မိတ်ဖက်ယာဉ်မောင်းများနှင့် ဆိုင်လုပ်ငန်းရှင်များထံ စုစုပေါင်း ချေးငွေပမာဏ ~$ ၁.၅ ဘီလျံ ထုတ်ပေးပြီးဖြစ်ပြီး နှစ်စဉ် ၅၇% တိုးတက်မှု ရှိခဲ့ပြီ ဖြစ်သည်။
လက်ရှိ ပလက်ဖောင်းတွင် အလုပ်လုပ်နေကြသော မိတ်ဖက်ယာဉ်မောင်း ၃ ဦးတွင် ၁ ဦးသည် Grab ၏ ချေးငွေအစီအစဉ်ဖြင့် ချေးငွေ ယူကြသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ မိတ်ဖက်ယာဉ်မောင်းများ၏ အရေးပေါ်အခြေအနေများ (သို့ ) ကြီးမားသောကုန်ကျစရိတ်များရှိသည့်အခါ ၎င်းတို့ကို ပိုမိုကောင်းမွန်သော ချေးငွေစနစ်ကို လက်လှမ်းမီစေရန် ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်သည့် စျေးကွက်အားလုံးရှိ လိုအပ်ချက်အလိုက် ငွေသားချေးငွေကမ်းလှမ်းမှုများကို ဆောင်ရွက်ပေးပါသည်။ ယင်းက ၎င်းတို့အား လိုင်စင်မဲ့ ငွေချေးသူများထံမှ ချေးငှားစရာ မလိုတော့ဘဲ အခြားရွေးချယ်စရာတစ်ခုအဖြစ် ပံ့ပိုးပေးပါသည်။
မိတ်ဖက်များအား ၎င်းတို့ မျှော်မှန်းဝင်ငွေထက် ပိုပြီး အကြွေးမတင်စေရန် ကျွန်ုပ်တို့သည် ချေးငွေရယူနိုင်သည့် ပမာဏအပေါ် တင်းကျပ်သည့် သတ်မှတ်ချက်များ ထားရှိထားပါသည်။ ၎င်းသတ်မှတ်ချက်များမှာ တစ်ဦးချင်းစီတိုင်းအတွက် သူတို့၏ ယခင်ရရှိနေသောဝင်ငွေနှင့် မောင်းနှင်မှုမှတ်တမ်းကဲ့သို့သော အချက်များပေါ်တွင် ထည့်သွင်းစဉ်းစားပြီး တွက်ချက်ထားခြင်းဖြစ်ပါသည်။
လုပ်ငန်းရှင် ငွေသားကြိုတင်ထုတ်ယူမှုကတစ်ဆင့် အသေးစားလုပ်ငန်းရှင်များအနေနှင့် ၎င်းတို့ လုပ်ငန်း ကြီးထွားရန်နှင့် ငွေစီးဆင်းမှုအတွက် အဆင်ပြေစေရန် လိုအပ်သည့် အရင်းအနှီးကို ရရှိနိုင်သည်။
" လိုင်စင်မဲ့ ငွေချေးသူတွေဆီက အကြွေးယူစရာမလိုတော့တဲ့အတွက်နဲ့ သူတို့ဆီမှာ အကြွေးတင်စရာမလိုတော့လို့ ကျေးဇူးတင်ပါတယ်။ "
Yum Tum Lao စားသောက်ဆိုင်ပိုင်ရှင် ၊ ဖူးခက်