ခရီးသည်ကို ကြိုရမယ့်နေရာမှာ ရှာမတွေ့လို့ ခရီးစဥ်ကို ပယ်ဖျက်ချင်တဲ့အခါ Hotline အကူအညီ သုံးစရာမလိုဘဲ မိမိ ယာဉ်မောင်းအက်ပ်ထဲကနေ ကိုယ်တိုင် လွယ်ကူလျင်မြန်စွာ ခရီးစဉ်ပယ်ဖျက်ပြီး No-Show Fee ၁၀၀၀ ကျပ်ကို ရယူနိုင်တယ်နော်။
ခရီးသည်ကို ကြိုရမယ့်နေရာရောက်တဲ့အခါ ရောက်ရှိသည် (Arrived ) ကို နှိပ်ပြီး ခရီးသည်ကို ရှာမတွေ့တဲ့အခါ ဖုန်းနဲ့ဖြစ်စေ၊ GrabChat က ဖြစ်စေ အရင်ဆက်သွယ်ကြည့်ပေးပါ။ ၅ မိနစ်စောင့်ဆိုင်းပြီး ခရီးသည်ဆီက အဆက်အသွယ်မရပါက အောက်ပါအတိုင်း ပယ်ဖျက်နိုင်ပါတယ်။
အထက်ပါအတိုင်း ရွေးချယ်ပြီးသွားရင်တော့ Passenger No-Show Fee ၁,၀၀၀ ကျပ်ကို ရရှိပြီဖြစ်ပါတယ်။
No-Show Fee ကိုတော့ ယာဉ်မောင်းရဲ့ Cash Wallet ထဲသို့ တစ်ခါတည်း ထည့်သွင်းပေးမှာဖြစ်ပါတယ်။
ဒီပယ်ဖျက်မှုက မိတ်ဆွေရဲ့ ခရီးစဉ် ပယ်ဖျက်နှုန်းကို မထိခိုက်ပါ။
တည်နေရာကို မရောက်သေးဘဲ Arrived ကြိုနှိပ်ရင် No-Show Fee ၁,၀၀၀ ကျပ် ကို ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခရီးသည်ကြိုတဲ့ တည်နေရာရောက်ပြီးမှသာ Arrived ကို နှိပ်ပြီး လုပ်ဆောင်ချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်ပြီး No-Show Fee ကို ရယူလိုက်ပါ။
မေး – ခရီးသည်ကို စောင့်ဆိုင်းရတဲ့အတွက် No-Show Fee ကို ဘယ်လိုရရှိမှာလဲ။
ဖြေ – ခရီးသည်ကြိုရမယ့်နေရာမှာ ခရီးသည်ကို ၅ မိနစ်ထက် ပိုစောင့်ဆိုင်းရပါက ခရီးစဉ်ပယ်ဖျက်ပြီးတဲ့အခါ မိတ်ဆွေရဲ့ Cash Wallet ထဲသို့ No- Show Fee ၁,၀၀၀ ကျပ် ရောက်ရှိမှာဖြစ်ပါတယ်။ ခရီးသည်ရဲ့ငွေပေးချေမှုနည်းလမ်းသည် ငွေသားဖြစ်စေ ၊ ငွေသားမဲ့ဖြစ်စေ မိတ်ဆွေကို No-Show Fee ၁,၀၀၀ ကျပ် ချက်ချင်းပေးချေမှာဖြစ်ပါတယ်။
မေး – ပုံမှန်ခရီးစဉ်ရဲ့ စီးနင်းမှုအပြီးမှာ ခရီးသည်ဆီက No Show Fee ကောက်ခံဖို့ ဘာကြောင့်လိုအပ်တာလဲ။
ဖြေ – ခရီးသည်ရဲ့ ယခင်ငွေသားခရီးစဉ်တွင် ကြိုရမယ့်နေရာမှာ ထိုခရီးသည် ပေါ်မလာခြင်း၊ ယာဉ်မောင်းမှ ၅ မိနစ်ထက်ပိုစောင့်ရခြင်းတို့ကြောင့် No- Show Fee ဒဏ်ငွေ ပေးဆောင်ရတဲ့အတွက် ယခုအကြိမ်စီးနင်းမှုမှာ ကောက်ခံခြင်းဖြစ်ပါတယ်။ စီးနင်းမှုအဆုံးတွင် No- Show Fee ၁,၀၀၀ ကျပ် အပါအဝင် ဖော်ပြထားတဲ့ ပမာဏကို ကောက်ခံရမှာဖြစ်ပါတယ်။ ထို No- Show Fee ကို မိတ်ဆွေရဲ့ Credit Wallet မှ Grab က အလိုအလျောက် နုတ်ယူသွားမှာဖြစ်ပါတယ်။
မေး- ခရီးသည်ဆီက No- Show Fee ဒဏ်ကြေးကောက်ခံဖို့ မေ့သွားပါက ဘယ်လိုလုပ်မလဲ။ ခရက်ဒစ်ပိုက်ဆံအိတ်မှ နုတ်ယူမှာလား။
ဖြေ- စနစ်မှ အလိုအလျောက်နုတ်ယူတာဖြစ်တဲ့အတွက် စီးနင်းမှုအပြီးတွင် Grab Driver အက်ပ်မှာ ဖော်ပြထားတဲ့ ပမာဏအပြည့်အစုံကို ခရီးသည်ဆီက တောင်းခံရမှာဖြစ်ပါတယ်။
မေး- ခရီးသည်က No- Show Fee ဒဏ်ကြေးကောက်ခံမှုအတွက် မကောင်းတဲ့ကြယ်အဆင့် သတ်မှတ်ပေးရင် ဘယ်လိုလုပ်မလဲ။
ဖြေ – ခရီးသည်များထံမှ No- Show Fee ဒဏ်ကြေးကောက်ခံသည့် ငွေသားဖြင့် စီးနင်းမှုအမျိုးအစားများအတွက် ကြယ်အဆင့်သတ်မှတ်ချက်များကို သင်၏ယာဉ်မောင်းအဆင့်သတ်မှတ်ချက် (Driver Rating) တွင် ထည့်သွင်းတွက်ချက်မည်မဟုတ်ပါ။
မေး- ခရီးသည်က No Show Fee ဒဏ်ကြေးပေးဆောင်ဖို့ ငြင်းဆိုရင် ဘာဖြစ်မလဲ။
ဖြေ- ကျေးဇူးပြု၍ Grab ယာဉ်မောင်းအက်ပ်အတွင်းရှိ Help Center မှ Live Chat က တစ်ဆင့် ဆက်သွယ်ပေးပါ။ (သို့မဟုတ်) Help Centre ရှိ “ကျသင့်ငွေအတိအကျကောက်ခံ မရခဲ့ခြင်း” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပေးပို့တင်ပြနိုင်ပါတယ်။ ဤပမာဏကို ၂ ရက်အတွင်း မိတ်ဆွေရဲ့ Cash Wallet ထဲသို့ ပြန်လည်ထည့်သွင်းပေးမှာပါ။
Grab Myanmar
9 A, Nat Mauk Yeik Tha Street,
Nat Mauk Ward,
Tarmwe Township,
Yangon, Myanmar