ကြိုပွိုင့်မှာ ခရီးသည်မတွေ့ရင် ခရီးစဉ်ကို ကိုယ်တိုင် ပယ်ဖျက်ပြီး ၅၀၀ ကျပ် ရယူပါ

ခရီးသည်ကို ကြိုရမယ့်နေရာမှာ ရှာမတွေ့လို့  ခရီးစဥ်ကို ပယ်ဖျက်ချင်တဲ့အခါ Hotline အကူအညီ သုံးစရာမလိုဘဲ မိမိ ယာဉ်မောင်းအက်ပ်ထဲကနေ ကိုယ်တိုင် လွယ်ကူလျင်မြန်စွာ ခရီးစဉ်ပယ်ဖျက်ပြီး No-Show Fee  ၅၀၀ ကျပ်ကို ရယူနိုင်တယ်နော်။

 ခရီးသည်ကို ကြိုရမယ့်နေရာရောက်တဲ့အခါ  ရောက်ရှိသည် (Arrived ) ကို နှိပ်ပြီး ခရီးသည်ကို ရှာမတွေ့တဲ့အခါ  ဖုန်းနဲ့ဖြစ်စေ၊ GrabChat က ဖြစ်စေ အရင်ဆက်သွယ်ကြည့်ပေးပါ။  ၅ မိနစ်စောင့်ဆိုင်းပြီး ခရီးသည်ဆီက အဆက်အသွယ်မရပါက အောက်ပါအတိုင်း ပယ်ဖျက်နိုင်ပါတယ်။ 

အထက်ပါအတိုင်း ရွေးချယ်ပြီးသွားရင်တော့ Passenger No-Show Fee  ၅၀၀ ကျပ်ကို ရရှိပြီဖြစ်ပါတယ်။

No-Show Fee ကိုတော့ ယာဉ်မောင်းရဲ့ Cash Wallet ထဲသို့  တစ်ခါတည်း ထည့်သွင်းပေးမှာဖြစ်ပါတယ်။ 

ဒီပယ်ဖျက်မှုက မိတ်ဆွေရဲ့ ခရီးစဉ် ပယ်ဖျက်နှုန်းကို မထိခိုက်ပါ။

တည်နေရာကို မရောက်သေးဘဲ Arrived ကြိုနှိပ်ရင် No-Show Fee ၅၀၀ ကျပ် ကို ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခရီးသည်ကြိုတဲ့ တည်နေရာရောက်ပြီးမှသာ Arrived ကိုနှိပ်ပြီး လုပ်ဆောင်ချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်ပြီး No-Show Fee ကို ရယူလိုက်ပါ။

သတိပြုရမယ့် အချက်များ 

  • ငွေသားမဲ့ခရီးစဉ် (Cashless Booking) ဖြစ်ပါက ခရီးသည်ထံမှ ချက်ချင်းကောက်ခံမှာဖြစ်ပြီး ငွေသားခရီးစဉ် (Cash Booking) ဖြစ်ပါက ထိုခရီးသည်ရဲ့ နောက်တစ်ကြိမ် ဘိုကင်မှာ ၅၀၀ ကျပ်ကို ပေါင်းထည့်ကောက်ခံမှာဖြစ်ပါတယ်။ 
  • ဒါကြောင့်မို့ မိတ်ဆွေရဲ့ ပုံမှန်ခရီးစဉ်မှာ ၅၀၀ ကျပ်အပိုပါခဲ့ရင် “ခရီးသည်ရဲ့ ယခင် ဘိုကင်မှ No- Show Fee ကောက်ခံထားခြင်း”ကို သတိပြုမိစေဖို့ ဖြစ်ပါတယ်။ 
  • အဆိုပါ ၅၀၀ ကျပ်ကို မိတ်ဆွေရဲ့ Credit Wallet ထဲမှ ပြန်လည်နုတ်ယူမှာဖြစ်ပြီး  ထို ၅၀၀ ကျပ်အတွက် Grab ကော်မရှင်ဖြတ်မည်မဟုတ်ကြောင်း မိတ်ဆွေကို  သတိပြုစေချင်ပါတယ်။

အမေးများသော မေးခွန်းများ

မေး – ခရီးသည်ကို စောင့်ဆိုင်းရတဲ့အတွက် No-Show Fee ကို ဘယ်လိုရရှိမှာလဲ။ 

ဖြေ – ခရီးသည်ကြိုရမယ့်နေရာမှာ ခရီးသည်ကို ၅ မိနစ်ထက် ပိုစောင့်ဆိုင်းရပါက ခရီးစဉ်ပယ်ဖျက်ပြီးတဲ့အခါ မိတ်ဆွေရဲ့ Cash Wallet ထဲသို့ No- Show Fee ၅၀၀ ကျပ် ရောက်ရှိမှာဖြစ်ပါတယ်။ ခရီးသည်ရဲ့ငွေပေးချေမှုနည်းလမ်းသည် ငွေသားဖြစ်စေ ၊ ငွေသားမဲ့ဖြစ်စေ မိတ်ဆွေကို No-Show Fee ၅၀၀ ကျပ် ချက်ချင်းပေးချေမှာဖြစ်ပါတယ်။

မေး – ပုံမှန်ခရီးစဉ်ရဲ့ စီးနင်းမှုအပြီးမှာ ခရီးသည်ဆီက No Show Fee ကောက်ခံဖို့ ဘာကြောင့်လိုအပ်တာလဲ။

ဖြေ –  ခရီးသည်ရဲ့ ယခင်ငွေသားခရီးစဉ်တွင် ကြိုရမယ့်နေရာမှာ ထိုခရီးသည် ပေါ်မလာခြင်း၊ ယာဉ်မောင်းမှ ၅ မိနစ်ထက်ပိုစောင့်ရခြင်းတို့ကြောင့် No- Show Fee ဒဏ်ငွေ ပေးဆောင်ရတဲ့အတွက် ယခုအကြိမ်စီးနင်းမှုမှာ ကောက်ခံခြင်းဖြစ်ပါတယ်။ စီးနင်းမှုအဆုံးတွင် No- Show Fee ၅၀၀ ကျပ် အပါအဝင် ဖော်ပြထားတဲ့ ပမာဏကို ကောက်ခံရမှာဖြစ်ပါတယ်။  ထို No- Show Fee ကို  မိတ်ဆွေရဲ့  Credit Wallet မှ Grab က အလိုအလျောက် နုတ်ယူသွားမှာဖြစ်ပါတယ်။  

မေး- ခရီးသည်ဆီက No- Show Fee ဒဏ်ကြေးကောက်ခံဖို့ မေ့သွားပါက ဘယ်လိုလုပ်မလဲ။ ခရက်ဒစ်ပိုက်ဆံအိတ်မှ နုတ်ယူမှာလား။

ဖြေ- စနစ်မှ အလိုအလျောက်နုတ်ယူတာဖြစ်တဲ့အတွက် စီးနင်းမှုအပြီးတွင် Grab Driver အက်ပ်တွင် ဖော်ပြထားသော ပမာဏအပြည့်အစုံကို ခရီးသည်ဆီက တောင်းခံရမှာဖြစ်ပါတယ်။ 

မေး- ခရီးသည်က No- Show Fee ဒဏ်ကြေးကောက်ခံမှုအတွက် မကောင်းတဲ့ကြယ်အဆင့်သတ်မှတ်ပေးရင် ဘယ်လိုလုပ်မလဲ။

ဖြေ – ခရီးသည်များထံမှ No- Show Fee ဒဏ်ကြေးကောက်ခံသည့် ငွေသားဖြင့် စီးနင်းမှုအမျိုးအစားများအတွက် ကြယ်အဆင့်သတ်မှတ်ချက်များကို သင်၏အလုံးစုံယာဉ်မောင်းအဆင့်သတ်မှတ်ချက် (Driver Rating) တွင် ထည့်သွင်းတွက်ချက်မည်မဟုတ်ပါ။

မေး- ခရီးသည်က No Show Fee ဒဏ်ကြေးပေးဆောင်ဖို့ ငြင်းဆိုရင် ဘာဖြစ်မလဲ။

ဖြေ- ကျေးဇူးပြု၍ Grab Support Team ထံ ဆက်သွယ်ပါ။ သို့မဟုတ် Help Centre ရှိ “ကျသင့်ငွေအတိအကျကောက်ခံ မရခဲ့ခြင်း” ဆိုတဲ့ခေါင်းစဉ်အောက်တွင် ပေးပို့တင်ပြနိုင်ပါတယ်။ ဤပမာဏကို ၂ ရက်အတွင်း မိတ်ဆွေရဲ့ Cash Wallet ထဲသို့ ပြန်လည်ထည့်သွင်းပေးမှာပါ။