ခရီးစဉ်ဘိုကင်တစ်ခုမှာ တည်နေရာ ၄ နေရာ ပို့ဆောင်ရင်း
ဝင်ငွေတိုးစေလိုက်ပါ

ခရီးသည် ဘိုကင်မှာ ယခင် တည်နေရာ ၂ ပင် မဟုတ်တော့ဘဲ တည်နေရာ ၄ ပင် အထိ သွားလာနိုင်အောင် တိုးမြှင့်လိုက်တာကြောင့် ဘိုကင် တစ်ခုတည်းမှာကိုပဲ ခရီးစဉ်လမ်းကြောင်း ၄ ကြောင်း အထိ ပို့ဆောင်ရင်း ဝင်ငွေတိုး ရရှိနိုင်မှာဖြစ်ပါတယ်။

ဘယ်လို အချက်တွေ ထပ်တိုး ပါဝင်သွားမလဲ?

  • ခရီးစဉ် တစ်ခုတည်းမှာ ခရီးသည်ဘက်မှ ခရီးစဉ်လမ်းကြောင်း ၄ ကြောင်းအထိ ဘိုကင်လုပ်နိုင်တယ်။
  • ခရီးစဉ်ဘိုကင် တည်နေရာပင် နံပါတ် အစဉ်လိုက်အတိုင်း ပို့ဆောင်ရမှာ ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းအားလုံးကို မဖြစ်မနေ ပို့ဆောင်ရမှာဖြစ်ပါတယ်။
  • တည်နေရာ ၂ ပင်ထက် ပိုတဲ့ ခရီးစဉ်အတွက် ပေးတဲ့ အပို ထပ်ဆောင်းကြေးတွေကို ဒုတိယလမ်းကြောင်းတည်နေရာ ကစပြီး ရရှိမှာပါ။ 
  • နေရာပင် တစ်ခုစီအတွက် အပိုထပ်ဆောင်းကြေး ၈၀၀ ကျပ်စီ ထည့်သွင်း တွက်ချက်ပေးထားပြီး စတုတ္ထလမ်းကြောင်းအထိဆို ထပ်ဆောင်းကြေး စုစုပေါင်း ၂၄၀၀ ကျပ် အထိ ရရှိမှာပါ။
  • အပိုထပ်ဆောင်းကြေးကိုတော့  ခရီးစဉ်ကြေးထဲမှာ ပေါင်းပြီး ထည့်သွင်းတွက်ချက်ထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တည်နေရာ ပင်တစ်ခု နဲ့ တစ်ခု ကြား ခရီးသည်ကို စောင့်ဆိုင်းရတဲ့ အချိန်တွေအတွက် ၅ မိနစ်တိုင်း ၅၀၀ ကျပ် စောင့်ဆိုင်းခ ကိုပါ ထည့်သွင်း တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ 

စောင့်ဆိုင်းကြေးအတွက် ဘယ်လို တွက်ချက်ပေးမလဲ?

  • တည်နေရာရောက်တာနဲ့ ရောက်ရှိသည် (Arrived) ကို နှိပ်ပါ။
  • တည်နေရာမှာ ၅ မိနစ် အရင် စောင့်ဆိုင်းပေးရပါမယ်။
  • ၅ မိနစ် စောင့်ဆိုင်းပြီးတာနဲ့ နောက်ထပ် ၅ မိနစ် ကစပြီး စောင့်ဆိုင်းကြေးကို ၅ မိနစ်တိုင်း ၅၀၀ ကျပ်နဲ့ စတင် တွက်ချက်ပေးမှာပါ။ 
  • စောင့်ဆိုင်းကြေးတွေကို ခရီးစဉ်ကြေးနဲ့အတူ ပြသ တွက်ချက်ပေးထားမှာ ဖြစ်ပါတယ်။

ပို့ဆောင်ရမယ့် တည်နေရာ တစ်ကြောင်းစီတိုင်း အတွက် ပြုလုပ်ရမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။