Biker Shift အတွက် ပိုမိုတိကျတဲ့အချိန်နဲ့ ဇုံနေရာအသစ်တွေကို ရွေးချယ်ပြီး
အော်ဒါလက်ခံလုပ်ဆောင်နိုင်ပါပြီ

Biker Shift ဆိုတာ သီးသန့် သတ်မှတ်ဇုံတွေအတွင်း အစားအသောက်အော်ဒါပို့ဆောင်ဖို့အတွက် မိမိ စိတ်ကြိုက်ဇုံနဲ့ အချိန်ကို သီးသန့် ဝန်ဆောင်မှုပေးဖို့ ရွေးချယ်ရတာ ဖြစ်ပါတယ်။

ပို့ဆောင်သူတွေအနေနဲ့ မိမိစိတ်ကြိုက် Shift ကို ပိုမိုတိကျတဲ့ ဇုံနေရာအသစ်တွေနဲ့အတူ  လာမယ့် ဇွန် ၂၁ ရက် စပြီး  ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ 

Shift ရွေးချယ်နိုင်တဲ့ ဇုံနေရာများ

  • New! Zone 0 ကနေ Zone 10 ခုအထိ (မြို့နယ်အလိုက်)  ( အောက်က ဇယား မှာ ကြည့်ရှုနိုင်ပါတယ်)
  • ပုံမှန် ရန်ကုန်တစ်မြို့လုံး : နေရာမရွေးချယ်ချင်တဲ့သူတွေအတွက် ရန်ကုန်ဇုံ ( Yangon combined Zone) 
  • သန်လျင်ဇုံ

Zone 0 ကနေ Zone 10  ကတော့ မြို့နယ်အလိုက် ခွဲထားတဲ့အတွက် ခရီးတိုအော်ဒါတွေကိုပဲ သီးသန့်သွားလိုတဲ့သူတွေအတွက် ပိုအဆင်ပြေမှာဖြစ်ပြီး၊  Yangon Combined Zone ( ရန်ကုန်တစ်မြို့လုံး) ဇုံကတော့ ခရီးစဉ် အရှည်အတို မခွဲခြားတဲ့ သူ၊ နယ်မြေမကန့်သတ်လိုသူတွေအတွက် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။  

ရွေးချယ်နိုင်တဲ့ Shift အချိန်နဲ့ ပယ်ဖျက်နှုန်းသတ်မှတ်ချက် ( အပြောင်းအလဲမရှိပါ)

  • မနက်  ၇ နာရီ မှ ညနေ ၄ နာရီအထိ  ( အော်ဒါပယ်ဖျက်နှုန်း ၁၀ % အောက်)
  • ညနေ ၄ နာရီ မှ ညနေ ၈ နာရီအထိ  (  အော်ဒါပယ်ဖျက်နှုန်း ၁၅ % အောက်)

Shift ဘယ်လို ရွေးချယ် အလုပ်လုပ်မလဲ

  • ပို့ဆောင်သူတွေအနေနဲ့  မိမိရွေးချယ်ထားတဲ့  Shift အချိန်နဲ့ ဇုံဧရိယာအတိုင်း အော်ဒါလက်ခံရယူရမှာဖြစ်ပါတယ်။  Shift တွေကို တစ်ပတ်တာ ကြိုတင်ရွေးချယ်နိုင်ပြီး ဇုံအလိုက် ပို့ဆောင်သူဦးရေ အကန့်အသတ်ရှိတဲ့အတွက် စောစောရွေးချယ်လေ ကိုယ်လိုချင်တဲ့ ဇုံနဲ့ အချိန်ကို ရရှိဖို့ သေချာလေ ဖြစ်မှာပါ။ 
  • သတ်မှတ်ရက်၊ သတ်မှတ် Shift အချိန်ရဲ့ ၂ နာရီမတိုင်ခင်အထိ ရွေးချယ်နိုင်ပြီး ရွေးချယ်ထားတာ ပယ်ဖျက်လိုရင်လည်း Shift မစတင်ခင် ၂ နာရီ အလိုမှာ ပယ်ဖျက်နိုင်ပါတယ်။

ပို့ဆောင်ခနဲ့ အပိုဆုကြေးဆိုင်ရာ သတ်မှတ်ချက်များ 

  • Shift ရွေးချယ်ပြီး ပယ်ဖျက်နှုန်းသတ်မှတ်ချက်တွေ ပြည့်မီရင် အော်ဒါတစ်ကြောင်းစီမှာ Shift Bonus ၁၀၀ ကျပ်စီ နဲ့  အထက်ပါ ဇုံထဲက စီးတီးမတ် ( တောင်ဒဂုံ)၊  Ocean (လှိုင်သာယာ)၊  Terminal M နဲ့ Makro ရှော့ပင်းမောလ်တို့ဆီက အစားအသောက်အော်ဒါပို့ဆောင်မှုတွေအတွက် ပို့ဆောင်ခ ကျပ် ၅၀၀ စီ အပိုဆောင်းရရှိမှာပါ။
  • Shift  ရွေးချယ်ပြီး ပယ်ဖျက်နှုန်းသတ်မှတ်ချက် မပြည့်မီရင်  အထက်ပါ Shift Bonus ၁၀၀ ကျပ်ကို ရမှာ မဟုတ်ပါဘူး။ 
  • Shift မရွေးချယ်ရင်  Shift Bonus အပြင် Grab က ပေးအပ်နေတဲ့ အခြား Spot Bonus ( ညနေပိုင်းအပိုဆုကြေး၊ တနင်္ဂနွေ အပိုဆုကြေး၊ မိုးရာသီလျှပ်တပြက်အပိုဆုကြေး) တွေကိုပါ ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အပတ်စဉ် ကျပ် ၁၆၀၀၀ ခန့်ကို ဆုံးရှုံးနေမှာ ဖြစ်ပါတယ်။  

ခံစားခွင့်တွေ အသေအချာရရှိဖို့ Shift ကို မဖြစ်မနေ ရွေးချယ်ဖို့ လိုပါတယ်။

Shift Bonus တွေကို Shift အချိန်ပြီးစီးတဲ့အခါ Cash Wallet ထဲ ရရှိမှာပါ။

အထက်ပါ အပြောင်းအလဲဟာ ရွေးချယ်နိုင်တဲ့ တိကျတဲ့ ဇုံဧရိယာတွေ တိုးလာတာသာဖြစ်ပြီး ကျန်တဲ့ ဝင်ငွေပိုင်းဆိုင်ရာမှာ မည်သည့်သက်ရောက်မှုမှ မရှိပါ။