ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ – အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်–၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ ကိုဗစ်–၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော ရလဒ်များမှာ ယခုကဲ့သို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ကပ်ရောဂါကာလအတွင်း မိုဘိုင်းနည်းပညာကုမ္ပဏီတစ်ခုမှ ၎င်း၏ပလက်ဖောင်းမှတစ်ဆင့် customer များအား ဝန်ဆောင်မှုပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ပုံများနှင့် ပြည်တွင်းရှိ မိတ်ဖက်အရောင်းဆိုင်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးအပ်ခဲ့ပုံများကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။
နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတွင် ခရီးသွားလာခြင်းကို တားမြစ်ထားပြီး မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခြင်းကြောင့် စားသုံးသူများအတွက် GrabFood ကို အသုံးပြုပြီး အစားအသောက်များ မှာယူနိုင်ရန်နှင့် GrabMart အသုံးပြုပြီး နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် လုခြုံစိတ်ချစွာဖြင့် အလွယ်တကူ အသုံးပြုနိုင်သော ပလက်ဖောင်းတစ်ခုကို Grab က ပံ့ပိုးလည်ပတ်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကိုဗစ်–၁၉ ၏ ရိုက်ခတ်မှုကြောင့် သက်ရောက်မှု ရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက် ရှိပါသည်။
၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း Grab ၏ ဝန်ဆောင်မှု အမျိုးအစား အားလုံးတွင် သန်းနှင့်ချီသော မှာယူအသုံးပြုမှုများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အရေအတွက်မှာ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုမှုကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် Grab အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ အစပြု၍ အသုံးပြုမှုနှုန်း သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ထင်ဟပ်စေပါသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပြုလုပ်ခဲ့သည့် လစဉ် မှာယူအသုံးပြုမှု အရေအတွက်မှာ (၂၅%) အထိ တိုးတက်လာခဲ့ပါသည်။
“Grab ကနေ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ တိုးပွားလာတဲ့ customer တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်နေခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ GrabFood နဲ့ GrabMart ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နိုင်ဖို့အတွက် ကျွန်မတို့မှာ ရှိထားပြီးသား နည်းပညာ၊ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့ စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှုပုံစံတွေကို အသုံးချခဲ့ပြီးတော့ လစဉ် ပုံမှန်အသုံးပြုသူအရေအတွက်က တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်း နှစ်နေရာစာ တိုးပွားလာနေပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် စားသုံးသူ အများစုအနေနဲ့ အပြင်မှာဖွင့်ထားတဲ့ဆိုင်တွေအထိ သွားဝယ်စားဖို့ အဆင်မပြေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ မိတ်ဖက်အရောင်းဆိုင်တွေအတွက် ဒစ်ဂျစ်တယ်စနစ်ကနေ ဝင်ငွေလမ်းကြောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သူတို့ ရှင်သန်ရပ်တည်နိုင်ရေးမှာ တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။
GrabFood က စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ
၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ဝန်ဆောင်မှု၏ နေ့စဉ် အော်ဒါမှာယူမှု ပမာဏမှာ (၄၇၀%)နီးပါး အထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် customers များကို ဝန်ဆောင်မှုပေးရန် ပလက်ဖောင်း အသုံးပြုထားသည့် GrabFood မိတ်ဖက်စားသောက်ဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် GrabFood ဝန်ဆောင်မှုအား ချိတ်ဆက်အသုံးပြုနေသော လိုင်စင်ရ စားသောက်ကုန်လုပ်ငန်း စုစုပေါင်း (၁,၅၀၀) ကျော်အထိ ရှိနေပြီဖြစ်သည်။
ကိုဗစ်–၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး မြို့ကြီး (၂) မြို့ရှိ စားသုံးသူ အများအပြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲအသုံးပြုလာကြပြီး ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ အတွင်း လစဉ် GrabFood အသုံးပြုသူ စုစုပေါင်း၏ (၇၅%) မှာ ဝန်ဆောင်မှုကို ပထမဦးဆုံးအကြိမ် အသုံးပြုသူများ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်လာရန်ဆိုသည့် Grab ၏ မျှော်မှန်းချက်အတွက် ရရှိခဲ့သော အောင်မြင်မှုတစ်ခုမှာ Grab အား သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် customers များ၏ (၅၂%) သည် ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း လစဉ် GrabFood ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။
ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လက်လီအရောင်းဆိုင်များအတွက် အရေးပါသော ပံ့ပိုးမှုများ ပေးအပ်ခဲ့သည့် GrabMart
GrabMart သည် ကိုဗစ်–၁၉ ကပ်ရောဂါကာလအတွင်း စားသုံးသူများအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် စတင်ဝန်ဆောင်မှုပေးခဲ့ပါသည်။ ယခုအခါ ရန်ကုန်မြို့ရှိ အရောင်းဆိုင် (၂၀၀) ကျော်မှ လူသုံးကုန်ပစ္စည်းများ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပရေးရာ အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ စသည့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း အမျိုးအစားပေါင်း များစွာကို GrabMart တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။
၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabMart ၏ နေ့စဉ် ပျှမ်းမျှအော်ဒါ ပမာဏမှာ (၂၇) ဆ အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ ပမာဏအတွင်း GrabMart ဈေးဝယ်ယူသူ အသစ်များထံမှ အော်ဒါများမှာ (၇၀%) ပါရှိသောကြောင့် ဝန်ဆောင်မှုအသစ်အား သိသိသာသာ ရယူအသုံးပြုလျက်ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။
ဆိုရှယ်မီဒီယာပေါ်တွင် ရောင်းချနေကြသူများနှင့် အသေးစားလုပ်ငန်းများအား GrabFlash နှင့်အတူ ပံ့ပိုးသွားမည်ဖြစ်
Grab သည် ၎င်း၏ အိမ်အရောက်ပို့ဝန်ဆောင်မှုအား GrabFlash (Beta) မိတ်ဆက်ခြင်းနှင့်အတူ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်။ GrabFlash (Beta) သည် အသုံးပြုသူများအား တစ်နေရာမှ တစ်နေရာသို့ အစားအသောက်ပစ္စည်းများအား Grab ၏ မိတ်ဖက်သယ်ယူပို့ဆောင်သူများမှ လာယူ၍ အချိန်နှင့် တပြေးညီ ပြန်လည်ပေးပို့သွားမည့် ဝန်ဆောင်မှုဖြစ်သည်။ ယခုဝန်ဆောင်မှုသည် ဆိုရှယ်မီဒီယာပေါ်တွင် ရောင်းချနေကြသူများနှင့် အသေးစားလုပ်ငန်းများအနေဖြင့် ယုံကြည်စိတ်ချနိုင်ကာ စရိတ်စက သက်သာစေမည်ဖြစ်ပြီး Grab ၏ မိတ်ဖက်သယ်ယူပို့ဆောင်သူများအတွက်လည်း ဝင်ငွေအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။
Grab မိတ်ဖက်ယာဉ်မောင်းများ၏ ဝင်ငွေ အခွင့်အလမ်းများ ဖန်တီးပေးပြီး အားလုံးပါဝင် အသုံးပြုနိုင်သော ငွေကြေးကဏ္ဍတွင် ပါဝင်လာရန် ပံ့ပိုးပေးခြင်း
Grab အနေဖြင့် မြန်မာနိုင်ငံ၏ အားလုံးပါဝင်အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ်ငွေကြေးကဏ္ဍ ပေါ်ပေါက်လာစေရေး အားထုတ်ကြိုးပမ်းရာတွင်လည်း ပါဝင်ကူညီအားဖြည့်ပေးလျက် ရှိပါသည်။ ယနေ့အချိန်အထိ လစဉ် ပုံမှန် အက်ပလီကေးရှင်း အသုံးပြုသူများ၏ (၂၀) ရာခိုင်နှုန်းမှာ App အတွင်း မှာယူအသုံးပြုမှုများတွင် ၎င်းတို့၏ debit ကဒ် သိုမဟုတ် credit ကဒ်များအား သုံးစွဲကာ မှာယူအသုံးပြုမှု ပြုလုပ်နေကြပါသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအတွင်း မှာယူခဲ့သည့် GrabFood အော်ဒါစုစုပေါင်း၏ (၈) ရာခိုင်နှုန်းသည် Grab app နှင့် ချိတ်ဆက်ထားသည့် debit ကဒ် သို့မဟုတ် credit ကဒ်များ အသုံးပြု၍ ငွေသားမဲ့ ငွေပေးချေခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် အဆိုပါ ငွေပေးချေမှုပုံစံမှာ GrabMart အသုံးပြုသူများတွင် ပိုမို တွေ့ရှိရပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအတွင်း GrabMart ဝန်ဆောင်မှုအတွက် ငွေပေးချေမှု ပြုလုပ်ခဲ့သည့် စုစုပေါင်း ပမာဏအတွင်း (၁၇%) မှာ debit ကဒ် သို့မဟုတ် credit ကဒ်များ အသုံးပြုခဲ့ကြသည်။
အရောင်းဆိုင်များ၊ စားသောက်ဆိုင်ငယ်လေးများနှင့် စားသုံးသူများအား ဒစ်ဂျစ်တယ် စီးပွားရေးစနစ်မှတစ်ဆင့် ကူညီပံ့ပိုးပေးခဲ့သည့်အပြင် Grab မိတ်ဖက်ယာဉ်မောင်းများအား ဒစ်ဂျစ်တယ်စနစ် အသုံးချနိုင်ရန် အတွက်လည်း ကူညီပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှ စ၍ Grab သည် ၎င်း၏ မိတ်ဖက်ယာဉ်မောင်း (၂၀,၀၀၀) ကျော်အား CB ဘဏ်အကောင့်များ ဖွင့်လှစ်ရာတွင် ကူညီပေးခဲ့ပြီး ဘဏ်လုပ်ငန်းနှင့် အခြား ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ Grab မိတ်ဖက်ယာဉ်မောင်းများသည် Instant Cash-Out လုပ်ဆောင်ချက်အား နေ့စဉ်အသုံးပြု၍ အလုပ်ချိန်အပြီးတွင် ၎င်းတို့၏ တစ်နေ့တာ ဝင်ငွေအား Mobile Banking အကောင့်သို့ တိုက်ရိုက် လွှဲပြောင်းခြင်း၊ ATM စက်မှ ထုတ်ယူခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
“မြန်မာနိုင်ငံက ကိုဗစ်–၁၉ နဲ့ ရင်ဆိုင်နေရတဲ့တိုက်ပွဲမှာ အရေးကြီးတဲ့ အချိန်တစ်ခုကို ရောက်ရှိနေပါတယ်။ ကျွန်မတို့ Grab အနေနဲ့ အစိုးရရဲ့ ကိုဗစ်–၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကူညီပေးနေရင်း စီးပွားရေးလုပ်ငန်းတွေအတွက်လည်း ကျွန်မတို့ရဲ့ ပလက်ဖောင်းနဲ့ နည်းပညာတွေကနေတစ်ဆင့် ပံ့ပိုးပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကိုဗစ်–၁၉ အလွန် ကာလမှာလည်း ကျွန်မတို့ရဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုတွေဟာ ဒီအတိုင်းဆက်ပြီး အားပေးမှု အခိုင်အမာ ရရှိမယ်လို့ မျှော်မှန်းထား ပါတယ်။ New normal ပုံမှန်အခြေအနေသစ်မှာ မိတ်ဖက်အရောင်းဆိုင်တွေကို ပံ့ပိုးကူညီနိုင်ဖို့နဲ့ စားသုံးသူတွေရဲ့ ဈေးဝယ်ယူမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ရဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို ဆက်ပြီး တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Cindy Toh က ထပ်လောင်းပြောကြားခဲ့သည်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar