၂၀၂၃ ခုနှစ်တွင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းအစုံ ၈၁၇ မီလျံကို မသုံးစွဲဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
မလေးရှားနှင့် အင်ဒိုနီးရှားရှိ Reverse-Vending Machines (RVMs) မှတစ်ဆင့် အစားအစာထုပ်ပိုးမှု စွန့်ပစ်ပစ္စည်းများ အပါအဝင် ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများအား စုစည်းခဲ့ပါသည်။
၂၀၁၉ ခုနှစ်တွင် ကျွန်ုပ်တို့သည် စားသုံးသူများအား မလိုအပ်ပါက ၎င်းတို့၏ အစားအသောက်အော်ဒါအတွက် တစ်ခါသုံးပစ္စည်းများကို မယူရန် တိုက်တွန်းသည့်အနေဖြင့် ရွေးချယ်စရာ ခလုတ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါသည်။ ၎င်းသည် အကျိုးသက်ရောက်မှုရှိပြီး အဆိုပါ ခလုတ်ကို သုံးစွဲသူများ ရွေးချယ်ထုတ်ပယ်နိုင်သည့်လုပ်ဆောင်ချက်တစ်ခုအဖြစ် အက်ပ်အတွင်း ဆက်လက်ထည့်သွင်းထားပါသည်။
Grab သည် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို စုစည်းနိုင်ရန်အလို့ငှာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် RVMs စက်များကို မိတ်ဆက်ရန် ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေပါသည်။ Grab သည် အစားအစာထုပ်ပိုးသည့် စွန့်ပစ်ပစ္စည်းများ ( ဉပမာ ဗူးများနှင့် အဖုံးများ) နှင့် ပုံမှန် PET ပုလင်း အဖုံးများနှင့် ဗူးများကို ရွေးချယ်ပြီး လက်ခံလုပ်ဆောင်နိုင်ရန် လေ့ကျင့်ပေးထားသည့် 18 AI-driven RVMs ကို မိတ်ဆက်ရန် KLEAN၊ F&N နှင့် MRANTI တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ၎င်းက ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို မှန်ကန်စွာ စုဆောင်းရွေးချယ်နိုင်ရန် အကူအညီပေးပါသည်။
အင်ဒိုနီးရှားတွင် ကျွန်ုပ်တို့သည် စားသုံးသူများအား အသုံးအဆောင်ပစ္စည်းများ ပြန်လည်သုံးစွဲစေရေး လှုံ့ဆော်နိုင်ရန် ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေပြီး ကျွန်ုပ်တို့၏ GrabExpress Recycle ယာဉ်အုပ်စုကို အသုံးပြုပြီး ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို လိုက်လံ ကောက်ယူစုစည်းကာ ပစ္စည်းစုဆောင်းရေးစင်တာများဆီသို့ ပို့ဆောင်ပေးသည်။
ငါးမန်းဆူးတောင်ငါးဖမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု ရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပလက်ဖောင်းပေါ်ရှိ ငါးမန်းဆူးတောင်အမျိုးအမည်များကို သေချာဖယ်ရှားခဲ့ပါသည်။ ထိုသို့မဟုတ်ပါက ''အသားတု " (ဥပမာ သက်သတ်လွတ်ဟင်း) ဟူ၍ ရှင်းလင်းစွာ ပြန်လည်တံဆိပ်ကပ်ထားသည်။
မလေးရှားရှိ ကျွန်ုပ်တို့၏စူပါမားကတ် Jaya Grocer တွင် ကျွန်ုပ်တို့သည် စားသုံးသူများအား သန့်စင်ပြီး ပြန်လည်အသုံးပြုနိုင်သည့် ဖန်ပုလင်းများဖြင့် နွားနို့ဝယ်ယူနိုင်စေရန် Farm Fresh နှင့် ပူးပေါင်းလုပ်ဆောင်သည့် ပဏာမခြေလှမ်းကို စမ်းသပ်လုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စတင်ဖြန့်ချိပြီးကတည်းက နွားနို့ ၃၁,၀၀၀ လီတာကျော်ကို ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းများမှတစ်ဆင့် ရောင်းချခဲ့ပြီး ပျမ်းမျှပြန်ဖြည့်နှုန်းမှာ ၃.၄ ဆ ဖြစ်ပါသည်။