Grab ရဲ့ ရည်မှန်းချက်မှာ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် Grab ဝန်ထမ်းများနဲ့ မိတ်ဖက်ယာဉ်မောင်းများ၊ ပို့ဆောင်သူများအားလုံး ကာကွယ်ဆေးထိုးနှံပြီးစီးရန်ဖြစ်ပါတယ်။
မိတ်ဖက်ပို့ဆောင်သူများနဲ့ Grab ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း၊ ကုန်ကျစရိတ်များ ပံ့ပိုးပေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးခြင်းများကို လုပ်ဆောင်ပေးနေပါတယ်။ မအားလပ်တဲ့ကြားက ကာကွယ်ဆေးသွားထိုးကြတဲ့ မိတ်ဖက်ယာဉ်မောင်းများကိုလည်း Grab က ငွေသားထောက်ပံ့မှုများ ပေးနေပါတယ်။