MMBusTicket Website မှာ ကားလက်မှတ်ဝယ်ယူသူတိုင်း GrabTransport နဲ့ GrabFood ပရိုမိုများစွာရနိုင်မယ့်အခွင့်အရေး

MMBusTicket မှာ ကားလက်မှတ် ၀ယ်ယူပြီး GrabTransport နဲ့ GrabFood Discount Voucher တွေကို ရယူနိုင်မယ့် အစီအစဥ်လေး ရှိပါတယ်နော်။

 Grab app သုံးစွဲသူအသစ်များအနေနဲ့ Grab အကောင့်ကို ဦးစွာဖွင့်ထားဖို့လိုအပ်ပြီး GrabTransport ပထမဆုံး ခရီးစဉ် ၂ ကြောင်းအတွက် ၃,၀၀၀ ကျပ်စီလျှော့ဈေး နဲ့ ပထမဆုံး GrabFood အော်ဒါ ၂ ခုကို ၃,၀၀၀ ကျပ်စီလျှော့ဈေးအပြင် ပို့ဆောင်ခ အခမဲ့ ဆိုတော့ စုစုပေါင်း ၁၂,၀၀၀ ကျပ်ဖိုးအထိ ရရှိမှာဖြစ်ပြီး

 Grab app ကို လက်ရှိသုံးစွဲနေသူများအနေနဲ့ GrabTransport ခရီးစဉ်တစ်ကြောင်းအတွက် 20% Off (Up to 1,000 MMK) နဲ့ GrabFood အော်ဒါတစ်ခုအတွက် 20% Off (Up to 5,000 MMK) အထိလျှော့စျေးများ ရရှိမှာဖြစ်ပါတယ်။ 

အသုံးပြုရမယ့်ပရိုမိုကုဒ်တွေကိုတော့ MMBusTicket ရဲ့ ကားလက်မှတ်/E-Ticket ပေါ်မှာ ဖော်ပြပေးထားမှာပါ။

ဒါ့အပြင် Grab app ကို လက်ရှိသုံးစွဲနေသူများအနေနဲ့ MMBusTicket မှာအဝေးပြေးကားလက်မှတ်တွေဝယ်ယူတဲ့အခါ ၁,၀၀၀ ကျပ်နဲ့ ၁,၅၀၀ ကျပ်အထိ လျှော့ဈေးဘောက်ချာတွေကို GrabRewards ပွိုင့်တွေသုံးပြီး နှစ်သက်ရာလဲလှယ်အသုံးပြုနိုင်ပါတယ်။ ပွိုင့်တွေ လဲလှယ်အသုံးပြုနိုင်ဖို့အတွက် Grab Home Page မှတစ်ဆင့် Use Point ထဲကိုဝင်ပြီး နှစ်သက်ရာ Voucher ကိုရွေးချယ်ပြီး “Redeem” လုပ်ရုံပါပဲ။

 လျှော့ဈေးဘောက်ချာတွေကိုတော့ MMBusTicket မှာ ၂ သောင်းဖိုးနဲ့အထက် ကားလက်မှတ်ဝယ်ယူမှုတွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များရှိပါတယ်။

  • GrabTransport ကုဒ်များမှာ ရန်ကုန်နဲ့ မန္တလေးရှိ GrabTaxi, GrabTaxi Plus နဲ့ GrabThoneBane ဝန်ဆောင်မှုများအတွက်သာဖြစ်ပါတယ်။
  • GrabFood ကုဒ်များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်နဲ့ ပုသိမ်မြို့များအတွက်သာ အကျုံးဝင်ပါတယ်။
  • Self pick-up order များအတွက် အကျုံးမဝင်ပါ။
  • ပရိုမိုးရှင်းကာလမှာ ၂၀၂၄၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။