၂၀၄၀ တွင် ကာဗွန်မျှခြေသို့ ဦးတည်သည့် ခရီးလမ်းကြောင်း

Grab သည် ၂၀၄၀ ခုနှစ်တွင်း ကျွန်ုပ်တို့၏ ကာဗွန်မျှခြေသို့ ဦးတည်သည့် လမ်းခရီးတွင် ပထမဆုံး ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးလုပ်ဆောင်မှုကို စတင်ခဲ့ပြီဖြစ်သည်။

hero

၂၀၂၃ တွင် ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ၏ သက်ရောက်မှု

6.30%

6.3 % သော သွားခဲ့သည့် ခရီးအကွာအဝေး (ကီလိုမီတာ ) သည် ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းသော ( သို့) ထုတ်လွှတ်မှု လုံးဝမရှိသော သွားလာမှုပုံစံများ ( လျှပ်စစ်ကား၊ ဟိုက်ဘရစ်ယာဉ်များ၊ စက်ဘီးစီးသူများနှင့် လမ်းလျှောက်သူများ) ဖြင့် ဖြစ်ပါသည်။

100%

Grab ရုံးများအားလုံးအတွက် ၎င်း၏လုပ်ငန်းလည်ပတ်မှုများတွင် ၁၀၀ % ပြန်ပြည့်မြဲ စွမ်းအင်ကို အသုံးပြုပါသည်။

~$5 မီလျံ

~ $5 မီလျံ ရန်ပုံငွေကို အရှေ့တောင်အာရှရှိ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းနှင့် ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများသို့ လွှဲပြောင်းပေးခဲ့သည်။

၂၀၄၀ ခုနှစ်တွင် ကာဗွန်မျှခြေသို့ ရောက်ရှိရန် အဆင့် ၄ ခု

အဆင့် 1
အဆင့် 2
အဆင့် 3
အဆင့် 4
ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ယာဉ်များသို့ ကူးပြောင်းခြင်း
Grab ၏ ရုံးနေရာနယ်နိမိတ်များအတွက် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုခြင်း
ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အလေ့အကျင့်များ ကျင့်သုံးခြင်း
ကာဗွန်ရှောင်ရှားမှုနှင့် ဖယ်ရှားမှု အစီအစဉ်များ

အဆင့် ၄ ခု နှင့် လုပ်ဆောင်ချက်များကို အသေးစိတ်လေ့လာခြင်း

card image

ဆန်းသစ်တီထွင်မှုများလုပ်ဆောင်ရန် အားထုတ်ခြင်း

ကျွန်ုပ်တို့သည် မိတ်ဖက်ယာဉ်မောင်းများနှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုပေးအပ်သူများ ( ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ အခြေခံအဆောက်အုံလုပ်ငန်းများမှအစ ကားထုတ်လုပ်သူများအထိ ) အကြား စမ်းသပ်မှုများကို အကျယ်တဝင့် ပြုလုပ်နိုင်ရန် အချိတ်အဆက်တစ်ခုအနေနှင့် ဆောင်ရွက်ပေးသည်။
Grab သည် လျှပ်စစ်ကား အထူးပြုပတ်ဝန်းကျင်ဖန်တီးသူများအနေနှင့် ကျွန်ုပ်တို့၏ ဒေတာအချက်အလက်များ၊ နည်းပညာနှင့် သန်းပေါင်းများစွာသော မိတ်ဖက်ယာဉ်မောင်းများကို အသုံးပြုပြီး စမ်းသပ်မှုများ ပြုခြင်း၊ ဒေသတွင်း ဝန်ဆောင်မှုပေးခြင်းနှင့် ပိုမိုကောင်းမွန်သော ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ရန် ဆန်းသစ်တီထွင်မှုကို ပံ့ပိုးပေးသော တမူထူးသည့် အနေအထားတွင် ရှိနေပါသည်။

card image

စီးပွားရေး တည်တံ့ရှင်သန်ရေးအတွက် ကြိုးပမ်းခြင်း

အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ကျွန်ုပ်တို့သည် ကိုယ်ပိုင်ကားဝယ်မစီးနိုင်သော၊ နေ့စဉ် အငှားစရိတ်ဖြင့် မသုံးစွဲနိုင်သော၊ ကားထိန်းသိမ်းမှုတို့ကို မလုပ်ဆောင်နိုင်သော ဝင်ငွေနည်း လူတန်းစားကို ဝန်ဆောင်မှုပေးရန် လျှပ်စစ်ကားအငှားဝန်ဆောင်မှုအစီအစဉ်ကို ထားရှိထားပါသည်။ ကျွန်ုပ်တို့တွင် Grab ပလက်ဖောင်းပေါ်ရှိ မိတ်ဖက်ယာဉ်မောင်းတို့၏မှတ်တမ်းများအပေါ် အခြေခံပြီး နေ့စဉ် အရစ်ချပေးချေမှုများနှင့် ချေးငွေအစီအစဉ်များ၊ ကနေဦး အစပြုငွေတစ်စုံတစ်ရာ ပေးရန် မလိုအပ်သော လျှပ်စစ်ကားများ ဝယ်ယူနိုင်ရေး အစီအစဉ်များလည်း ရှိပါသည်။

card image

လျင်မြန်စွာ အသုံးပြုနိုင်ရေး ကြိုးပမ်းခြင်း

လျှပ်စစ်ကားများ ဝယ်လိုအားကို မြှင့်တင်ရန် နှင့် သုံးစွဲသူများအတွက် ရွေးချယ်စရာ ပေးအပ်နိုင်ရန် Grab သည် အင်ဒိုနီးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ၎င်း၏ အက်ပ်အတွင်း ရွေးချယ်စရာ သွားလာရေးယာဉ်အမျိုးအစားတွင် လျှပ်စစ်ကား ( သို့) ဟိုက်ဘရစ်ယာဉ် အမျိုးအစားကိုပါ ထည့်သွင်းထားပါသည်။

testimonial image
မိခင်တစ်ဦး၏ လွယ်ကူသက်သာသော စီးနင်းမှု

GrabElectric နဲ့ဆိုတော့ ဝန်ဆောင်မှုစရိတ်တွေ ဒါမှမဟုတ် အာမခံတွေအကြောင်း စဉ်းစားစရာမလိုဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မရဲ့ အငှားစရိတ်မှာ ဒါတွေ အားလုံး ပါပြီးသားဖြစ်လို့ပါပဲ။ ဘက်ထရီလဲလှယ်တဲ့ အစီအစဉ်တွေ လုပ်ထားပေးတာကလည်း ဆီဝယ်မောင်းရတာထက် ပိုပြီး ကုန်ကျစရိတ်သက်သာစေပါတယ်။

Wahyuni Maharani

အင်ဒိုနီးရှား

ပိုမိုတောက်ပသောအနာဂတ်ကို ပုံဖော်ပေးသည့် Grab ၏ ESG ဆိုင်ရာ နောက်ဆုံးလုပ်ဆောင်ချက်များကို ကြည့်ရှုပါ။
ကျွန်ုပ်တို့၏ ပြည့်စုံသော ESG အစီရင်ခံစာကို သေချာကြည့်ရှုပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များအပေါ် ကျွန်ုပ်တို့ ထားရှိသည့် ကတိကဝတ်များကို လေ့လာလိုက်ပါ။
၂၀၂၃ ခုနှစ် ESG အစီရင်ခံစာကိုကြည့်ပါ