Grab မှ မြန်မာတို့၏ နေ့စဉ်သုံး Super App တစ်ခုအဖြစ် ဝန်ဆောင်မှုပေးသွားမည့်ကတိကဝတ်အား အရှိန်အဟုန်မြှင့် လုပ်ဆောင်
ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၁ ရက် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသ၏ ထိပ်တန်း Super App တစ်ခုဖြစ်သည့် Grab သည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် နိုင်ငံတွင်း နေထိုင်သူများအတွက် ကောင်းမွန်သည့် တန်ဖိုးမြှင့်ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပြီး ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေမည့် ၎င်း၏ အစီအစဉ်များကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြင့် တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် Grab ၏ ကာလရှည် ရင်းနှီးမြှုပ်နှံမှုကြီးသည် မည်သည့် လူမှုအသိုက်အဝန်းမျိုးအတွက်မဆို […]
Grab မှ မြန်မာတို့၏ နေ့စဉ်သုံး Super App တစ်ခုအဖြစ် ဝန်ဆောင်မှုပေးသွားမည့်ကတိကဝတ်အား အရှိန်အဟုန်မြှင့် လုပ်ဆောင်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၁ ရက် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသ၏ ထိပ်တန်း Super App တစ်ခုဖြစ်သည့် Grab သည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် နိုင်ငံတွင်း နေထိုင်သူများအတွက် ကောင်းမွန်သည့် တန်ဖိုးမြှင့်ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပြီး ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေမည့် ၎င်း၏ အစီအစဉ်များကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြင့် တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် Grab ၏ ကာလရှည် ရင်းနှီးမြှုပ်နှံမှုကြီးသည် မည်သည့် လူမှုအသိုက်အဝန်းမျိုးအတွက်မဆို ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ယူဆောင်ပေးမည့် ခိုင်မာသည့် အုတ်မြစ်များကို တည်ဆောက်နေခြင်း ဖြစ်ပါသည်။ Grab အသုံးပြုသူများအနေနှင့် Grab App မှ တစ်ဆင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများမှစပြီး အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအထိ အမျိုးမျိုးသော ဝန်ဆောင်မှုများကို လွယ်ကူစွာ အသုံးပြုနိုင်သကဲ့သို့ အသုံးပြုသူ ပိုမိုတိုးပွားလာသည့်အတွက် Grab မိတ်ဖက်ယာဉ်မောင်းများ၊ သယ်ယူပို့ဆောင်သူမိတ်ဖက်များနှင့် စားသောက်ဆိုင်မိတ်ဖက်များအနေ ဖြင့်လည်း ဝင်ငွေအခွင့်အလမ်းများ ပိုမို ရရှိလျက် ရှိပါသည်။
၂၀၁၇ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ အသွင်ပြောင်းလဲမှုအား ပါဝင်ပံ့ပိုးနိုင်ရန် Grab သည် ၎င်း၏ တီထွင်ဆန်းသစ်မှုများ၊ ကျွမ်းကျင်နှံ့စပ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံအတွင်း ယူဆောင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင်လည်း Grab သည် GrabTaxi ခရီးစဉ်များအတွက် အငှားယာဉ်များ ဘွက်ကင်တင်ငှားရမ်းရာတွင် ခရီးသည်များအား တိုက်ရိုက် ကူညီဆောင်ရွက်ပေးနိုင်မည့် ဖုန်းခေါ်ဆိုငှားရမ်းနို င်သော GrabTaxiCall ဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွားဧည့်သည်များနှင့် မိသားစုများမှ အဆင့်မြင့် ၇ ယောက်စီး မီနီဗန်ယာဉ်များနှင့် ၄ ယောက်စီး Sedan ယာဉ်များအား နာရီအလိုက်နှင့် တစ်နေ့တာလုံး ငှားရမ်းအသုံးပြုနိုင်မည့် Premium Rentals (Beta) ဝန်ဆောင်မှုတို့ကို မိတ်ဆက်ခဲ့ခြင်းဖြင့် ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများ၏ နေ့စဉ်ဘဝများတွင် ပိုမိုအဆင်ပြေချောမွေ့စေမည့် အားထုတ်မှု များကို ဆက်လက် အကောင်အထည် ဖော်ခဲ့သည်။
Grab အသုံးပြုသူများအတွက် GrabRewards ပုံစံအသစ်နှင့် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များအတွက် ဟိုတယ်နှင့် တည်းခိုရန်နေရာများကို အက်ပလီကေးရှင်းမှ တိုက်ရိုက် ဘွတ်ကင်တင်နိုင်မည့် Hotels လုပ်ဆောင်ချက်များအပါအဝင် ခေတ်မီဆန်းသစ်သည့် အက်ပလီကေးရှင်းတွင်း လုပ်ဆောင်ချက်များစွာ ကိုလည်း မိတ်ဆက်ခဲ့ပါသည်။ Grab မှ မိတ်ဖက်ယာဉ်မောင်းများအတွက်လည်း အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ငွေသွင်း၊ ငွေထုတ် ပြုလုပ်နိုင်သည့် Instant Cash Out ကို မိတ်ဆက်ပေးခဲ့သည်။ ပလက်ဖောင်း၏ ဘေးကင်းလုံခြုံမှုဆိုင်ရာအဆင့်အတန်း ပိုမိုတိုးမြှင့်သည့်အနေဖြင့် Grab အား စတင်အသုံး ပြုသူများ အကောင့်ဖွင့်ရာတွင် ကိုယ်တိုင်ရိုက် ဆယ်လ်ဖီပုံဖြင့် အတည်ပြုခြင်းစနစ်ကိုလည်း မိတ်ဆက်ခဲ့သည်။
Grab အတွက် ထပ်မံအရေးပါထူးခြားသည့် အောင်မြင်မှုမှတ်တိုင်တစ်ခုမှာ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုဖြစ်သော GrabFood အား ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ GrabFood သည် ရန်ကုန်မြို့တွင် နေထိုင်သူများအနေဖြင့် အစားတစ်နပ် လွတ်သွားသည် မရှိရလေအောင် အချိန်မရွေး ဖြေရှင်းပေးနိုင်မည့် အထောက်အပံ့တစ်ခု ဖြစ်သည်။ ယနေ့ခေတ်တွင် ကျောင်းစာများစွာဖြင့် လုံးပန်းနေရသည့် ကျောင်းသားများ၊ အလုပ်လုပ်ရင်း နေ့လယ်စာကို အလျင်အမြန် ဖြေရှင်းနေရသည့် ပရော်ဖက်ရှင်နယ်များ နှင့် ကလေးငယ်များ၏ ဆာလောင်မှုကို ဖြည့်ဆည်းပေးချင်သည့် မိဘများအတွက် ၎င်းတို့ မှာယူသည့် အစားအသောက်များကို ပျမ်းမျှအနေဖြင့် မိနစ် ၃၀ အတွင်း မျက်စိရှေ့မှောက် ရောက်ရှိရစေရန် GrabFood က ပို့ဆောင်ပေးနေပါသည်။ GrabFood သည် အော်ဒါမှာယူမှုပမာဏ၊ ရွေးချယ်စရာ အများဆုံးသော မိတ်ဖက်စားသောက်ဆိုင်အရေအတွက်နှင့် အလျင်မြန်ဆုံး သယ်ယူပို့ဆောင်ချိန် တို့အားဖြင့် မြန်မာနိုင်ငံတွင် ထိပ်တန်း အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူဖြစ်လာရန် ရည်ရွယ်ထားပါသည်။
“Grab အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ လူနေမှုဘဝ အရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် အမြဲတမ်း ကြိုးစားနေပြီးတော့ ဘယ်လူမှုအသိုက်အဝန်းအတွက်မဆို ကောင်းမွန်တဲ့ အကျိူးရလဒ်တွေ ရရှိဖို့အတွက် ဆက်လက်အားထုတ်လုပ်ဆောင်သွားမှာပါ။ ၂၀၁၉ ခုနှစ်အတွင်းမှာ Grab က အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်ခဲ့လို့ ကျွန်မတို့အတွက် တကယ်ကို အမှတ်ရစေမယ့် နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နေ့စဉ်လိုအပ်ချက်အားလုံးအတွက် သုံးနိုင်မယ့် Super App တစ်ခုအနေနဲ့ ကျွန်မတို့ Grab မှာ အစားအသောက်ဝန်ဆောင်မှုတွေ၊ အက်ပလီးကေးရှင်းအတွင်းကနေပဲ ဟိုတယ်အခန်းတွေ တိုက်ရိုက်ဘွက်တင်နိုင်တဲ့ ဝန်ဆောင်မှုနဲ့ ကျွန်မတို့ရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေထဲ အဆင့်မြင့် Premium ယာဉ်တွေ ငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုတွေကို တိုးချဲ့မိတ်ဆက်ခဲ့ပါတယ်။ နေ့စဉ်လိုအပ်ချက်အားလုံးသုံး Super App တစ်ခုအဖြစ် Grab ရဲ့တည်ရှိမှုကို ပိုမိုခိုင်မာစေဖို့နဲ့ မြန်မာနိုင်ငံ ရှေ့ကို ပိုပြီး တိုးတက်စေမယ့် တွန်းအားအဖြစ် Grab အနေနဲ့ ဝန်ဆောင်မှုအရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှု အဆင့်အတန်းကို ဆက်ပြီး အလေးထားဆောင်ရွက်သွားမှာပါ။ နည်းပညာပိုင်းသာမက ပိုပြီး စုံလင်တဲ့ ပလက်ဖောင်းဖြစ်ဖို့ တိုးချဲ့မှုအပိုင်းတွေနဲ့ မိတ်ဖက်ပူးပေါင်းလုပ်ကိုင်တဲ့ အပိုင်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ဆက်လက် လုပ်ဆောင်ရင်းနဲ့ Grab ရဲ့ ဂေဟစနစ်ကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။
၂၀၁၉ ခုနှစ်အတွင်း အောင်မြင်မှုမှတ်တိုင်များ
Grab ၏ ၂၀၁၉ ခုနှစ်အတွင်း စိုက်ထူနိုင်ခဲ့သော အောင်မြင်မှုမှတ်တိုင်များသည် Grab အသုံးပြုသူများ၊ မိတ်ဖက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နေ့စဉ်လိုအပ်သော ဝန်ဆောင်မှုများကို Super App တစ်ခု တည်းမှ ရယူနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း Grab Myanmar ၏ စိတ်ဝင်စားဖွယ် အကြောင်းအရာအချို့ကို ကိန်းဂဏန်း အချက်အလက်များနှင့်တကွ ဖော်ပြလိုပါသည်။ (အသေးစိတ်ကို ပူးတွဲပါ infographic တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။)
Grab ၏ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးတက်မှုနှုန်း -
- ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်တွင် နေ့စဉ်ငှားရမ်းမှုနှုန်း ၁၀% တိုးတက်လာခဲ့သည်။
- ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် မောင်းနှင်သွားလာခဲ့သော Grab ခရီးစဉ် အကွာအဝေးပေါင်း ကီလိုမီတာ ၉၇ သန်း ကျော် ရှိခဲ့သည်။
- ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ Grab အက်ပလီကေးရှင်းအတွင်း ပိုမိုတိကျသော ပွိုင့်ပေါင်း ၁၉၆,၀၀၀ ကျော်ကို ဖြည့်သွင်းနိုင်ခဲ့ပြီး ၆၀၀% တိုးတက်လာခဲ့သည်။
- ၂၀၁၉ ခုနှစ်အတွင်း သွားလာမှုအများဆုံး နေရာများမှာ – မြန်မာပလာဇာ၊ Junction City နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တို့ဖြစ်သည်။
- ပလက်တီနမ်နှင့် ရွှေအဆင့်ရှိ မိတ်ဖက်ယာဉ်မောင်းအရေအတွက် နှစ်ဆ မြင့်တက်လာပြီး ဝန်ဆောင်မှု အဆင့်အတန်း တိုးတက်ကောင်းမွန်လာခဲ့သည်။
GrabFood စတင်မိတ်ဆက်ခဲ့ချိန်မှ နှစ်လတာ ကာလအတွင်း တိုးတက်မှုနှုန်း -
- မှာယူမှုများကို ပျှမ်းမျှအားဖြင့် မိနစ် ၃၀ အတွင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။
- မှာယူမှု အများဆုံး အစားအစာများ – ကြက်ကြော်၊ မြန်မာ့အကြိုက်အစားအစာများနှင့် Bubble Tea
GrabRewards အသုံးပြုမှု တိုးတက်နှုန်း -
- ၂၀၁၉ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်နေ့လျှင် GrabRewards ပွိုင့် လဲလှယ်ခြင်း ၂,၁၀၀ ကျော် ရှိခဲ့သည်။
- ၂၀၁၉ ခုနှစ်အတွင်း GrabRewards ပွိုင့်များကို ပုံမှန်အသုံးပြုသူ ၂၀% တိုးတက်လာခဲ့သည်။
- GrabRewards ပွိုင့် အများဆုံး လဲလှယ်အသုံးပြုမှုများ – ဖုန်းဘေလ်ဖြည့်ခြင်း၊ စားသောက်ဆိုင်များမှ အထူးလျှော့ဈေးနှုန်းများနှင့် ရုပ်ရှင်လက်မှတ်များ လဲလှယ်ခြင်းတို့ဖြစ်သည်။
Grab For Business ဝန်ဆောင်မှုဖြင့် စီးပွားရေးအသိုက်အဝန်းအတွက် ပါဝင်ပံ့ပိုးမှု -
- ၂၀၁၉ ခုနှစ်တွင် Grab for Business ဝန်ဆောင်မှုအသုံးပြုသည့် စီးပွားရေးလုပ်ငန်း အရေအတွက် နှစ်ဆ တိုးတက်ခဲ့သည်။
- ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်တွင် Grab for Business ငှားရမ်းမှုနှုန်း ၂၀၀% တိုးတက်လာ ခဲ့သည်။
- Grab for Business အတွက် စာရင်းပေးသွင်းသူ ၃၀,၀၀၀ ကျော် ရှိခဲ့သည်။
လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း Grab မှ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများစွာကို ပြုလုပ်ခဲ့ပြီး အက်ပလီကေးရှင်းအတွင်း လုပ်ဆောင်ချက်အသစ်များ ထည့်သွင်းပေးခြင်း၊ မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်များ ပိုမိုပေးအပ်ခြင်း၊ ဝန်ဆောင်မှု အသုံးပြုသူများအတွက် ထူးခြားကောင်းမွန်သည့် ခရီးစဉ်အတွေ့အကြုံများ ပေးအပ်ခြင်း၊ ရုတ်တရက် ကြုံတွေ့ရသည့် ထူးခြားဖြစ်စဉ်များအတွက် ကူညီထောက်ပံ့ခြင်းနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် ပံ့ပိုးအားပေးခြင်းများစွာ ပြုလုပ်ခဲ့ပါသည်။ ဤမိတ်ဖက်ပူးပေါင်းမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
- မြန်မာ့အာမခံ – မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် မြန်မာ့အာမခံကုမ္ပဏီမှ အာမခံနစ်နာကြေး ပြန်လည် လျှောက်ထားနိုင်သည့် တစ်ကိုယ်ရေထိခိုက်မှုအာမခံ ထားပေးနိုင်ခဲ့သည်။
- Tuborg နှင့် Kirin Ichiban – ဘီယာအမှတ်တံဆိပ်များဖြစ်သော Tuborg ၊ Kirin Ichiban တို့နှင့် ပူးပေါင်းပြီး “တာဝန်သိစွာ သောက်သုံးခြင်း” ဆိုင်ရာ အသိပညာပေးအစီအစဉ်များ ပြုလုပ်ခဲ့သည်။
- Disney- Grab က Marvel Studio ၏ Avengers: Endgame ရုပ်ရှင်အား အထူးသီးသန့် ပွဲစဉ်တစ်ခုဖြင့် မင်္ဂလာရုပ်ရှင်ရုံများတွင် စီစဉ်ပြသခဲ့ပြီး ထောင်ပေါင်းများစွာသော ရုပ်ရှင်လက်မှတ်များကိုလည်း GrabRewards မှတစ်ဆင့် Grab ခရီးသည်များအား ပေးအပ်ခဲ့သည်။
- UnionPay ၊ JCB ၊ VISA – Credit (သို့) Debit ကဒ်အသုံးပြုသူများမှ Grab App မှတစ်ဆင့် ငှားရမ်းစီးနင်းသည့် ခရီးစဉ်များအတွက် ငွေသားမဲ့ပေးချေမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။
- Agoda နှင့် Booking.com – Agoda နှင့် Booking.com တို့တွင် ရရှိနိုင်သောဟိုတယ်နှင့် အခြား နေရာ ထိုင်ခင်း အစီအစဉ်များအား Grab App မှ တိုက်ရိုက် ဘွတ်ကင်တင်နိုင်မည့် ‘Hotels’ အမည်ရှိ ဝန်ဆောင်မှု အသစ်တစ်ခုကို စတင် မိတ်ဆက်ခဲ့သည်။
- Denko – မိတ်ဖက်ယာဉ်မောင်းများအတွက် စက်သုံးဆီအပို ပြန်လည်ရရှိနိုင်မည့် Grab နှင့် Denko အမှတ် တံဆိပ်နှစ်ခု ပါဝင်သည့် Smile Card (၅,၀၀၀) ထုတ်ဝေပေးခဲ့သည်။
- Samaritan’s Purse – လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ကမ်ပိန်းနှင့် မိတ်ဖက်ယာဉ်မောင်းများအတွက် လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ပူးပေါင်းကျင်းပခဲ့သည်။
၂၀၂၀ခုနှစ်အတွက် အစီအစဉ်များ
Grab အနေနှင့် မြန်မာနိုင်ငံတွင်း အခြားမြို့များတွင် ဝန်ဆောင်မှုများ တိုးချဲ့ခြင်း၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအရည်အသွေးအား တိုးမြှင့်ခြင်းများနှင့် လူမှုအသိုက်အဝန်း အမျိုးမျိုးအား ကူညီထောက်ပံ့ခြင်းများဖြင့် လာမည့်နှစ်တွင်လည်း အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်သည်။
GrabFood ဝန်ဆောင်မှုအား မန္တလေးမြို့တွင် စတင်မိတ်ဆက်ခြင်း – မန္တလေးမြို့ရှိ ဒေသခံစားသောက်ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေးမိတ်ဖက်များအတွက် ဝင်ငွေအခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ၂၀၂၀ ခုနှစ်တွင် အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ဖြစ်သည့် GrabFood အား မန္တလေးတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်လျက် ရှိပါသည်။
Premium Rentals ဝန်ဆောင်မှု တိုးချဲ့ပေးအပ်ခြင်း – Grab မှ ခရီးသည်များအား အဆင့်မြင့် ၇ ယောက်စီးနှင့် ၄ ယောက်စီး Premium ကားများကို နာရီအလိုက်နှင့် တစ်နေ့တာလုံး မြို့တွင်းနေရာ အများအပြားသို့ သွားရောက်နိုင်ရန် လိုအပ်သလို ငှားရမ်းကာ စီစဉ်အသုံးပြုနိုင်မည့် Premium Rentals [Beta] ဖြင့် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။ ဤဝန်ဆောင်မှုအား ပြည်တွင်းရှိ အခြားမြို့များတွင် အသုံးပြုနိုင်ရန် မိတ်ဆက်သွားမည် ဖြစ်ပြီး မိသားစုများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ရုံးဝန်ထမ်းများနှင့် ခရီးသွားဧည့်သည်များ၏ နေ့စဉ်လှုပ်ရှားသွားလာမှုများနှင့် အဆင်ပြေကိုက်ညီသလို ယာဉ်ငှားရမ်းနိုင်မည့် ဝန်ဆောင်မှုအမျိုးမျိုးကိုလည်း တိုးချဲ့သွားမည် ဖြစ်သည်။
သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အရည်အသွေးအား မြှင့်တင်ခြင်း – ၂၀၁၉ ခုနှစ်တွင် Grab က အသုံးပြုသူများ၏ အကြံပြုချက်များနှင့် ခရီးစဉ်ဆိုင်ရာ အဆင့်သတ်မှတ်နှုန်းများကို အခြေခံ၍ မိတ်ဖက်ယာဉ်မောင်းများ၏ စွမ်းဆောင်ရည်များကို အကဲဖြတ်ပေးနိုင်ရန် တီထွန်ဆန်းသစ်ထားသည့် အလိုအလျောက် အရည်အသွေး သတ်မှတ်ချက်စနစ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ Grab အနေနှင့် အသုံးပြုသူများထံမှ ၎င်းတို့၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အကြံပြုချက်များအား မျှဝေရန် ဤစနစ်ကို အသုံးပြုရန် တိုက်တွန်းသွားမည်ဖြစ်ပြီး ခရီးသည်များ အဆင်ပြေကျေနပ်မှု ရရှိစေရန် နှင့် အဆင့်အမြင့်ဆုံး ဝန်ဆောင်မှုများကိုပါ ပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။
Grab For Good လှုပ်ရှားမှုများ – Grab မှ ဆောင်ရွက်သွားမည့် Grab For Good လုပ်ငန်းစဉ်အောက်ရှိ လှုပ်ရှားမှု များစွာတွင် လိုအပ်သူများအတွက် နည်းပညာကို အသုံးပြု၍ Grab ပလက်ဖောင်းအား အသုံးပြုခွင့် ရရှိစေရန် တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ချို့တဲ့နွမ်းပါးသူများအတွက် လိုအပ်သော ဝန်ဆောင်မှုများ ပံ့ပိုးခြင်း ကဲ့သို့သော အစရှိသည့် လုပ်ငန်းစဉ်များကို မိတ်ဆက်ပေးသွားမည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်သွားမည့် Grab For Good လှုပ်ရှားမှုများကို မကြာမီ အသိပေးကြေညာသွားမည် ဖြစ်ပါသည်။
Grab Myanmar အကြောင်း ထပ်မံသိရှိလိုပါက www.grab.com နှင့် www.facebook.com/GrabMM တို့တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါသည်။