Credit Wallet အသုံးပြုပြီး အော်ဒါလက်ခံရင်း ဝင်ငွေတိုးစေလိုက်ပါ

မန္တလေးမြို့ အစားအသောက်ပို့ဆောင်သူတွေအနေနဲ့ ဇွန် ၁ ရက်နေ့ကစပြီး  အက်ပ်ရဲ့ Credit Wallet (ခရက်ဒစ်ပိုက်ဆံအိတ်) ကို အသုံးပြု အော်ဒါလက်ခံတဲ့ စနစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Credit Wallet နဲ့ဆိုရင်တော့ မိမိရဲ့ ပို့ဆောင်ခနဲ့ အပိုဆုကြေးတွေကို အော်ဒါတစ်ခုပြီးတိုင်း ချက်ချင်း လက်ခံရရှိနိုင်မှာပါ။ 

Credit Wallet ဘယ်လိုအလုပ်လုပ်လဲ

မိမိ ကြိုတင်စုဆောင်းထားတဲ့ ငွေပမာဏကို Credit Wallet ထဲမှာ တွေ့ရမှာ ဖြစ်ပြီး၊  ငွေပမာဏများများ ဖြည့်ထားလေလေ အော်ဒါများများ လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ Credit Wallet ထဲမှာ ငွေပမာဏ များများ ဖြည့်ထားဖို့ သေချာစေပါ။

ငွေဘယ်လို ဖြည့်မလဲ 

Credit Wallet ထဲ ငွေဖြည့်နိုင်တဲ့ နည်းလမ်း ၂ ခု ရှိပါတယ်။ နည်းလမ်း ၂ မျိုးစလုံးမှာ ငွေလွှဲခ ကောက်ခံမှုမရှိပါ ။

  • CB pay က တစ်ဆင့် 
  • KBZ merchant app အနီက တစ်ဆင့်

 ငွေဖြည့်နိုင်တဲ့အချိန် : အချိန်မရွေး

ငွေဖြည့်ပေးမဲ့အချိန် : 9 AM, 11 AM, 1 PM, 3 PM နဲ့ 5PM  

KBZ Partner app (Qr Code )က တစ်ဆင့် ငွေဖြည့်ပုံ နည်းလမ်း

KBZ Partner app ( Qr Code ) ကို save လုပ်ထားပါ။  ပြီးရင် မိမိ ကိုယ်ပိုင် KbzPay အကောင့်ကတစ်ဆင့် save  ထားတဲ့ Qr Code ကို သုံးပြီး ငွေဖြည့်ပါ။ 

Cash Wallet နဲ့ Credit Wallet အလုပ်လုပ်ပုံ

Credit Wallet စတင်အသုံးပြုတဲ့ အစောပိုင်းကာလတွေအတွက် ပို့ဆောင်သူတွေရဲ့ Credit Wallet တွင်း ငွေပမာဏလုံလောက်မှုမရှိတဲ့အချိန် အော်ဒါဆက်လက်လက်ခံနိုင်စေဖို့ Grab ဘက်က ငွေပမာဏ ၂၀၀၀၀ ကျပ်ကနေ ၁၀၀၀၀၀ အထိ ပို့ဆောင်သူအဆင့်အလိုက် ကို စိုက်ထုတ်ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ 

အဆိုပါ စိုက်ထုတ်ငွေကို သုံးစွဲပါက Cash Wallet မှာ ( – ) အနေနဲ့ အောက်ပါအတိုင်း မြင်နေရမှာ ဖြစ်ပါတယ်။  

တစ်နေ့တာ ကုန်ဆုံးတဲ့အခါ Cash Wallet မှာ ( – )  ပေါ်နေတဲ့ စိုက်ထုတ်ငွေပမာဏအားလုံးကို Credit Wallet ထဲ Top Up ထည့်ပြီး  နေ့ချင်း ပြန်လည် ဖြည့်သွင်းပေးရမှာဖြစ်ပြီး  ငွေပြန်လည်မထည့်သွင်းဘဲ အကြွေးကျန်နေတဲ့ အကောင့်တွေအနေနဲ့ အော်ဒါထပ်မံရရှိမှာ မဟုတ်တဲ့အတွက် မိမိ Credit Wallet ကို အမြဲ စစ်ဆေးပြီး အော်ဒါလက်ခံနိုင်ဖို့ လုံလောက်တဲ့ ငွေပမာဏရှိနေအောင်နဲ့  Cash Wallet ထဲမှ နေ့စဉ် ကြွေးကျန်မရှိအောင် သတိထားစေလိုပါတယ်။  

အော်ဒါများများ လက်ခံနိုင်ဖို့ Credit Wallet ထဲ ငွေများများ ထည့်ထားကြပါစို့။