CB Mobile Banking မှတစ်ဆင့် ကားဆွဲရန်ငေွ Credit Balance အားဖြည့်သွင်းနိုင်မည်။
Grab ယာဉ်မောင်းများအချိန်ကုန် အဆင်ပြေသက်သာစေရန်အတွက် ယခုအခါ CB mobile banking မှတဆင့် ကားဆွဲရန်ငွေ (credit balance) အားစတင်ဖြည့်သွင်းနိုင်ပြီးဖြစ်ပါသည်။
ငေွြဖည့်သွင်းရန်အချိန်
- နံနက် ၉း၀၀ နာရီ မှ ၁၁းဝဝ နာရီ အတွင်းငွေဖြည့်ရမည်ဖြစ်ပြီး ဖြည့်သည့်အချိန်မှစ၍ ၂၄နာရီ (၁ရက်) အတွင်း ရောက်ရှိမှာဖြစ်ပါသည်။
ငွေပေးချေပုံအဆင့်ဆင့်
အဆင့်(၁) – CB Bank Mobile Banking ကိုအသုံးပြုရန် Login ကိုနှိပ်ပါ။
အဆင့်(၂) – သတ်မှတ်ထားသော လျှို့ဝှက်နံပါတ် (၄) လုံးကို ရိုက်ထည့်ပြီး OK ကိုနှိပ်ပါ။
အဆင့်(၃) – My Service Menu ကိုနှိပ်ပြီး ထိုမှ Payment Menu ကိုထပ်နှိပ်ပေးပါ။ ငွေပေးချေနိုင်ရန် Grab Payment ကိုနှိပ်ပေးပါ။
ငွေပေးချေပုံအဆင့်ဆင့်
အဆင့်(၄)
ငွေပေးချေမှုပြုလုပ်ရန်ငွေပေးချေမည့် အကောင့်ကို ရွေးချယ်ပေးပါ။
အဆင့်(၅) – မိမိပေးချေလိုသည့် ငွေပမာဏ ၊ Driver Name ၊ Car Plate Number ၊ Phone Number တို့ကို
ရိုက်ထည့်ပေးပြီး OK ကိုနှိပ်ပါ
ငွေပေးချေပုံအဆင့်ဆင့်
အဆင့်(၆) – မိမိဖြည့်သွင်းထားသည့် အချက်အလက်များ
မှာမှန်/မမှန်စစ်ဆေးပြီး မှန်ကန်ပါက Continue ကို နှိပ်ပါ။ ပြင်ဆင်လိုပါက Cancel ကိုနှိပ်ပါ။
အဆင့်(၇) – မိမိပြုလုပ်လိုက်သည့်ငွေပေးချေမှုပြီးမြောက်
ကြောင်း success screen ကျလာမည်ဖြစ် သည်။