ရန်ကုန်မြို့၊ မြန်မာ၊ ၂၀၂၀၊ အောက်တိုဘာ ၂၈ ရက် – Grab Myanmar သည် ၎င်း၏ GrabMart ပလက်ဖောင်းပေါ်ရှိ မိတ်ဖက်စားသောက်ကုန်လုပ်ငန်းများနှင့် ဆေးဝါးအမှတ်တံဆိပ်များဖြစ်သည့် နက်စ်လေ၊ ရွိုင်ရယ်–ဒီ၊ မိုင်.ဘေ.စင် “ဇင့်“ ၊ အန်နာဗွန် စီ၊ G&G စတိုးတို့နှင့် ပစ္စည်းပို့ဆောင်ရေးမိတ်ဖက်အနေဖြင့် ပူးပေါင်းကာ COVID-19 ရောဂါ ကုသရေးဌာန ရန်ကုန်(ဖောင်ကြီး)ရှိ ကိုဗစ်လူနာများအတွက် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အောက်တိုဘာ ၂၄ ရက်နေ့က သွားရောက် ပေးလှူခဲ့သည်ဟု သိရသည်။
ထိုလှူဒါန်းမှုများတွင် နက်စ်ကဖေး 3 in 1 အထုပ်ငယ်ပေါင်း ၅၀၀၀ ၊ နက်စ်ကဖေး အသင့်သောက် သံဘူးပေါင်း ၁၀၀၀ ၊ Milo အသင့်သောက် ဘူးပေါင်း ၄၀၀၀ ခန့်နှင့် ဝက်ဝံ မော့မစ် ၂၀၀၀၊ ရွိုင်ရယ်–ဒီ ဗူး ၂၅၀၀၊ မိုင်.ဘေ.စင် “ဇင့်” ၃ လုံးတစ်ကတ်ပါ စုစုပေါင်း ကတ် ၅၀၀၊ အန်နာဗွန် စီ ၅ လုံးတစ်ကတ်ပါ စုစုပေါင်း ကတ် ၂၅၀၀ နှင့်အန်နာဗွန် စီ ရေသန့်ဘူး ၅၀၀၊ G&G store မှ ဝါဝါ ခေါက်ဆွဲထုပ် အထုပ် ၅၀၀၊ ရေသန့်ဘူး ၅၀၀ နှင့် ပြန်လည်အသုံးပြုနိုင်သည့် အိတ်ပေါင်း အခု ၅၀၀ တို့ ပါဝင်ပြီး GrabMart က ကုန်ပစ္စည်းများ ပို့ဆောင်ရေးမိတ်ဖက်အနေနှင့် တာဝန်ယူပို့ဆောင်ပေးခဲ့ပါသည်။
GrabMart သည် နေ့စဉ်မရှိမဖြစ် လိုအပ်သည့်စားသောက်ကုန်၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပရေးရာအသုံးအဆောင်အမျိုးမျိုးအား အချိန်ပိုင်းအတွင်း အိမ်အရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး Grab App အသုံးပြုကာ ရန်ကုန်မြို့ရှိ ရာပေါင်းများစွာသော ဆိုင်များမှ အဆင်ပြေလွယ်ကူစွာ တိုက်ရိုက် ဝယ်ယူရရှိနိုင်သည့် ပလက်ဖောင်းဖြစ်သည်။
ယခုကဲ့သို့ လူကြီးမိဘများကို လေးမြတ်စွာ ဂါရဝပြုရင်း မိသားစုဆွေမျိုးများနှင့် အချိန်ယူလေ့ရှိကြသည့် သီတင်းကျွတ်အခါသမယ၌ပင်လျှင် မိမိတို့၏ မိသားစုဝင်များနှင့် ခွဲခွာကာ ရောဂါပိုးရှိသူများနှင့် နီးနီးစပ်စပ် ထိတွေ့ရင်း နေ့ညမခွဲခြားဘဲ ရှေ့တန်းက ကိုယ်ကျိုးစွန့် ကုသမှုပေးနေသည့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ယူကျေးဇူးတင်ရှိသောအားဖြင့် ယခုကဲ့သို့ ပေးလှူမှုပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့အနေနဲ့ ကိုယ့်လူမှုအသိုင်းအဝိုင်းအတွက် ကိုယ်တတ်နိုင်သလောက် အတိုင်းအဆနဲ့ ပံ့ပိုးပေးဖို့ အသင့်ရှိနေပါတယ်။ ဒီဆိုးရွားပြင်းထန်တဲ့ ရောဂါပိုးကြီးကို ကျွန်မတို့အတွက် ရှေ့တန်းကနေ ကူညီကာကွယ်ပေးပြီး တိုက်ပွဲဝင်ပေးနေတဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ကူသောအားဖြင့် ကျန်တဲ့ပြည်သူတွေကလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တသွေမတိမ်း လိုက်နာပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်တစ်ခုလုံး ပုံမှန်အခြေအနေအတိုင်း သွားလာလှုပ်ရှားပြီး စီးပွားရေးတွေ သေသေချာချာပြန်စနိုင်ဖို့ ကျွန်မတို့တတ်နိုင်တဲ့အပိုင်းက ဝိုင်းဝန်းကူညီကြရအောင် လို့ တိုက်တွန်းချင်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောကြားသွားခဲ့သည်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar