့) မိတ်ဖက်ယာဉ်မောင်းများကြောင့် ဖြစ်ပွားခဲ့သည့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်ပိုင်း အစီရင်ခံမှုများက တစ်ဆင့် ကောက်နှုတ်ထားသည်။

6 X

ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင် (LTA) ၏ ဝန်ဆောင်မှုအရည်အသွေး (QoS) ၏ စံသတ်မှတ်ချက်အရ Grab စီးနင်းမှုများသည် ဒေသတွင်းတွင် ၆ ဆ ပိုမိုဘေးကင်းပါသည်။

ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော ခရီးစဉ်အကာအကွယ်လုပ်ဆောင်ချက်အစီအစဉ်

ခရီးစဉ်မစတင်မီ
ခရီးစဉ်အတွင်း
ခရီးစဉ်အပြီး
စီးနင်းမှု သို့မဟုတ် ပို့ဆောင်မှု မစတင်မီ ဘေးကင်းရေး အစီအမံများ ထားရှိထားပါသည်။
ခရီးစဉ်အတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို သေချာအသုံးပြုနိုင်ရန် ပံ့ပိုးပေးထားပါသည်။
ကျွန်ုပ်တို့ပလက်ဖောင်း၏ ဘေးကင်းလုံခြုံရေးစံနှုန်းကို တိုးတက်စေရန် အကြံပြုသုံးသပ်ချက်များကို စဉ်ဆက်မပြတ် ရယူလျက် ရှိပါသည်။

ပိုမိုဘေးကင်းလုံခြုံသောခရီးစဉ်များ ဖန်တီးရန် Grab ၏ လုပ်ဆောင်ချက်များ

card image

စတင်အသုံးပြုခြင်း

ကျွန်ုပ်တို့၏ ပလက်ဖောင်းနှင့် ဝန်ဆောင်မှုများကို သုံးစွဲသူအုပ်စုအားလုံး ဘေးကင်းစွာ အသုံးပြုနိုင်ရန် လမ်းညွှန်သည့်အနေနှင့်ကျွန်ုပ်တို့၏ မိတ်ဖက် ယာဉ်မောင်းများနှင့် မိတ်ဖက်ဆိုင်လုပ်ငန်းရှင်များအတွက် လိုက်နာရန် ကျင့်ဝတ်များအပြင် စားသုံးသူများအပါအဝင် သုံးစွဲသူအားလုံးအတွက် စည်းမျဥ်းစည်းကမ်းဆိုင်ရာ မူဝါဒများနှင့် ကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှု မူဝါဒတို့ကို ချမှတ်ထားပါသည်။

card image

မတက်မနေရ ဘေးကင်းရေး သင်တန်း

မိတ်ဖက်ယာဉ်မောင်းများသည် ဘေးကင်းရှင်းရေးဆိုင်ရာ သင်တန်းကို Grab တွင် ပထမဆုံး စာရင်းသွင်းသည့်အချိန်တွင် မဖြစ်မနေ ပြီးစီးရန် လိုအပ်ပါသည်။ ထိုသင်တန်းကတစ်ဆင့် မတူကွဲပြားသော အခြေအနေအမျိုးမျိုး၌ ဘေးကင်းစေရေးအတွက် လိုအပ်သည့် အသိပညာများ ရှိပြီးဖြစ်ကြောင်း သေချာစေရန် ဖြစ်ပါသည်။

card image

မတက်မနေရ လိင်ပိုင်းနှောင့်ယှက်မှုဆိုင်ရာ သင်တန်း

ဤသင်တန်းများသည် ကျွန်ုပ်တို့၏မိတ်ဖက်ယာဉ်မောင်းများကို လိင်ပိုင်းနှောင့်ယှက်မှုနှင့် ပတ်သက်သည့် အသိပညာများ ရရှိစေပြီး၊ ခရီးသည်များကို ပို့ဆောင်သည့်အခါ သူတို့၏ အပြုအမူနှင့် အပြောအဆိုများကို ပိုမိုသတိထားနိုင်အောင် အကူအညီပေးပါသည်။

card image

အတည်ပြုခြင်း

မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များကို အက်ပ်ကတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ၎င်းတို့၏ ဆယ်လ်ဖီများ ပေးပို့စေခြင်းဖြင့် အတည်ပြုခြင်း

card image

အကြောင်းအရာ စိစစ်ခြင်း

GrabChat တွင် အပြန်အလှန်လေးစားမှုရှိသော ဆက်သွယ်မှုကို ပြုလုပ်နိုင်စေရန် အကြောင်းအရာများကို ထိန်းညှိပေးခြင်း : ကျွန်ုပ်တို့အနေနှင့် မသင့်လျော်သည့် မက်ဆေ့ချ်များကို တားဆီးပိတ်ပင်နိုင်သည့် လုပ်ဆောင်ချက်အတွက် AI ကို အသုံးပြုထားသည်။

testimonial image
Grab နှင့် ဘေးကင်းလုံခြုံမှု

"Grab မှာ သူ့ရဲ့ ယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ သတ်မှတ်ချက်တွေနဲ့ စည်းမျည်းစည်းကမ်းတွေ ထားရှိတာကို ကျွန်မ အထူးပဲ ကျေးဇူးတင်မိပါတယ်။ Grab နဲ့ စီးတဲ့အခါ ပိုပြီး စိတ်ချရတယ်ဆိုတဲ့ ခံစားမှုကို ရပါတယ်။ အထူးသဖြင့် SOS ခလုတ်လို အရေးပေါ် နံပါတ်တွေ ထားလို့ ရတာ၊ ကိုယ့်ရဲ့ တည်နေရာကို ဝေမျှလို့ ရတဲ့ လုပ်ဆောင်ချက်တွေ ရှိတာတွေက Grab အနေနဲ့ သူ့ရဲ့ ခရီးသည်တွေ ဘေးကင်းလုံခြုံမှုအတွက် ဘယ်လောက် အလေးထားသလဲဆိုတာ ပေါ်လွင်နေပါတယ်။ "

Abigail Emelly Theseira

မလေးရှား

Grab ခရီးသည်

ပိုမိုတောက်ပသောအနာဂတ်ကို ပုံဖော်ပေးသည့် Grab ၏ ESG ဆိုင်ရာ နောက်ဆုံးလုပ်ဆောင်ချက်များကို ကြည့်ရှုပါ။
ကျွန်ုပ်တို့၏ ပြည့်စုံသော ESG အစီရင်ခံစာကို သေချာကြည့်ရှုပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များအပေါ် ကျွန်ုပ်တို့ ထားရှိသည့် ကတိကဝတ်များကို လေ့လာလိုက်ပါ။
၂၀၂၃ ခုနှစ် ESG အစီရင်ခံစာကိုကြည့်ပါ