၂၀၂၁ နှစ်သစ်အတွက် iPhone 12 Pro အသစ်စက်စက်လေး ကံစမ်းလိုက်ရအောင် Grab App ထဲက “Win an iPhone 12 Pro” challenge မှာ အခုပဲ ပါဝင်လိုက်ပါ။
ဘယ်လိုပါဝင်ရမလဲ။
- Grab အက်ပ်ပလီကေးရှင်း ပင်မစာမျက်နှာပေါ်က Challenges ပုံကို နှိပ်ပါ။
- GrabProtect ၂ကြောင်း စီးနင်း၊ GrabFood အော်ဒါ ၂ ခုနဲ့ GrabMart အော်ဒါ ၂ ခု ဇန်နဝါရီ လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မှာယူရပါမယ်။
စည်းကမ်းသတ်မှတ်ချက်များ
- Challenge တစ်ခုစီကို ခွဲဝေအသုံးပြုလို့ မရပါ။ Challenge တစ်ခုစီကို တစ်ဦးတစ်ယောက်ချင်းစီအလိုက် ဖန်တီးထားတာကြောင့် တစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်ပါတယ်။ အက်ပ်ပလီကေးရှင်းထဲမှာ Challenge ကို ရရှိသူသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Grab မှ အက်ပလီကေးရှင်းတွင်း သုံးစွဲသူများ Challenge ရရှိမှု မရရှိမှုကို ကန့်သတ်ခွင့် ရှိပါတယ်။
- Challenge မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ မှ ၃၁ ရက်နေ့အထိသာ ဖြစ်ပါတယ်။
- Challenge မှာ မြန်မာနိုင်ငံတွင်းသာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားတွင် Grab အသုံးပြုမှုများကို ထည့်သွင်းတွက်ပေးမှာ မဟုတ်ပါ။
- GrabProtect ၊ GrabFood ၊ GrabMart အသုံးပြုမှုများသာ ဒီ Challenge မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
- ကတ် သို့မဟုတ် ငွေသားဖြင့် ပေးချေမှုပုံစံကို အသုံးပြုနိုင်ပါတယ်။
- Challenge အတွက် တစ်နေ့လျှင် ၈ ကြောင်းအထိသာ (သတ်မှတ်ထားခြင်း မရှိပါက မဖြစ်မနေ လိုက်နာရန် မဟုတ်ပါ)။
- Challenge အောင်မြင်သွားပါက သင့်အနေနဲ့ ကံစမ်းမဲမှာ အကျုံးဝင်သွားပြီ ဖြစ်ပါတယ်။
- Challenge အောင်မြင်သူ Grab သုံးစွဲသူတိုင်းကို iPhone 12 Pro (128 GB ၊ Pacific Blue) ကံစမ်းခွင့် လက်မှတ်တစ်စောင်အဖြစ် သတ်မှတ်ကာ မဲနှိုက်ပေးမှာ ဖြစ်ပါတယ်။
- Challenge ပြီးဆုံးအောင်မြင်သွားတဲ့ Grab သုံးစွဲသူများအနက် ဆုရရှိသူကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မတိုင်မီ အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ ဆုရရှိသူကို Grab မြန်မာရဲ့ တရားဝင် Facebook စာမျက်နှာမှလည်း ကြေညာပေးသွားပါမယ်။
- Challenge အောင်မြင်ပြီး ရရှိသော rewards များမှာ ကံစမ်းမဲ လက်မှတ်အဖြစ်သာ သတ်မှတ်ရန် ဖြစ်ပါတယ်။
- Grab အနေနဲ့ မရိုးသားမှု တစ်စုံတစ်ရာ ရှိမရှိ ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပြီးမှ Reward ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။
- Grab ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခွင့် မရှိပါ။
- ပြီးဆုံးသွားပါက နောက်ထပ် ပါဝင်လို့ မရပါ။
- Challenge မှာ အချိန်ပြည့်သွားပါက (သို့) ဆု လက်ဆောင်ပေးအပ်ပြီးပါက ပြိုင်ပွဲကာလ ပြီးဆုံးမှာ ဖြစ်ပါတယ်။
- သင့်အနေနဲ့ Grab အပလီကေးရှင်းထဲ ပါရှိသော Grab ဝန်ဆောင်မှုများရဲ့ စည်းမျဉ်းသတ်မှတ်ချက်များကို သဘောတူလက်ခံပါတယ်။ Reward များကို အသုံးပြုရမှာ တစ်ခုစီအလိုက် သတ်မှတ်ချက်များ ကွဲပြားပါတယ်။ စည်းမျဉ်းသတ်မှတ်ချက်များကို reward တစ်ခုစီထဲမှာ ဝင်ဖတ်နိုင်ပါတယ်။
- ဒီ Challenge မှာ ပါဝင်ခြင်းအားဖြင့် Grab မှ သင့်နာမည်နှင့် သင့်ဓာတ်ပုံကို ဆုရှင်ကြေညာသောအခါ အသုံးပြုရန် ခွင့်ပေးပြီး ဖြစ်ပါတယ်။ ဤအချက်ကို သဘောတူညီမှု မရှိပါက သင်၏ ဆုကို လက်လွှတ်ဆုံးရှုံးရမည်ဖြစ်ပြီး နောက်ထပ် ဆုရှင်တစ်ဦးကို အလိုအလျောက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
- Grab မှ သင့်အား ကြိုတင်အကြောင်းကြားမှု မပြုလုပ်ဘဲ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဘယ်အချိန်မဆို စည်းမျဉ်းသတ်မှတ်ချက်များရဲ့ ဘယ်အချက်အလက်ကိုမဆို ပြောင်းလဲ၊ ပြင်ဆင်၊ ဖြုတ်ခွင့်ကို အပြည့်အဝ ရရှိထားပြီး သင့်အနေနဲ့ ပြောင်းလဲမှုများကို သဘောတူညီလက်ခံပါတယ်။
- Challenge နဲ့ ပတ်သက်ပြီး ဘယ်လိုကိစ္စရပ်မဆို Grab ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။ Grab အနေနဲ့ သင် သို့မဟုတ် တခြားသူတစ်စုံတစ်ဦးမှ အမြတ်ဆုံးရှုံးခြင်း၊ မတော်တဆပျက်စီးမှု၊ လက်ငင်းပျက်စီးမှုများ သို့မဟုတ် Challenge နဲ့ ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှုများ ရှိပါတယ်ဟု တောင်းဆိုမှုအပေါ် ဖြေရှင်းပေးရန် တာဝန်မရှိပါ။
- Grab အနေနဲ့ မူလဆုကို မပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပွားခဲ့ပါက ဆုကို တူညီတဲ့ တန်ဖိုးရှိ ဆုတစ်ခုခုနဲ့ အစားထိုးပေးနိုင်ခွင့် ရှိပါတယ်။
- ဆုထုတ်ယူအသုံးပြုရာတွင် Grab အနေနဲ့ အငြင်းပွားဖွယ်ရာများကို ကာကွယ်ရန် ဆုရှင်အား အတည်ပြုဖို့ အထောက်အထား တစ်စုံတစ်ရာ တောင်းခံကောင်း တောင်းခံနိုင်ပါတယ်။
- ဆုများကို သတ်မှတ်ထားသော ကာလအတွင်းသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ သက်တမ်းကျော်လွန်သွားပါက ဆုကို အဆုံးရှုံးခံရမှာ ဖြစ်ပြီး နစ်နာကြေး တောင်းခံခွင့် မရှိပါ။
- ခြွင်းချက်အဖြစ် သတ်မှတ်ထားခြင်း မရှိပါက ဆုများကို ငွေသား သို့မဟုတ် credit မည်သည့် ပုံစံနဲ့မဆို လွှဲပြောင်းခြင်း၊ လဲလှယ်ခြင်းများကို ခွင့်မပြုပါ။
- စည်းမျဉ်းသတ်မှတ်ချက်များကို မြန်မာနိုင်ငံရဲ့ ဉပဒေများအတိုင်း ပြဌာန်းထားခြင်းဖြစ်ပြီး အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက တရားရုံးများတွင် တရားစီရင်ခွင့် ခံယူနိုင်ပါတယ်။