Grab Myanmar မှ ၂၀၁၈ ခုနှစ်အတွင်း အောင်မြင်မှုမှတ်တိုင်များနှင့် ၂၀၁၉ ခုနှစ် လုပ်ဆောင်သွားမည့်အစီအစဉ်များကို အသိပေးမိတ်ဆက်
အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ဝန်ဆောင်မှုအသစ်များ ဖြစ်သော GrabShare နှင့် GrabThoneBane ကို မိတ်ဆက်ပေးနိုင်ခဲ့ခြင်း၊ မန္တလေးမြို့နှင့် ပုဂံမြို့များတွင် တိုးချဲ့ ပြေးဆွဲနိုင်ခဲ့ခြင်း၊ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည့် Uber ၏ အရှေ့တောင်အာရှနိုင်ငံများရှိ လုပ်ငန်းလည်ပတ်မှုများကို လွှဲပြောင်းရယူနိုင်ခဲ့ခြင်း၊ ပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေးနှင့် ခရီးသည်များ လုံခြုံရေးအတွက် အက်ပလီကေးရှင်းအတွင်း လုပ်ဆောင်ချက်အသစ်များဖြင့် အဆင့်မြှင့်တင်ပေးခဲ့ခြင်း စသည့် အကြောင်းအရာများစွာဖြင့် အံ့အားသင့်ဖွယ်ရာ ထူးခြားသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။