ပညာရေးဖြင့် လူမှုဘဝများကို ပြောင်းလဲခြင်း

GrabForGood ရန်ပုံငွေမှ ပံ့ပိုးပေးသော အစီအစဉ်သည် ပညာရေးမှတစ်ဆင့် ကျွန်ုပ်တို့၏ မိတ်ဖက်များ၊ လူထုနှင့် အရပ်သားများ၏ လူမှုစီးပွားရေးအဆင့်ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

လက်ရှိတွင် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်သာ လုပ်ဆောင်ပေးလျက် ရှိသည်။

hero

၂၀၂၃ တွင် ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ၏ သက်ရောက်မှု

~1.500

~1,500 သော ကျောင်းသားများသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် နှစ်စဉ် GrabForGood ရန်ပုံငွေမှ အကျိုးခံစားခွင့် ရထားသည်။

$1 မီလျံ

၂၀၂၂ ခုနှစ်မှစ၍ GrabForGood ရန်ပုံငွေမှ GrabScholar အစီအစဉ်ကို စတင်ခဲ့သည်။

GrabForGood ရန်ပုံငွေမှတစ်ဆင့် လူမှုအသိုက်အဝန်းများကို မြှင့်တင်ပေးခြင်း

card image

အပြည့်အဝတက္ကသိုလ်ပညာသင်ဆုများ

အပြည့်အဝတက္ကသိုလ်ပညာသင်ဆုများသည် ကျွန်ုပ်တို့ ပညာတော်သင်များ၏ ပညာရေးခရီးတစ်လျှောက်လုံး ချောမွေ့စေရေးအတွက် ပံ့ပိုးမှုများ ပေးအပ်သည်။ ၎င်းတို့၏ အကျိုးခံစားခွင့်များမှာ 

    • ကျူရှင်စရိတ် အပြည့်အဝ
    • နေထိုင်စရိတ်
    • သင်ယူမှုနှင့်ဖွံဖြိုးတိုးတက်မှုပရိုဂရမ်များ
    • အလုပ်သင် အခွင့်အလမ်းများ

card image

ထောက်ပံ့ကြေးများ

ထောက်ပံ့ကြေးများသည် အရည်အချင်းပြည့်မီသော မူလတန်းနှင့် အလယ်တန်းကျောင်းသူ၊ ကျောင်းသားများအား စာအုပ်များနှင့် ကျောင်းသုံးပစ္စည်းများကဲ့သို့သော မရှိမဖြစ်ပစ္စည်းများကို ဝယ်ယူရန်အတွက် ပံ့ပိုးပေးသည့် တစ်ကြိမ်စာ ငွေကြေးကူညီမှု ဖြစ်ပါသည်။

မိတ်ဖက်များ

Grab သည် GrabScholar အစီအစဉ်အတွက် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းကာ ပညာသင်ဆုများနှင့် ပညာသင်ဆုများမှတစ်ဆင့် ကျောင်းသားများကို စွမ်းဆောင်ရည်မြှင့်တင်ပေးပါသည်။

Malaysia

partner
Yayasan Tunku Abdul Rahman
Yayasan Tunku Abdul Rahman (YTAR) သည် Tunku Abdul Rahman Foundation Act 1966 မှ တည်ထောင်ထားသည့် ဥပဒေအဖွဲ့တစ်ခုဖြစ်ပြီး Tunku ၏ မျှော်မှန်းချက်နှင့်အညီ လူငယ်များအား ပညာသင်ဆု၊ ကျွမ်းကျင်မှုနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန် ရည်ရွယ်ပြီး မလေးရှားနိုင်ငံအတွက် မြင့်မားသောပညာရေးစနစ်တစ်ခုဖြစ်သည်။ YTAR သည် ငယ်ရွယ်သောမလေးရှားနိုင်ငံသားများ အထူးသဖြင့် လက်လှမ်းမမီသော အသိုင်းအဝိုင်းမှ သူတို့၏ဆန္ဒများကိုအောင်မြင်စေရန်အတွက် Closing The Gap (CTG) အစီအစဉ်၊ Tunku Abdul Rahman Scholarship (BTAR) နှင့် FutureReady အစီအစဉ်တို့မှတဆင့် စွမ်းဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။
partner
GoBarakah
GoBarakah သည် ဆန်းသစ်တီထွင်ထားသည့် ပေးလှူမှုပြုနိုင်သောပလက်ဖောင်းဖြစ်ပြီး လှူဒါန်းသူတစ်ဦးချင်းစီနှင့် ကော်ပိုရိတ်တို့မှ ပေးအပ်လှူဒါန်းမှုများကို ဘောက်ချာအဖြစ် ပြောင်းလဲကာ အကျိုးခံစားသူများမှ တိုက်ရိုက်လက်ခံနိုင်သည့် စနစ်ဖြစ်သည်။ ဤဘောက်ချာများကို ငွေသားအဖြစ် ( သို့ ) အခြား လဲလှယ်သည့်ပုံစံဖြင့် အသုံးပြုခြင်းများကို အစီအစဉ်ရဲ့ ပံ့ပိုးသူမှ ဆုံးဖြတ်သည်။ GoBarakah ၏ရည်ရွယ်ချက်မှာ ပွင့်လင်းမြင်သာမှု၊ ထည့်သွင်းစဉ်းစားမှုနှင့် ယုံကြည်မှုတို့ကို ပံ့ပိုးပေးခြင်းဖြင့် လူမှုအကူအညီကို မြှင့်တင်ရန်ဖြစ်သည်။

အင်ဒိုနီးရှား

partner
BenihBaik
အင်ဒိုနီးရှားရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ဘွဲ့ကြိုကျောင်းသားပေါင်း ၁၀၀၀ ကျော်ကို ပံ့ပိုးကူညီရန် အင်ဒိုနီးရှားလူစုလူဝေးရန်ပုံငွေပလက်ဖောင်းဖြစ်သည့် BenihBaik နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ဖိလစ်ပိုင်

partner
BagoSphere
BagoSphere ဖြင့် ကျွန်ုပ်တို့သည် ကောလိပ်ပညာသင်ဆု၊ ထောက်ပံ့ကြေးပံ့ပိုးမှုနှင့် ACED-BagoSphere BPO Fellowship (BBF) အစီအစဉ်ကို အကျုံးဝင်သည့် သုံးဖက်မြင်ပညာသင်ဆုအစီအစဉ်ကို စတင်ခဲ့ပါသည်။ GrabScholar Philippines သည် ဖိလစ်ပိုင်လူငယ်ကျောင်းသား ၃၀၀ နှင့် အရွယ်ရောက်ပြီးသူ သင်ယူသူ ၁၅၀ ခန့်ကို ကူညီပေးရန် စီစဉ်ထားသည်။
ပိုမိုတောက်ပသောအနာဂတ်ကို ပုံဖော်ပေးသည့် Grab ၏ ESG ဆိုင်ရာ နောက်ဆုံးလုပ်ဆောင်ချက်များကို ကြည့်ရှုပါ။
ကျွန်ုပ်တို့၏ ပြည့်စုံသော ESG အစီရင်ခံစာကို သေချာကြည့်ရှုပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များအပေါ် ကျွန်ုပ်တို့ ထားရှိသည့် ကတိကဝတ်များကို လေ့လာလိုက်ပါ။
၂၀၂၃ ခုနှစ် ESG အစီရင်ခံစာကိုကြည့်ပါ