Press Centre

Grab က ကုန်အမှတ်တံဆိပ်များအတွက် Online-to-Offline ကြော်ငြာပလက်ဖောင်း တစ်ခုဖြစ်သည့် GrabAds ကို စတင်မိတ်ဆက်

စင်ကာပူ၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် – Grab က ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် အရှေ့တောင်အာရှ ဒေသတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများနှင့် ချိတ်ဆက်နိုင်မည့် online-to-offline (O2O) ပလက်ဖောင်း တစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ကုမ္ပဏီ၏ ကြော်ငြာလုပ်ငန်း GrabAds အား ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ GrabAds သည် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၈ နိုင်ငံနှင့် မြို့ပေါင်း ၂၀၀  ကျော်ရှိ ဒစ်ဂျစ်တယ်စွမ်းရည်  ပြည့်ဝသည့် မော်တော်ယာဉ်ပေါင်းစုံ အုပ်စုကြီးတစ်ခုနှင့် ချိတ်ဆက်ထားသော အလုံးစုံ ပြီးပြည့်စုံသည့်  ကြော်ငြာ […]

Nestlé BEAR BRAND Malted Milk ရဲ့ ရွေ့လျားနေတဲ့ကြော်ငြာပုံစံတစ်ခု

စင်ကာပူ၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် – Grab က ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် အရှေ့တောင်အာရှ ဒေသတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများနှင့် ချိတ်ဆက်နိုင်မည့် online-to-offline (O2O) ပလက်ဖောင်း တစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ကုမ္ပဏီ၏ ကြော်ငြာလုပ်ငန်း GrabAds အား ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ GrabAds သည် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၈ နိုင်ငံနှင့် မြို့ပေါင်း ၂၀၀  ကျော်ရှိ ဒစ်ဂျစ်တယ်စွမ်းရည်  ပြည့်ဝသည့် မော်တော်ယာဉ်ပေါင်းစုံ အုပ်စုကြီးတစ်ခုနှင့် ချိတ်ဆက်ထားသော အလုံးစုံ ပြီးပြည့်စုံသည့်  ကြော်ငြာ ပလက်ဖောင်း တစ်ခုဖြစ်ပါသည်။

GrabAds သည် မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများအတွက် ဝင်ငွေပိုမို ရှာဖွေနိုင်မည့် အခွင့်အလမ်း အသစ်တစ်ခုဖြစ်ပြီး မိမိတို့ သွားလာမောင်းနှင်ရင်း အပိုဝင်ငွေ ရှာဖွေရန် အကောင်းဆုံးဖြစ်သည့် နှစ်သက်ရာ ကြော်ငြာပုံစံကို စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ GrabAds နှင့် ပူးပေါင်းကာ ပြီးခဲ့သော ကြော်ငြာ အစီအစဉ်များတွင် ပါဝင်ခဲ့သည့် ဒေသတွင်း မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက် ပို့ဆောင်ရေး လုပ်ငန်းများသည် ပျမ်းမျှအားဖြင့်   အပိုဝင်ငွေ ၁၀ ရာခိုင်နှုန်း ရရှိခဲ့ကြသည်။ GrabAds တွင် ရရှိနိုင်သော ဝန်ဆောင်မှုများမှာ ဥပမာအားဖြင့် ကားအတွင်း ကြော်ငြာထားရှိခြင်း သို့မဟုတ် အက်ပလီကေးရှင်း အတွင်း သုံးစွဲသူနှင့် ချိတ်ဆက်ခြင်း စသည်တို့ဖြစ်ပြီး ဈေးကွက်တစ်ခုချင်းစီအလိုက် လိုအပ်သည့်နေရာတွင် လိုအပ်သလို ပြောင်းလဲဝန်ဆောင်ပေးနိုင်ပါသည်။

Grab အသုံးပြုသူများသည် GrabAds ဖြင့် အရည်အသွေးမြင့် ကုန်အမှတ်တံဆိပ်များကို သိရှိလေ့လာနိုင်ပြီး စမ်းသပ်သုံးစွဲကြည့်နိုင်မည့်အပြင် အထူး အစီအစဉ်များကို သိရှိနိုင်သော အခွင့်အလမ်းသစ်များ ရရှိနိုင်မည်  ဖြစ်ပါသည်။ GrabAds သည် ၎င်းတို့၏ ကြီးမားသော အချက်အလက် ရင်းမြစ်များ၊ ပြည်တွင်းဈေးကွက် အခြေအနေ လေ့လာချက်များနှင့် ခိုင်မာသော O2O ရပ်တည်မှုတို့အပေါ် အခြေခံပြီး ကုန်ပစ္စည်း အမှတ်တံဆိပ် များအတွက် သုံးစွဲသူနှင့် လေးနက်မှန်ကန်သော ချိတ်ဆက်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ မိမိ  ကြော်ငြာလိုသည့် သုံးစွဲသူအုပ်စုကို အလွယ်တကူ ခွဲခြားနိုင်ပြီ ဖြစ်ပါသည်။ သုံးစွဲသူများမှာလည်း လက်တစ်ကမ်းတွင်ရှိသော မိမိ စိတ်ဝင်စားသည့် ဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်းများကို နှစ်သက်သလို  ရွေးချယ်ပြီး ကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်နိုင်မည် ဖြစ်သည်။

GrabAds အနေဖြင့် ဒေသတွင်းဈေးကွက်ရှိ ထိပ်တန်း ကြော်ငြာလုပ်ငန်းများစွာဖြင့် ပူးပေါင်းလုပ်ကိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ ဒေသအသီးသီးရှိ GrabAds မိတ်ဖက်လုပ်ငန်းများမှာ အင်ဒိုနီးရှားနိုင်ငံတွင် Stickearn ၊ Karta နှင့် Interads ၊ ဖိလစ်ပိုင်နိုင်ငံတွင် United Neon ၊  စင်ကာပူနိုင်ငံတွင် Carblicity ၊ MMI ၊ DisplayScience နှင့် IRIS ၊ ဗီယက်နမ်နိုင်ငံတွင် DrivAdz တို့ဖြစ်ပါသည်။ အဆိုပါ ပူးပေါင်းမှုများ အားလုံးသည် မိတ်ဖက်လုပ်ငန်းများ၏ လုပ်ငန်းနယ်ပယ်ရှိ အားသာချက်များကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပြီး ကြီးမားသော အကျိုးရလဒ်များ ရရှိခဲ့ရုံသာမက ကြော်ငြာအတွက် ဆောင်ရွက်ရာတွင်လည်း ကုန်အမှတ်တံဆိပ် နှင့် မိတ်ဖက် ယာဉ်မောင်းများမှာ အခက်အခဲမရှိ အလွယ်တကူ စီမံခန့်ခွဲနိုင်ခဲ့ကြောင်း  တွေ့ရှိခဲ့ရသည်။

“ကျွန်တော်တို့ရဲ့ online နဲ့ offline ကမ္ဘာနှစ်ခုကနေ တစ်ခုတည်း ဖြစ်လာတဲ့အခါမှာ ကုန်ပစ္စည်း အမှတ်တံဆိပ်   တွေဟာလည်း အခုဆိုရင် ပုံစံမျိုးစုံ၊ နေရာပေါင်းစုံက သူတို့ရဲ့ သုံးစွဲသူတွေအတွက် အဆင်ပြေပြေနဲ့ တစ်နေရာ တည်းမှာ စမ်းသပ်သုံးစွဲကြည့်နိုင်အောင် သေသေချာချာ စီစဉ်ပြီးမှ ချပြဖို့ ကြိုးစားလာကြပါတယ်။ GrabAds က ကုန်အမှတ်တံဆိပ်တွေကို အရှေ့တောင်အာရှနိုင်ငံတွေရဲ့ များပြားလှတဲ့ သုံးစွဲသူတွေထံ မော်တော်ယာဉ်ပေါင်းစုံ ပါဝင်တဲ့ အုပ်စုကြီးနဲ့ တစ်စထက်တစ်စ တိုးတက်လာတဲ့ ဒစ်ဂျစ်တယ် အသုံးပြုမှုတွေကတစ်ဆင့် စားသုံးသူ  တွေဆီ ထိတွေ့ဝင်ရောက်နိုင်ဖို့ ကူညီပေးသွားမှာပါ။ စားသုံးသူအလိုက် အထူးသီးသန့် အတွေ့အကြုံတွေ ဖန်တီးပေးရင်းကနေ များပြားလှတဲ့ သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ဖို့ ကုန်အမှတ်တံဆိပ်တွေနဲ့ မိတ်ဖက်မီဒီယာတွေကို   ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီး စိတ်ဝင်စားစရာ မိတ်ဆက်ပေးနိုင်တဲ့   သီးသန့် ကြော်ငြာ၊ ဆောင်းပါးတွေနဲ့ တကယ့် အတွေ့အကြုံတွေကို ဖန်တီးရအောင် ဖိတ်ခေါ်လိုက်ပါတယ်” ဟု Grab ၏ Head of GrabAds ဖြစ်သူ Nasheet Islam က  ပြောသည်။

“GrabAds ဆိုတာ ကျွန်တော်တို့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ မိတ်ဖက် ပို့ဆောင်ရေးလုပ်ငန်းတွေရဲ့ ဝင်ငွေကို ပိုပြီး တိုးတက်လာစေမယ့် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့နဲ့ ကမ်ပိန်တွဲဖက်လုပ်ဆောင်နေတဲ့ မိတ်ဖက် လုပ်ငန်းတွေနဲ့အတူ ကုန်အမှတ်တံဆိပ်တွေကို သူတို့ရဲ့ သုံးစွဲသူတွေထံ ထိရောက်မှု အရှိဆုံး ပေးစွမ်းနိုင်ဖို့ ကူညီပေးရင်း တစ်ဖက်ကလည်း မိတ်ဖက် ယာဉ်မောင်းနဲ့ ပို့ဆောင်ရေး လုပ်ငန်းတွေဟာလည်း GrabAds ကနေ လစဉ် အပိုဝင်ငွေတွေ ပုံမှန်ရနေမယ်လို့ ကတိကဝတ်ပြုနိုင်ပါတယ်” ဟု Islam က ထပ်ပြောသည်။

GrabAds ဖြင့် ကုန်အမှတ်တံဆိပ်များသည် သုံးစွဲသူများ နှစ်ခြိုက်စေမည့် သတင်းအချက်အလက်များ၊ ထူးခြား ဆန်းသစ်သည့် ကားအတွင်းနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများကို ဖန်တီးပေးအပ်နိုင်မည် ဖြစ်သည်။ ကုန်အမှတ်တံဆိပ်များသည် GrabAds ပလက်ဖောင်းမှတစ်ဆင့် ဘက်ပေါင်းစုံမှ ကြော်ငြာလှုပ်ရှားမှုများကို တစ်ပြိုင်နက်တည်း ပြုလုပ်ကာ မှန်ကန်သည့် သုံးစွဲသူအုပ်စုကို ပစ်မှတ်ထား ကြော်ငြာခြင်းဖြင့် မိမိတို့၏ ကုန်အမှတ်တံဆိပ်ကို ပျံ့နှံစေခြင်းနှင့် ဈေးကွက်ချဲ့ထွင်ခြင်းတွင် ပန်းတိုင်ထားသည့်အတိုင်း ရရှိနိုင်ကြမည်  ဖြစ်သည်။ GrabAds ကို အောက်ဖော်ပြပါ အဓိက အမျိုးအစား သုံးမျိုးအောက်တွင် ဝန်ဆောင်မှုများစွာ ထားရှိပြီး လိုအပ်ချက်နှင့်အညီ ဝန်ဆောင်မှုတစ်ခုချင်းစီ ပေးအပ်လျက်ရှိသည်။

  • ရွေ့လျားနေသော ကြော်ငြာဆိုင်းဘုတ်များ – အရှေ့တောင်အာရှတွင် တစ်ပတ်လျှင် ခရီးမိုင် ကီလိုပေါင်း သန်း ၁၀၀ ကျော် ရွေ့လျားသွားလာနေပြီး တစ်မိနစ်လျှင် လူပေါင်း ၁၀ သန်းကျော် မြင်တွေ့ရမည့် Grab ၏ မော်တော်ယာဉ် အုပ်စုကြီးမှ ကားများ၊ ဘတ်စ်ကားများနှင့် စက်ဘီးများသည် ကုန်အမှတ်တံဆိပ်များ အတွက် ကြီးမားသော အာရုံစိုက်မှုကို ရရှိနိုင်မည့် အဆက်မပြတ် ရွေ့လျားနေသော offline ကြော်ငြာ ဆိုင်းဘုတ်ကြီးများပင် ဖြစ်ပါသည်။

အင်ဒိုနီးရှားတွင် GrabBike ပေါ်ရှိ ကြော်ငြာများသည် လမ်းမပေါ်ရှိ အခြားကြော်ငြာများအကြား ပိုမို လူသိများစေခဲ့ပါသည်။ မော်တော်ယာဉ်အုပ်စုအတွင်းရှိ GrabBike အစီးရေ ၁၀၀၀ အသုံးပြုပြီး Shopee သည် ရက် ၉၀ အတွင်း ၈၅ ရာခိုင်နှုန်းသော လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ စင်ကာပူတွင် ဘတ်(စ်)ကားများပေါ် ကြော်ငြာကပ်ခြင်းမှာ ဘတ်(စ်)ကားများသည် သတ်မှတ်ထားသော လမ်းကြောင်း အတိုင်းသာ သွားလာပြီး လမ်းမအများစုမှာလည်း ယာဉ်ကြောပိတ်ဆို့သောကြောင့် နေရာ အတိအကျဖြင့်   ပြုလုပ်လိုသော ကြော်ငြာလှုပ်ရှားမှုများဖြင့် သင့်တော်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

  • ကားအတွင်း ကြော်ငြာခြင်း – ကားအတွင်း ကုန်အမှတ်တံဆိပ်များဖြင့် ပြင်ဆင်ထားရှိခြင်းနှင့် ဒစ်ဂျစ်တယ် ကြော်ငြာများ ပြသထားခြင်းမှအစ ကားအတွင်း နမူနာပစ္စည်းများ ထားရှိခြင်းနှင့် မိမိ ကုန်ပစ္စည်းကို  ရောင်းချနိုင်ခြင်းတို့အထိ ကုန်အမှတ်တံဆိပ်များသည် ကားအတွင်းပိုင်းရှိ အစိတ်အပိုင်း များကို မိမိတို့၏ ပိတ်ကားဖြူကဲ့သို့ သဘောထား၍ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြင်ဆင်နိုင်မည်  ဖြစ်ပါသည်။ မိမိတို့၏ ကြော်ငြာများကို Grab ကားအတွင်းရှိ တက်ဘလက်များတွင် ပြသထားနိုင်ပြီး ကားများကို ရွေ့လျားနိုင်သော စတိုးဆိုင်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ခရီးသွားလာနေစဉ်အတွင်း သုံးစွဲသူများ လေ့လာစမ်းသပ်နိုင်ရန် နှင့် ထုတ်ကုန်သစ်များကို ဝယ်ယူနိုင်ရန် လုပ်ဆောင်ပေးနိုင်ပါသည်။

စင်ကာပူနိုင်ငံရှိ မိတ်ဖက်ယာဉ်မောင်းများသည် ကားအတွင်း ပစ္စည်းရောင်းချပေးခြင်း ဝန်ဆောင်မှုကို လက်ခံဆောင်ရွက်နေကြပြီး မိမိကားအတွင်း ဝယ်ယူသွားသော အရေအတွက်နှင့် နမူနာ ပစ္စည်းများကို ခရီးသည်များထံသို့ ပေးအပ်နိုင်သည့် အရေအတွက်အလိုက် ကော်မရှင်ခများ ရရှိနေကြပြီ ဖြစ်ပါသည်။

Nestlé BEAR BRAND Malted Milk ရဲ့ ကားအတွင်း ကြော်ငြာများ

 အက်ပလီကေးရှင်းအတွင်း ထည့်သွင်းကြော်ငြာခြင်း – မိမိလိုအပ်သလို ပြင်ဆင်ဖန်တီး အသုံးပြုနိုင်သည့် widget များ အပါအဝင် မိုဘိုင်း ဂိမ်း၊ ဉာဏ်စမ်းများနှင့် ဆောင်းပါးများ ကဲ့သို့ပင် Grab ၏ နေ့စဉ်သုံး အက်ပလီကေးရှင်းမှာလည်း အရှေ့တောင်အာရှ နိုင်ငံများတွင် စမတ်ဖုန်းအတွင်း ဒေါင်းလုဒ်ရယူကြိမ်ပေါင်း သန်း ၁၀၀ ကျော်ရှိနေပြီ ဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ်များသည် Grab စီးနင်းသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ message နှင့်အတူ အထူးသီးသန့် promo code များ စီစဉ်ပေးခြင်းဖြင့် သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို ထပ်မံ ရယူနိုင်မည် ဖြစ်ပါသည်။

ပြီးခဲ့သည့်လတွင် မိတ်ဆက်ပြသခဲ့သည့် Grab အက်ပလီကေးရှင်း လုပ်ဆောင်ချက် အသစ်တွင် အသုံးပြုသူများအတွက် လိုအပ်သည့်အချိန်တွင် လိုအပ်သည့် အချက်အလက်ကို ဖော်ပြပေးနိုင်မည့် သတင်းစာမျက်နှာတစ်ခု ပါဝင်လာပြီ ဖြစ်ပါသည်။ ခရီးသွားလာနေစဉ် အချိန်အတွင်း သတင်းများ၊ ကုန်ပစ္စည်း review များနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပြသပေးသွားမည် ဖြစ်သောကြောင့် ကုန်အမှတ် တံဆိပ်များ အနေဖြင့် Grab နှင့် ပူးပေါင်း၍ ပွဲတော်ရာသီချိန်အလိုက် ဆက်စပ် အကြောင်းအရာများကို ဖန်တီးပြသနိုင်မည် ဖြစ်ပါသည်။

GrabAds ဝန်ဆောင်မှု အသုံးပြုလျက်ရှိသော ကုန်အမှတ်တံဆိပ်များတွင် Pepsi ၊ Heineken ၊ Dove ၊ Shopee ၊ Tokopedia ၊ Bukalapak နှင့် Nestlé BEAR BRAND Malted Milk တို့လည်း ပါဝင်ပါသည်။ GrabAds သည် Grab ၏ open platform နည်းဗျုဟာ အတွင်းရှိ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကုန်အမှတ်တံဆိပ်များနှင့် မိတ်ဖက်လုပ်ငန်းများအတွက် Grab အသုံးပြုသူ ဦးရေ ပမာဏနှင့် offline ကြော်ငြာနေရာမျိုးစုံကို အသုံးချကာ အရှေ့တောင်အာရှတစ်လွှား ထိရောက်မှုရှိစွာ ဈေးကွက်ချဲ့ထွင်နိုင်ရန် လုပ်ဆောင်ပေးလျက် ရှိပါသည်။

GrabAds အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://www.grab.com/mm/business/ads/ တွင် ဝင်ရောက်လေ့လာ ကြည့်ရှု့နိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter