အားလုံးပါဝင်သည့် ကျွန်ုပ်တို့၏လုပ်ငန်းခွင်

ကျွန်ုပ်တို့သည် မတူကွဲပြားသော စွမ်းရည်များမှ အကောင်းဆုံးကို ဖော်ထုတ်ပေးခြင်းဖြင့် အရှေ့တောင်အာရှအတွက် တိုးတက်စေပြီး၊ စိန်ခေါ်မှုများကို ဖြေရှင်းပေးပါသည်။

hero

၂၀၂၃ တွင် ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ၏ သက်ရောက်မှု

36%

ခေါင်းဆောင်မှုနေရာတွင် အမျိုးသမီးအရေအတွက်မှာ ၂၀၃၀ တွင် ရည်မှန်းထားသည့် ၄၀ % သို့ ရောက်ရှိရန် ၂ ရာခိုင်နှုန်း တက်သွားပြီဖြစ်သည်။

0.98

0.98 ကျား/မ လုပ်ခလစာတန်းတူညီမျှရေး အညွှန်းကိန်း - Grab တွင် အမျိုးသမီးဝန်ထမ်းတစ်ဦးသည် ၉၈ ဆင့် ရရှိနေချိန်တွင် အလားတူ အလုပ်ရာထူးကို ထမ်းဆောင်နေသည့် အမျိုးသားဝန်ထမ်းတစ်ဦးသည် တစ်ဒေါ်လာရရှိနေသည်။

79%

Grab ဝန်ထမ်းများ၏ Engagement Score တွင် အလုပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထား အပြုသဘောရှိမှုအတိုင်းအတာမှာ အလားတူ လုပ်ငန်းနယ်ပယ်တွင်း သတ်မှတ်နှုန်းထက် ၃ % ပိုမြင့်ပါသည်။

ကျွန်ုပ်တို့၏ မတူကွဲပြားသော အရည်အချင်းများမှ အကောင်းဆုံးကို ဖော်ဆောင်ပေးခြင်း

card image

လူတိုင်းပါဝင်သည့် တိုးတက်မှုဖြစ်ရန် အားဖြည့်ပံ့ပိုးပေးခြင်း

Grab သည် ဝန်ထမ်းများအား ကျွမ်းကျင်မှုအခြေခံသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆီမှ သင်ယူနိုင်သည့် အစီအစဉ်များ စသည့် အမျိုးမျိုးသော တိုးတက်ရေး အခွင့်အလမ်းများအားဖြင့် သူတို့၏ တက်လမ်းကို ပြင်ဆင်ပေးပြီး ပံ့ပိုးပေးပါသည်။ လေးနက်ကျယ်ပြန့်သည့် အတွေ့အကြုံများအားဖြင့်လည်း ဝန်ထမ်းများကို သုံးစွဲသူများနှင့် မိတ်ဖက်များနှင့် တိုက်ရိုက်ဆက်သွယ်မှုများ လုပ်ဆောင်စေနိုင်ပြီး အမှန်တကယ် မြေပြင်ရှိ လိုအပ်ချက်များအတွက် အဖြေရှာကာ ၎င်းတို့ကို ပြေလည်စေမည့် နည်းလမ်းများကို တီထွင်ဖန်တီးနိုင်ရန် ပံ့ပိုးပေးပါသည်။

card image

အထောက်အကူဖြစ်သည့် ပတ်ဝန်းကျင်ပျိုးထောင်ပေးခြင်း

Grab သည် ဝန်ထမ်းဦးဆောင်ပြီး လူတိုင်း ပါဝင်သည့် လူမှုအသိုင်းအဝိုင်းကဲ့သို့သော လှုပ်ရှားမှုများကို ပံ့ပိုးပေးခြင်းဖြင့် အားလုံးအတူတူ တစ်သားတည်း ဖြစ်ခြင်း အလေ့အထကို တည်ဆောက်ထားပါသည်။ ယခုတွင် အမျိုးသမီးများ၊ မိဘများ၊ LGBTQ+ အဖြစ် သတ်မှတ်ထားသော လူများနှင့် အထောက်အပံ့လိုအပ်ချက်ရှိသော လူများကို ကိုယ်စားပြုနေသော အုပ်စုလေးခု ရှိပါသည်။

card image

ဝန်ထမ်းများနှင့်အတူ စိတ်အားထက်သန်သော လုပ်ငန်းခွင်တစ်ခု ပူးပေါင်း-ဖန်တီးခြင်း

သုံးစွဲသူများထံမှ အကြံပြုချက်များဖြင့် Grab ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြုပြင်လုပ်ဆောင်သကဲ့သို့ပင် ဝန်ထမ်းများထံမှ ကိုယ်တွေ့အတွေ့အကြုံများဖြင့် Grab ၏ လုပ်ငန်းခွင်ကို ပြုပြင်ပုံသွင်းပါသည်။ နှစ်စဉ် Grab ဝန်ထမ်းများ သဘောထား စစ်တမ်းမှတစ်ဆင့် Grab သည် အမှန်တကယ် စွမ်းဆောင်ရည်ပြည့်ဝပြီး အားလုံးပါဝင်နိုင်သည့် လုပ်ငန်းခွင်တစ်ခု တည်ဆောက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ အကြံပြုချက်များကို ရယူစုဆောင်းပါသည်။

testimonial image
ကျွန်ုပ်တို့၏ လုပ်ငန်းခွင်ယဉ်ကျေးမှု

" အားလုံးပါဝင်ပြီး မတူကွဲပြားမှုကို ဦးစားပေးတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို Grab မှာ တည်ဆောက်ထားပါတယ်။ မတူတဲ့ နောက်ခံအမျိုးမျိုးက လာတဲ့ တစ်ဦးချင်းစီအနေနဲ့ မိမိကို တန်ဖိုးထားတယ်။ လေးလေးစားစား ဆက်ဆံခံရတယ်လို့ ခံစားရစေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။ ဒါက ဝန်ထမ်းတွေကို သူတို့ရဲ့ မတူတဲ့ အမြင်ရှုထောင့်တွေနဲ့ အတွ့အကြုံတွေကို လွတ်လွတ်လပ်လပ် ပြောထွက်နိုင်ဖို့ တွန်းအားပေးပြီး ဒီအရာတွေကတစ်ဆင့် ပိုကြီးမားတဲ့ ဆန်းသစ်တီထွင်မှုနဲ့ အောင်မြင်မှုကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။ အခုလို ပံ့ပိုးကူညီမှုနဲ့ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်ဟာ ဝန်ထမ်းတွေအတွက် သူတို့နဲ့ လုံးလုံး သက်ဆိုင်တယ်၊ ဒါ ငါတို့ရဲ့ လုပ်ငန်းခွင် ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပြီး စိတ်ဓာတ်ကို မြှင့်တင်နိုင်သလို သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။"

Pamela Knaggs

စင်ကာပူ

စားသုံးသူအတွေ့အကြုံများ၏ PMM ခေါင်းဆောင်

Co-chair of Parents at Grab Inclusion Community

ပိုမိုတောက်ပသောအနာဂတ်ကို ပုံဖော်ပေးသည့် Grab ၏ ESG ဆိုင်ရာ နောက်ဆုံးလုပ်ဆောင်ချက်များကို ကြည့်ရှုပါ။
ကျွန်ုပ်တို့၏ ပြည့်စုံသော ESG အစီရင်ခံစာကို သေချာကြည့်ရှုပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များအပေါ် ကျွန်ုပ်တို့ ထားရှိသည့် ကတိကဝတ်များကို လေ့လာလိုက်ပါ။
၂၀၂၃ ခုနှစ် ESG အစီရင်ခံစာကိုကြည့်ပါ